Part 22

3.8K 345 67
                                    

Unicode~

သတို့သမီးအလှပြင်ခန်းထဲမှာ ပူ​ဆွေးစွာ ထိုင်​နေ​သော အမျိုးသမီးတစ်​ယောက်။
ခမ်းနားလှပလွန်း​သော အဖြူ​ရောင်ဂါ၀န်ရှည်ကြီးကို ၀တ်ထား​ပေမယ့် ညစ်​ထေး​နေ​​သော သူ့ရဲ့စိတ်ကို​တော့ ဖုံးဖိမထားနိုင်။
မိမိမှာ မျက်နှာ ဆံပင် အ၀တ်အစားကအစ ဖီးသင်းလိမ်းခြယ်ပြီး​သော်လည်း မိမိကို တစ်ချက်လာမကြည့်​သေး​သော သတို့သားဖြစ်သူကို ​မျှော်​နေမိသည်။
စိမ်းကား​လေသူ သတို့သား​ကြောင့် ဂါ၀န်စကို တင်းကြပ်စွာ ဆုပ်ကိုင်ထား​ပြီး ​ချွေးသီး​ချွေး​ပေါက်​တွေပါ ကျလာသည်။

"သတို့သမီး.. အရမ်းပူ​နေလို့လား။ ​လေ​အေး​ပေးစက် ဖွင့်​ပေးရမလား"
အလှပြင်ဆရာမက ​​ချွေး​ပေါက်များကို သုတ်​ပေးရင်း ​မေးသည်။

Seo Anna တစ်​ယောက် ​ခေါင်းတဆက်ဆက်ခါလိုက်ပြီး
"ရပါတယ် အစ်မ။ စိတ်.. စိတ် လှုပ်ရှား​နေလို့ပါ"

"ဪ.. ဖြစ်တတ်ပါတယ် စိတ်ငြိမ်ငြိမ်ထား​နော်။ သတို့သမီးက ​ချွေး​တွေတအားကျ​နေ​တော့ မိတ်ကပ်​တွေကွက်ကုန်လိမ့်မယ်"
တစ်ရှူးထုတ်​တွေ တစ်ထုတ်ပြီးတစ်ထုတ်ကုန်​ပေမယ့် တုန်ရီ​နေ​သော နှုတ်ခမ်းပါးထက် နဖူးက​နေ ကျဆင်းလာ​သော ​ချွေးသီးများ။

"သတို့သမီးကြည့်ရတာ စိတ်ငြိမ်​ဆေးဖြစ်ဖြစ်​သောက်မှထင်တယ်။ ​ချွေး​တွေမကွက်မှ သတို့သားကို လှလှ​လေး ​တွေ့ရမှာ​ပေါ့"
ထိုအစ်မက ပြုံးရင်း​ပြော​နေ​တာကို စိတ်မပါလက်မပါ အပြုံးနဲ့သာ တုံ့ပြန်လိုက်ရ​သော်လည်း သတို့သားဆိုတဲ့ အသံကြားတည်းက ရင်ဘတ်ကနာ​နေပြီ။

မဟုတ်မှလွဲ​ရော Jeon က ကျွန်မကို မင်္ဂလာပွဲမှာထားပစ်ခဲ့မှာ မဟုတ်ပါဘူး​နော်။
အဲ့လို​တော့ မလုပ်ပါနဲ့ Jeonရယ်။ ကျွန်မက မိန်းမသားပါ။ ကျွန်မရဲ့ အရှက်နဲ့ သိက္ခါကို​တော့ ငဲ့ကွက်မယ်မလား Jeon.
Jeon သာမလာရင် ကျွန်မ မနက်ဖြန်​တွေကို ဘယ်လိုအရှက်နဲ့ ရင်ဆိုင်ရ​တော့မလဲ။

ကျွန်မ Jeonကို ချစ်မိလို့ ပိုင်ဆိုင်ချင်ခဲ့တာကလွဲရင် ဘာများမှားလို့လဲ Jeon.
နဂိုတည်းက Jeonဟာ ကျွန်မရဲ့ သက်ဆိုင်သူမလား။
ဘာလို့ ​နောက်မှ​ရောက်လာသူက Jeonရဲ့ မြတ်နိုးခြင်း၊ တွယ်တာခြင်း​တွေကို ပိုင်ဆိုင်​နေရတာလဲ။
Jeon ကို နှစ်​တွေ အကြာကြီး ​စောင့်ခဲ့တဲ့ ကျွန်မကို Jeon မမြင်ခဲ့ဘူးလား။
Jeonဟာ အချိန်တန်ရင် ကျွန်မကို လက်ထပ်မယ်ဆိုတာကို ယုံကြည်ပြီး Jeonစိတ်ရှုပ်မှာစိုးလို့ Jeonနဲ့ ခပ်ကင်းကင်း​နေခဲ့မိတာ ကျွန်မသိပ်မှားသွားလား။
ဒီနှစ်​တွေအတွင်း Jeonကိုသာ တွယ်ကပ်ခဲ့ရင် Jeonရဲ့ အကြင်နာမျက်၀န်း​တွေက ကျွန်မအတွက် ဖြစ်​နေမလား။

WILDEST DREAMSWhere stories live. Discover now