Part 1

10.2K 642 31
                                    

Unicode~

J King လုပ်ငန်းစု

​တောင်ကိုးရီယားရဲ့ စီးပွား​ရေး​လောကမှာ​တော့ J Kingက နာမည်နဲ့လိုက်​အောင် ဘုရင်လုပ်ငန်းစုတစ်ခု။

​ဆောက်လုပ်​ရေး၊ စားသောက်ကုန်၊ ​ဘောလုံးကလပ်ကအစ Entertainment အထိ J Kingကပဲ ဦး​ဆောင်​နေတာ။
အထူးသဖြင့် J King ဥက္ကဌကြီးရဲ့ တစ်ဦးတည်း​သောသား Jeon JungKook CEOအဖြစ်တာ၀န်ယူထားတဲ့ J King Entertaiment.

၂၆နှစ်အရွယ် Jeon JungKookက သရုပ်​ဆောင်ဘ၀မှာတင် ဒိပ်ဒိပ်ကြဲရုံမကဘူး CEOအ​နေနဲ့လည်း အ​ကောင်းဆုံးဦး​ဆောင်နိုင်တဲ့လူ။
​သေသပ်တဲ့​မေးရိုး၊ စူးရှလွန်းတဲ့ မျက်ဆံနက်နက်၊ နှာတံခပ်ကြီးကြီးနဲ့ နက်​မှောင်လွန်းတဲ့ မရှည်မတိုဆံသား​ကောက်​ကောက်​တွေက ဒီလူ့ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်​အောင် ပံ့ပိုးလျက်။

J King ရုံးချုပ်ကို ​ခြေလှမ်းလာတဲ့ သူ့​ခြေလှမ်း​တွေ။
Prada Chelsea bootsကိုစီးလာတဲ့ သူ့​ခြေသံ​တွေမှာ သူ့အရှိန်အဝါ​တွေက တရိပ်ရိပ်ထင်ဟပ်​နေသည်။
သူ၀င်လာတာနဲ့ ၀န်ထမ်းအားလုံးက သူ့ကို အသံတိတ်အကဲခတ်​နေကြသည်။
ဥက္ကဌကြီးရဲ့သားက ရုံးချုပ်ကို လာဖို့ဆိုတာ သိပ်ရှားလွန်းတာ။
အ​ရေးကြီးကိစ္စမရှိရင် Entertainmentက​နေ ဒီကို​ခြေဦး​တောင်လှည့်မှာမဟုတ်​။

Chairman(ဥက္ကဌ) ဆိုတဲ့​ရွှေဆိုင်း စာတန်းထိုးထားလျက်ရှိ​​သော အခန်းထဲကို ခပ်တည်တည် ခက်ထန်​သော မျက်နှာ​ပေးနဲ့ ဦးတည်သွားသည့် သူဆိုတဲ့
Jeon JungKook..

"အ​ရေးကြီးလို့လား ဥက္ကဌ"
သူ့ဘ၀မှာ အ​ဖေကို အ​ဖေလို့မ​ခေါ်တာ ဆယ်စုနှစ်တစ်ခုစာပင်။
အရာရာကို တာ၀န်အရဆိုတဲ့ စကား​အောက်မှာ တာ၀န်​ကျေပြခဲ့တဲ့အ​ဖေ့ကို အ​မေရှိခဲ့တဲ့ကာလပတ်လုံး တာ၀န်​ကျေအ​ဖေလို့ ​ခေါ်ပြခဲ့ရုံပင်။

"​ရော့"
မှန်ကြည်​ရောင် စားပွဲ​ပေါ် ချ​ပြလာတဲ့ ဖိုင်တွဲ တစ်ခု..။

မျက်ခုံးတစ်ချက်ပင့်ပြီး ဖိုင်ကို ယူကြည့်လိုက်သည်။

"African Wildlife Conversation Program (AWCP)"
"အာဖရိက ​တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း​စောင့်​ရှောက်​ရေး အစီအစဥ်"

WILDEST DREAMSWhere stories live. Discover now