Unicode
" D[[P Bar? ? "
Jungkook လက်ထဲက လိပ်စာကပ်ကို တစ်ချက်ကြည့်ပြီးမှ ခပ်ဆပ်ဆပ် ပစ်ချလိုက်ကာ ဘေးက ပါလာတဲ့ David ကို ကြည့်ရင်း မျက်စပစ်ကာ နှစ်ယောက်အတူ Bar ထဲသို့ ဝင်ဟန်ပြင်တော့..
" member မဟုတ်ရင် ဝင်လို့မရပါဘူး "
အရှေ့ကအစောင့်ဝန်ထမ်းက ပိတ်ရပ်ကာ တားသည်
" ရော့... Bonus လို့သဘောထားလိုက်ပေါ့! ! "
David က ဝန်ထမ်းကောင်လေးရဲ့ ရင်အုပ်ပေါ်သို့ ဒေါ်လာအတန်ကြီးတစ်ရွက်ကို လက်ဖဝါးနဲ့အုပ်တင်ကာ တိုးတိုးတိတ်တိတ်လည်းပြောလိုက်ပါသေးသည်..
" ကျနော့်ကို လာဘ်ထိုးနေတာလား "
ဝန်ထမ်းကောင်လေးက စိုးရိမ်တကြီးမေးလာတော့
" ha ha! ! လာဘ်ထိုးတာတဲ့လား!! နားလည်မှုမလွဲပါနဲ့! ! Bonus ပါ နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့ ဟုတ်တယ်မှတ်လား "
David က ဟန်ဆောင်ပန်ဆောင် လက်ခုတ်နှစ်ချက်တီးကာ ခပ်သောသောရယ်ရင်း နားဝင်ချိုအောင်ပြောပြီး အပေးအယူလုပ်သေးသည်..
" ဒီမှာ ဘယ်သူမှမရှိဘူးမို့.. လက်ခံလို့ရတယ်! ! စိတ်လျော့ထား ! !No Problem !! Ok Ok "
ဝန်ထမ်းကောင်လေးရဲ့ အင်ကျီအိတ်ကပ်ထဲ ပိုက်ဆံကို အတင်းထိုးထည့်ပေးပြီး ရင်ဘတ်ရှေ့က လက်ကို ခပ်နှိမ့်နှိမ့်လုပ်ပြကာ " စိတ်လျော့ " ဆိုတဲ့စကားကို ပုံဖော်ကာ ပြောရင်း လမ်းနောက်ပြန်လျှောက်ရင်း တတွတ်တွတ်ပြောသွားသေးသည်..
Jungkook လည်း ကလိမ်ကကျစ် David နောက်ကနေသာ အေးဆေးလိုက်ဝင်လာလိုက်သည်
ဒီကောင် David က ဒါမျိုးနေရာတွေမှာဆို အသုံးဝင်သည်မဟုတ်လား
" ငါ့ရဲ့ အတန်ကြီးလေးတော့ ပါသွားပြီ.. ဒီကြားထဲ ငတ်နေရင် ကျွေးမွေးထားပေးစမ်းပါ! ! "
David က ရင်းလိုက်ရတဲ့ သူပိုက်ဆံကို နှမြောတသ ဖြစ်ပျက်နေခြင်း
" ဒီအမှုလည်းပြီး မင်းလည်းခွေးဖြစ်ခံလိုက်တော့ ငါ့ကောင် !! "
David ရင်ဘက်ကို ခပ်နာနာပုတ်ရင်း ပြောပြီး အရှေ့ကအရင်လျှောက်လာခဲ့လိုက်တော့ အနောက်က David ရဲ့ " ငါ့ရဲ့ကားလေးကို သတိရလိုက်တာ " ဆိူတဲ့ ငိုသံကြီးက ကပ်ပါလာသေးသည်..

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomanceJeon Jungkook & Kim Taehyung & Park Jimin