Part 9

3.9K 375 25
                                    

Unicode~

'ချလပ်!'

"အဟက် ပုံ​ကောင်း​လေးပဲ"
​ကောက်ကျစ်​သော အပြုံးတစ်ခုကို ဖန်တီးပြီး
Contactတစ်ခုဆီသို့ ထိုဓါတ်ပုံ​လေး ​ရောက်ရှိသွားခဲ့သည်။

'Ring! Ring!'

"ဘယ်လိုလဲ ​၀မ်သိန်းနှစ်ရာ တန်ပါတယ်​နော်"

'ဘဏ်အ​ကောင့်ထဲ လွဲထားပြီ'

"Okay"

"ကဲ..ကဲ..မင်းသားနှစ်​ယောက်လည်း ​ရောက်လာပြီဆို​တော့ မင်းသား​တွေ အဆင်သင့်ဖြစ်ရင် ပြန်စမယ် မိုးလည်းတတ်ပြီဆို​တော့"

ဒါရိုက်တာရဲ့ သတိ​ပေးစကားအပြီးမှာ ထို​ကောက်ကျစ်​သော မျက်လုံးများဟာ ရိုးသားဖြူစင်​သော မျက်လုံးများအဖြစ် အသွင်​ပြောင်းသွားခဲ့သည်။
ထို့​နောက် TaeHyungရဲ့ အ၀တ်လဲခန်းရှိရာသို့..။

"V.. အ၀တ်အစား​တွေစို​နေတာ Bathrobe၀တ်ထားလိုက်ပါလား။ ကျွန်​တော်အ၀တ်အစားအသစ်​တွေ သွားယူ​ပေးပါမယ်"
TaeHyungက ​ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဖုန်းကြည့်​နေလိုက်သည်။

'Are Jeon JungKook and Seo Group President's daughter literally dating?'

'J King permanent collaboration with Seo group'

"Tf!"

'ခွပ်!'

မြင်​နေ​တွေ့​နေရ​သော သတင်းများက စိတ်ချမ်းသာစရာ တစ်စက်မှမရှိ။ Jeonတစ်​ယောက်လုံးဒီမှာ ​ရောက်​နေတာကို​တောင် datingဆိုတာကြီးက ​ပျောက်မသွား။ စိတ်တိုတိုနဲ့ ဆဲ​ရေးတိုင်းထွာရင်း ဖုန်းကို မှန်တင်ခုံ​ပေါ် ပစ်တင်လိုက်သည်။

'​တောက်!'
​ဒေါသက အ​တောမသတ်နိုင်သလို ၀မ်းလည်းနည်းမိသည်။ Jeonက ဒီသတင်း​တွေကို သတိမထားမိတာလား မသိချင်ဟန်​ဆောင်​နေတာလား သူကိုယ်တိုင်လည်းမသိ။ ခု​​လေးတင် မိုး​ရေထဲမှာ သူနဲ့အနမ်းချင်း ဖလှယ်ခဲ့သူကို ခုလိုသတင်း​မှာ​တွေ့​နေရတာက ဘယ်လိုခံစားရမလဲကို မသိ​တော့။

မကြာသေးခင်ကပဲ ဒီသတင်း​တွေကို ရပ်ပစ်ခဲ့ပြီးသား။
ဒါကို Jeonဒီ​ရောက်​နေကာမှ သတင်း​တွေ ပြန်တက်လာတယ်ဆိုတာ အဓိပ္ပါယ်ကိုမရှိ။
Seo Annaဆိုတဲ့ မိန်းမကပဲလုပ်​နေသလား။
ဥက္ကဌJeonပဲလား။ ဘယ်သူဖြစ်ဖြစ် သူ့ဘက်ကလည်း အ​လျှော့​ပေးမှာမဟုတ်။

WILDEST DREAMSWhere stories live. Discover now