( 13)

683 56 8
                                        

Unicode

ကျစ် ~ ကျစ်

ခေါင်းတွေထိုးကိုက်နေကာ တစ်ကိုယ်လုံးကိုင်ရိုက်ထားသည့်နှယ် နှုံးချိစွာနိုးလာခဲ့တဲ့ Taehyung

" ကျစ်! ! သေတော့မလိုဘဲ "

အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်ရင်း ငြီးတွားမိသည်.ထို့နောက်ဘေးဘီ ဝယ်ကြည့်တော့ စိမ်းသက်နေသောအိပ်ခန်းနဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှမမြင်..ဖုန်းကိုဖွင့်ကြည့်လိုက်တော့
မနက် 11 နာရီပင် ခွဲနေပြီဖြစ်သည်..

ဟမ်.. ခန ဖုန်းမှန်ကနေ ပြန်မြင်ရတဲ့ ဖူးရောင်နေတဲ့ကိုယ့်နှုတ်ခမ်းကိုကိုယ်ပြန်ကြည့်ပြီးတော့ ဘာ​ဖြစ်တာလဲပေါ့ ..သေချာပြန်စဥ်းစားကြည့်မှ တရိပ်ရိပ်ပြန်ပေါ်လာတဲ့ ပုံရိပ်တွေ..

မနေ့ညက ဟိုဗိုလ်ကြီးနဲ့ ကားထဲ သည်းကြီးမဲကြီးနမ်းခဲ့သည်ဘဲ.. ပြောခဲ့တဲ့စကားတွေကလည်း အမလေး တွေးတောင်မတွေးရဲဘူး..

" ကျစ်! ! Kim Taehyung မင်းဒီတခါ တကယ်သေမှရတော့မယ် ဟာကွာ! ! "

ဆံပင်တွေဆွဲဖွပြီး ကုတင်ပေါ်ကနေဆင်းလာခဲ့လိုက်တော့ နံရံကပ်ဘီဒိုလေးပေါ်က ကြိုဆိုနေတဲ့ ဓာတ်ပုံလေးတွေ..

" ဟက်! ! လူပျိုပေါက်တုန်းက ဘယ်ဆိုးလို့လဲ! ! ချောသားဘဲ "

လူပျိုပေါက်တုန်းက စက်ဘီးစီးနေတဲ့ ဓာတ်ပုံလေးဖြစ်သည်. ထို့နောက်အထက်တန်းကျောင်းသားဘဝကပုံတွေ ဘွဲ့ယူတုန်းကပုံတွေ စစ်သင်တန်းအောင်တုန်းကပုံတွေ ဗိုလ်ကြီးဝတ်စုံနဲ့ပုံတွေ ​သူတို့ညီအစ်ကိုသုံးယောက် Uniform ကိုယ်စီနဲ့ရိုက်ထားတဲ့ပုံတွေ အဲ့ဒါက သူရယ် Shin Noh ရယ် David ရယ်ရဲ့ပုံ..ထို့နောက် တဖြည်းဖြည်း ကြည့်ရင်း ကလေးဓာတ်ပုံလေးဆီမျက်စိအရောက် မျက်စိကိုဖျက်ခနဲပိတ်ချလိုက်ကာ ထိုကလေးဓာတ်ပုံကိုပါ မှောက်ချလိုက်မိသည်..

" ခင်ဗျားက သူမဟုတ်ပါနဲ့လား ! ! ငါသူနဲ့ထပ်မဆုံချင်တော့ဘူး ခင်ဗျားသိရဲ့လား! ! "

Taehyung ထိုဓာတ်ပုံဘီရိုလေးကိုကျောပေးကာ တစ်ယောက်ထဲပြောလိုက်သည်..

တစွန်းတစမြင်လိုက်ရတဲ့ ကလေးပုံလေးက ခင်ဗျားကသူတဲ့..ရှာမတွေ့ပါနဲ့လား ငါကတောင်မရှာဖွေဘဲထားပစ်ခဲ့တာလေ ..သူကငါ့ရဲ့အတိတ်.. ခင်ဗျားက ငါ့ရဲ့ပစ္စုပန် ..အမှန်တော့ငါကသာလက်မခံတာ ငါကလေ မိထွေးရဲ့သား ငါ့ကိုအထပ်ထပ်သစ္စာဖောက်ခဲ့တဲ့ သူကိုမှစောက်ရမ်းတွေချစ်မိခဲ့တာ ..ခင်ဗျားကသူဆိုရင်တော့ ခဏဘဲနေပါ့မယ်

" Gold & Pink & Kim " [ Completed ] Where stories live. Discover now