Unicode
Taehyung ရိုက်ကူးရေးကပြန်လာတော့ Dorm မှာ ရေချိုးသန့်စင်ကာ အနားယူမိသည် .အရင်ရက်ပိုင်းတွေက Comeback အနေနဲ့ ပြန်လာတာမို့ Alubm အသစ်တွေနဲ့ အလုပ်ရှုပ်နေရတာဖြစ်သည်.နေ့ခင်းဘက်တွေမှာ Dance Pratice တွေလုပ်ရပြီး ညဘက်တွေဆို Studio သွင်းရပြန်သည်. မနက် 5:00 လောက်မှာပြီးလျှင် 1 နာရီလောက်သာအိပ်ရပြီး မနက် 6:00 မှာ ပြန်စရသည်.
"ဒါဘယ်သူ့ဟာတုန်း!... ရက်ကြာနေပြီလိုဘဲ "
မီးဖိုချောင်ဘက်ထွက်လာတော့ Leader hyung Yung Joon က ရေခဲသေတ္တာထဲက အချိုရည်တစ်ဘူးကို မြှောက်ပြကာ မေးလာသည်
သေချာတာက အားဖြည့်အချိုရည်ဘူးလေးဖြစ်သည် .ဒါက ဟိုနေ့က တပ်ကနေပြန်ခါနီးလေး ဟိုဗိုလ်ကြီးအတင်းလက်ထဲထိုးထည့်ပေးသွားသော အချိုရည်ဘူးဖြစ်သည်.
" ကိုယ့်ဆီလာတာမဟုတ်ပေမဲ့ ခင်ဗျားလေးကိုယ်ရှိတဲ့နေရာကိုတည့်တည့်မတ်မတ်ရောက်လာတာ... ..."
" မဟုတ်မှ... ကိုယ်တို့က ရေစက်များလား? . သေချာပေါက်တွေ့ကိုတွေ့ရမယ်ဆိုတာမျိုးလေ "
" တော်တော်ဆိုးတဲ့ရေစက်ဘဲ.. အဟွန့်! "
ထိုသို့ခပ်ချဥ်ချဥ်အပြောကို ခပ်ပြုံးပြုံးရီကာတုန့်ပြန်သော ထိုဗိုလ်ကြီးက အရူးဘဲ .ထို့နောက် ကိုယ့်ဆံပင်တွေဆီကို လက်လှမ်းလာတာမို့ မျက်မောင်းကြုတ်ကာ ရှောင်ဖယ်လုပ်တော့
" အာ...ခဏလေး! ! အမှိုက်တင်နေတာဘဲ "
ဆံပင်တွေမှာ ကပ်နေတဲ့ သစ်ရွက်အစလေးဖြစ်သည်.
" တွေ့ကရာမှာ အိပ်တော့လဲ.. အမှိုက်ကပ်ပြီးပေါ့ "
" ခင်ဗျားအပူမပါဘူး! ! ဟုတ်တယ်မှတ်လား "
Taehyung ထိုနေ့ကအကြောင်းတွေကို ခေါင်းထဲပြန်ရောက်လာသည်. တွေ့ကရာအိပ်တာမဟုတ်ပေမဲ့ အဲ့ဒီတလောက အိပ်ရေးတွေပျက် ပင်ပန်းတာမို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေအေးအေးနဲ့ထိုနေရာမှာ မှေးခနဲ အိပ်ပျော်သွားမိခြင်းဖြစ်သည်. ဒါကို လူကိုလှောင်လို့မပြီးတော့သောသူက ရှိသေးသည်. အားဖြည့်အချိုရည်ဘူးကလည်း ဘယ်ကနေဘယ်လိုပါလာမှန်းမသိပေ.အတွေးတွေကို လက်စသတ်ပြီး အရှေ့ကအားဖြည့်အချိုရည်ကိုသောက်တော့မည့် Leader hyung လက်ထဲက အချိုရည်ဘူးကိုဆွဲလုလိုက်ပြီး

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomanceJeon Jungkook & Kim Taehyung & Park Jimin