( 21)

560 33 2
                                    

Unicode

Taehyung ချမ်းစိမ့်စိမ့်ဖြစ်ကာ နေလို့ထိုင်လို့မကောင်းစွာနဲ့ခက်ခက်ခဲခဲအသက်ရှူနေရသည်..ရင်ဘတ်တစ်ခုလုံးကလေးလံနေပြီး အတွင်းထဲမှာ ဒဏ်ရာကြီးကြီးမားမားရထားသလို တစိမ့်စိမ့်နာကျင်နေလေသည် ။နှလုံးသားထဲက တန်ဖိုးထားရတဲ့အရာတစ်ခုပျောက်ဆုံးနေသလို တစ်စုံတစ်ရာကိုအသည်းအသန်ရှာနေသလို ဟာတာတာဖြစ်နေပေမဲ့ အဖြေကမထွက်.. ရုတ်တရက် ဘယ်ဘက်ရင်ဘတ်ကိုခပ်နာနာထုရင်း တကြော်ကြော်အော်နေမိသည်.. "  ဘယ်မှာလဲ?  " ဆိုတဲ့စကား ယောင်ဝါးဝါးနဲ့လူသူမရှိတဲ့အရပ်မှာလျှောက်သွားနေတုန်းမှာပင် အပြုံးနုနုနဲ့မျက်နှာတစ်ခုပေါ်လာလေသည်.. " မင်းရှာနေတာ ကိုယ့်ကိုပါ " ဆိုပြီးပြောသည်.. ပြီးတော့တဖြည်းဖြည်းပျောက်ကွယ်သွားသည်.. ထိုစဉ်နှလုံးသားတစ်ခုလုံးရဲ့ဆွဲငင်အားကြောင့် သိသာစွာပင် စကားပြန်သည်.. " မင်းဆီကပျောက်ဆုံးသွားတာ သူပါ " တဲ့.. ထိုအခိုက်မှာပင် သူ့နှလုံးသား, ဦးနှောက်, စိတ်ဝိဉာဉ်တို့ပြန်ပေါင်းဆုံကာ နှုတ်မှ ရင်ကွဲလုမတက်ထွက်ကျလာသည်က..

" Jung !! "

လည်ချောင်းထဲကဆန်တက်လာသည့် အမည်နာမတစ်ခုနှင့်အတူ သူနိုးထလာခဲ့လေသည်..
ရင်ဘတ်တစ်ခုလုံး အောင့်သက်မှုတွေအပြည့်ပင်ဖြစ်သည်.. မောဟိုက်နေရင်းနဲ့မှကုန်းရုန်းထပြီး
ကားသော့ပြေးယူပြီးအခန်းအပြင်ထွက်သည်
ထိုအခါ အိမ်ရှေ့စားပွဲမှာမနက်စာပြင်ဆင်နေတဲ့ Thomas နဲ့ ဖုန်းတစ်လုံးနဲ့ယောက်ယှက်ခက်နေသော Ji ကိုတွေ့ရလေသည်..

" အစ်ကို Kim! ! ဘယ်သွားမလို့လဲ "

Thomas ကသူ့ကိုအရင်တွေ့ပြီးမေးလာလေသည်.. ထိုအခါ Ji ကလည်းထိုသို့သောမျက်လုံးနဲ့ကြည့်ကာမေးလာလေသည်..

" ဘာလို့အိမ်ပြန်ရောက်နေရတာလဲ?  သူကောတွေ့ပြီးမဟုတ်လား "

" သူ့အိမ်မှာလား "

ထိုအခါ သူကော Thomas ကော မျက်လုံးချင်းဆုံသွားလေသည်.. မျှော်လင့်ချက်အပြည့်နဲ့မျက်လုံးအရောင်တွေကို သူတို့ဘယ်လိုစကားမျိုးနဲ့ဖြေသိမ့်ရမည်နည်း

" အဲ့ဒါက Kim ရဲ့ ကယ်ဆယ်ရေးတွေသေချာလေးရှာပေးနေပါတယ်..အခုမနက်အလင်းရောင်လည်းရှိတော့ပိုပြီးစေ့စပ်တာပေါ့.. သိပ်မကြာခင်ပြန်တွေ့မှာပါ "

" Gold & Pink & Kim " [ Completed ] Where stories live. Discover now