Unicode~
Botswanaကို ရောက်တော့ မနက်ဝေလီဝေလင်း။
ဒီအချိန်မှာတောင် Botswanaရာသီဥတုက မချမ်းနေပါ။ ၀တ်လာတဲ့ long coatကိုပါ သိမ်းထားလိုက်ရသည်။
လေဆိပ်ရှေ့မှာ စီစဥ်ထားတဲ့ကားတွေက အသင့်စောင့်နေသည်။
Jeonကကျွန်တော့်နှစ်ယောက်အတွက် Land-rover တစ်စီး ယူထားပေးသည်။
Jeonလုပ်ပုံနဲ့ ကိုးရီးယားမှာလိုဆို သတင်းတွေ ပလူပျံနေလောက်သည်။ ဒီမှာက ရုပ်ရှင်အဖွဲ့သားတွေပဲမို့ တော်တော့သည်။Land-roverလေး အပါအ၀င် စုစုပေါင်းကား ၆စီး ကနေရာတစ်နေရာသို့ဦးတည်နေသည်။
Botswanaနိုင်ငံက အာဖရိကရဲ့ ထိပ်သီးနိုင်ငံမဟုတ်သလို လူဦးရေလည်းမများ။
နာမည်ကြီး အာဖရိကစိန်တွေ အမြောက်အမြားထွက်ရှိသော ဒေသဖြစ်သဖြင့် ချမ်းသာသော နိုင်ငံဖြစ်သည်။
လူဦးရေးမများဘဲ ခြောက်ကပ်သည်ဟုထင်ပေမယ့် ဒါက Botswanaရဲ့ ဆွဲဆောင်မှုတစ်ခု။
Botswanaကို အလည်အပတ်လာကြတဲ့အကြောင်းက Botswanaရဲ့ Luxury safariကြောင့်။Botswanaရဲ့ သဘာ၀ကကို တောတွင်းဆန်နေသည်။
တစ်ခါတလေ တောရိုင်းတိရိစ္ဆာန်များကိုပါ တွေ့ရတတ်သည်။
Safariဆိုတာကတော့ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာချင်သူများအတွက် ဖန်တီးထားပေးသော နေရာဖြစ်သည်။
ဒီနေရာက မြို့တစ်မြို့စာလောက်ရှိပြီး ခြင်္သေ့၊ ကျားသစ် စသော အသားစာတိရစ္ဆာန်မှအစ သမင်၊ မြင်းကျား၊ ရေမြင်း၊ ဆင် စသော တိရစ္ဆာန်များအထိ အကုန်လုံးကို နေရာသီးခြားစီဘေးမဲလွှတ်ထားသည်။
တမင် ဖမ်းပြီး ထည့်ထားပေမယ့် လွတ်လွတ်လပ်လပ်ထားထားခြင်းမို့ တကယ့်တောတွင်းလိုဖြစ်နေသည်။ထို့အပြင် တခြားSafariများနှင့် မတူသည့်အချက်က Safariထဲတွင် Campingလုပ်လို့ရခြင်းပင်။
ခဏတဖြုတ် instant tentလေးတွေထိုးပြီး campingလုပ်ခြင်းမဟုတ်။
ဘန်ဂလိုတစ်ယောက်နေအိမ်လေးတွေ ထည့်ပေးထားသည်။
အာဖရိကတောတွင်းဇာတ်ကားများရိုက်တော့မယ်ဆို ဒီမှာ လာရိုက်လေ့ရှိသည်။
Discoveryများလည်း ဒီမှာပဲရိုက်ကြသည်။
YOU ARE READING
WILDEST DREAMS
RomanceSay you'll remember me.. JJK x KTH Kookv Playlists Catalouge 1