Unicode
" Kim လေးက လူလည်လေးဘဲ ~ဒါလည်းမင်းက ချစ်ဖို့ကောင်းနေတာဘဲ "
" yar! ! Park Jimin shi.. ငါ့ကို လမ်းခွဲကနေသွားတာတောင် မင်းကိုမနိုင်ဘူးလို့ ပြောစမ်းပါ "
Kim က ကိုယ့်စီကို ပီတီတီကြည့်ကာ နှာခေါင်းလေးရှုတ်ကာပြောလာသည်
" Ji မင်းဘာလိုချင်လဲပြော! ! မင်းနိုင်ထားတဲ့ကိစ္စ "
" မင်းကို လိုချင်တာ ငါ့အသည်းလေးရဲ့ "
Ji က ခပ်တည်တည်နဲ့ ပြောလာတော့ မျက်မောင်းကြုတ်ကာ ဖြင့် မယုံသလို ပြန်ကြည့်တော့Ji ကစိတ်မရှည်ဟန် အနားရောက်လာကာ ခါးကိုဆွဲဖက်ရင်း
" မင်းနဲ့ ငါ နဲ့ တွဲရအောင်! ! ပြောတာ "
" ဘာလို့! ! အကြောင်းပြချက်က ' 좋아요' ( သဘောကျတယ်) အဲ့လိုလား "
" Omm.. ငါက ငါ့ ပန်းနုရောင်လေးကို ဘယ်လောက်သဘောကျလိုက်သလဲ. မြင်တဲ့သူတိုင်းသိတယ်ရယ် မင်းလည်းသိတယ်မဟုတ်လား "
ပြောလိုက်တော့လည်း Kim က ပြုံးစစနဲ့ ကျနော့်ရင်ဘက်တွေဆီ လက်သီးလေးတွေနဲ့ ခပ်စစ တွန်းထိုးကာ
" ' 좋아요 ' အင်း! ! ငါလည်း Ji ကို အများကြီးသဘောကျတာဘဲ. မင်းနဲ့ ဆုံတွေ့ရတဲ့ အမှတ်တရကိုလည်းသဘောကျတယ်.. ပြီးတော့ မင်းနဲ့ အတူ ဖြတ်သန်းရတဲ့ လမ်းတလျှောက်လုံးကိုလည်း သဘောကျတယ် "
" Ok.. ဒီနေ့က စပြီး မင်းနဲ့ငါနဲ့ သူငယ်ချင်းမဟုတ်တော့ဘူးနော် Kim "
Kim က မျက်စောင်းမဆိုသော အကြည့်ကလေးနဲ့ ပြန်ကြည့်လာကာ ရီနေတော့သည်
" ဒီည အိမ်ပြန်ကြမလား Ji "
" ငါ့ပန်းနုရောင်လေး သဘော.. ဒါပေမဲ့ ငါ့နောက်က လိုက်စီး မင်းကို ငါဖူးဖူးမှုတ်ထားတော့မှာ "
Ji က ကျနော့်အပေါ် ဖူးဖူးမမှုတ်တာ ဘယ်အချိန်ရှိလို့လဲ. အဲ့တာကြောင့်လည်း Ji က မျက်မြင်သက်သေ တွေများတယ်ဆိုပြီး ပြောအားရှိတာပင်
ဆိုင်ကယ်တစ်စီးကို ဝန်ထမ်းတစ်ယောက်ကို လာယူခိုင်းပြီး Ji နဲ့အတူ ဝယ်ထားတဲ့ Apartment house ဆီ လာခဲ့လိုက်သည်
အိမ်ရာ ကိုဝင်လာတော့ သီးသန့်ဆန်ဆန် ခြံဝန်းထဲက အိမ်လေးက အစီအစဥ်တကျ သပ်ရပ်လို့ပင်

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomantikJeon Jungkook & Kim Taehyung & Park Jimin