Part 17

3.4K 330 60
                                    

Unicode~

"ကျွန်​တော်တို့ break ခဏယူရ​အောင် JungKook ssi"

TaeHyung ရဲ့ စကားအဆုံး JungKookမျက်နှာ​ပေါ်မှာ အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်း စ​သော ခံစားချက်များ ဖြစ်​ပေါ်လျက်။

"မ.. မ​နောက်ပါနဲ့ အချစ်ရယ်"

JungKookက TaeHyungရဲ့ လက်တစ်ဖက်ကို ဆွဲဖို့လုပ်​ပေမယ့် ဖြုတ်ချခံလိုက်ရသည်။

"ကျွန်​တော် အဲ့​လောက်ထိ​တော့ ​ဝေစားမျှစားမလုပ်နိုင်ဘူး.."
မျက်ရည်လုံး၀မကျဘဲ တိကျပြတ်သားစွာ စကားဆို​နေတဲ့ TaeHyung.

"မဟုတ်ပါဘူး အချစ်ရယ်။ ကိုယ်တကယ်မသိတာပါ။
ကိုယ်​လေ ပုံ​တွေ​တွေ့​တွေ့ချင်းရှင်းပြဖို့ ညတည်းက အိမ်​ရှေ့မှာ​စောင့်​နေတာပါ"

ကျွန်​တော့်လက်ကိုဆွဲပြီး ​ပြော​နေတဲ့ Jeonအသံကိုကြားပြီး ကျွန်​တော့်ရင်​တွေ ​ပေါက်ထွက်မတတ်ပဲ။
မတတ်နိုင်ဘူး Jeon. ကျွန်​တော် တိကျတဲ့အ​ဖြေတစ်ခုလိုတယ်။ Jeonကို ​စောင့်ကြည့်ချင်​သေးတယ်။

"JungKookကို ကျွန်​တော်​နောက်ဆုံးသတိ​ပေးတာပါ။ ဒီအ​တောအတွင်း တူညီတဲ့အမှားထပ်လုပ်မိရင် ထွက်သွားတဲ့ လူက JungKook လို့ပဲ မှတ်ရလိမ့်မယ်"
မျက်ရည်​တွေ တသီးသီးကျ​​နေတဲ့ Jeon ကို မမြင်ချင်တာမို့ လှည့်မကြည့်ဘဲ ​ကျောခိုင်းထားမိသည်။

"ကိုယ်မလုပ်ပါဘူး အချစ်ရယ်။ အချစ်အထင်လွဲ​နေတာပါ။ ကိုယ်ရှင်းပြ..."

Jeonဆွဲထားတဲ့လက်ကို အားနဲ့ ခါချလိုက်ပြီး
"ကျွန်​တော်​အတတ်နိုင်ဆုံး စိတ်​လျှော့ထားတာ။
Break ယူမယ် JungKook ssi"

ကျွန်​တော့်ကို ဆွဲလှည့်ပြီး အတင်းနမ်းလိုက်တဲ့ Jeon.
​နောက်ဆုံးအနမ်း​တော့ မဖြစ်ချင်​သေးဘူး။
နောက်ဆုံးဖြစ်ခဲ့မယ်ဆိုရင်​တောင် Jeonသတိရ​နေဖို့ပဲလိုတယ်။

ကျွန်​တော် Jeon ရဲ့ အနမ်း​တွေကို ရုတ်ချည်းငြင်းပယ်မိသည်။ ဒါဟာ ဟန်​ဆောင်မှုသက်သက်လား။
Jeon ကျွန်​တော့်လက်ကို ခပ်ဖွဖွကိုင်ဖို့ လုပ်​ပေမယ့် ကျွန်​တော့်လက်ကို ရုတ်ချလိုက်သည်။
"ရုပ်ရှင် အထူးပွဲမှာ ​တွေ့တာ​ပေါ့ JungKook ssi"

WILDEST DREAMSWhere stories live. Discover now