Unicode
🛎 Coming Soon ~ Kim Treasure's Heir 🛎
Kim Treasure နဲ့သက်ဆိုင်တဲ့ ဌာနအသီးသီးမှာပေါ်တက်လာတဲ့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကြောင့် Kim Treasure နဲ့ပက်သက်တဲ့အသိုင်းအဝိုင်းတွေက လှုပ်လှုပ်ခက်ခက်ဖြစ်လာသည်..
သူတို့ထင်ထားတာက မိန်းမကြီး Rachel အကြောင်းပြထားသလို မီးထဲပါပြီးသေသွားခဲ့ပြီပေါ့..အဟက် Kim တစ်ယောက်လူတွေရဲ့အတွေးပေါင်းစုံနဲ့အမေးပေါင်းစုံကို ကြည့်ပြီး ရီလိုက်မိသည်. .ထို့နောက် လာနေတဲ့ဖုန်းကိုကိုင်လိုက်ကာ..
" မိန်းမကြီး Rachel ရဲ့ ပြစ်မှုတွေအတွက်သက်သေစုဆောင်းထားတာတွေသေချာသိမ်းထား.. ပြီးတော့ အခုသူ့ရဲ့လုပ်ငန်းတွေနဲ့ပက်သက်ပြီး အတွင်းကျကျလေးစုံစမ်းထားပေး .မင်းကိုဘဲ အားကိုးလိုက်မယ်နော် Thomas! "
Thomas ဆိုတာက အမေ့ရှေ့နေ Mr. Jackson ရဲ့သားဖြစ်သည်. သူ့နည်းတူ မိန်းမကြီး Rachel ကိုလက်စားချေချင်ခဲ့သူ.. Mr. Jackson လုပ်ကြံခံရမှုအတွက်ပေါ့. ..
" မြို့ပြင်က စိတ်ကျန်းမားရေးဆေးရုံကမြေကွက်ကို ဘယ်လိုလုပ်လိုက်ရမလဲ? "
" အဲ့ဒါကိုတော့ ငါ့ကဘဲ တနေ့လောက်အရောက်လာပြီး မီးလာရှို့ပါ့မယ်! ! "
Thomas က ကိုယ်တွေထက်အနည်းငယ် အသက်ငယ်ပေမဲ့ အားကိုးရပါသည်.. ထို့နောက် ဖုန်းချပြီးတာနဲ့ မီးခြစ်ဆံတစ်ခုကို မီးညှိယူလိုက်ပြီး ဖယောင်းခဲခွက်ကလေးရဲ့မီးစနားကို မီးညှိလိုက်တော့သည်..
ခက်ခက်ခဲခဲနိုးထလာတဲ့ ညနက်ကြီးမှာ ဆေးရုံကားသံတွေကြားထဲ ပိတ်မိနေတဲ့ ခံစားချက်ကို ဘယ်သူကသိမလဲ..
အဲ့ဒီတုန်းက မေ့ဆေးအုပ်ခံရပြီး မေ့မျောသွားခဲ့တာ.. နိုးလာတော့ ဆေးရုံကားထဲမှာ..
" နိုးလာပြီးလား! ! ကြည့်စမ်းပါအုံး ရှေ့လျှောက်အရူးတွေနဲ့အတူနေရတေ့ာမှာ ပျော်ရဲ့လား ဟားဟား! !"
ကားအရှေ့ခန်းကနေလှမ်းပြောသူက မိထွေးမိန်းမကြီး Rachel ပင်
" အရူးမကြီး! ! ပြန်လွှတ်ပေး! ! ပြန်လွှတ်ပေးလို့ "
တစ်ကိုယ်လုံးကြိုးတွေဖြင့်တုတ်ထားတာကို ရှုန်းကန်ရင်းပြောတော့ နတ်ဆိုးသဖွယ်တဟားဟားအော်ရီသည်.. ရှုန်းကန်ရင်းရှုန်းကန်ရင်းဖြင့် အသားတွေပါပွန်းပဲ့လာသည် အလိုလိုနေရင်းစိတ်ခြောက်ခြားလာသည် ဒီမိန်းမကြီးကဘယ်လိုတွေနှိပ်စက်တော့မှာလဲ အရူးဆေးရုံမှာ တစ်သက်လုံးပိတ်မိနေတော့မှာလား.. သူ့ဘဝကဒီမှာအဆုံးသတ်ပြီးလား.. အရူးတွေနဲ့နေရင်း အရူးဖြစ်သွားရတော့မှာလား..

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomanceJeon Jungkook & Kim Taehyung & Park Jimin