Part 24

3.7K 370 25
                                    

Unicode~

အ​မေ သတိရလာပြီး​​နောက် ၁ပတ်တိတိ​ဆေးရုံမှာဆက်​နေခဲ့ရသည်။ အ​မေ့ကို စိတ်မညစ်​စေချင်တာ​ကြောင့် စိတ်မချမ်းသာစရာများကို ​နောက်မှ​​မေးမြန်​တော့မည်ဟူ၍ တစ်ပတ်လုံး အ​​မေ့ရဲ့အက်စီးဒန့်အ​ကြောင်း မ​ပြောဖြစ်ခဲ့။

ဆရာ၀န်ကြီး​တွေ ​ပြောစကားအရ အ​မေက Coma ဖြစ်​နေတာမဟုတ်ဘဲ ​ဆေး​တွေ​ကြောင့် သတိ​မေ့​နေခဲ့တာတဲ့။ Jeon HanMin ဆိုတဲ့ ပုဂ္ဂိုလ်က ကျွန်​တော်ထင်တာထက်ယုတ်မာလွန်းသည်။
အခု​ ကျွန်​တော် မင်္ဂလာပွဲပျက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး J King ရှယ်ယာ​စျေး​တွေအတန်ငယ်ထိုးကျသွားသည်ဟုသိရသည်။ ထိပ်တန်းလုပ်ငန်းစုဖြစ်တာမို့ ဒီပမာဏ​လောက်က မ​ပြောပ​လောက်​ပေမယ့် ​လောဘကြီးလွန်းသူ Jeon HanMinက​တော့ ​ဆွေ့​ဆွေ့ခုန်​နေလိမ့်မည်။ ​မေ​မေ့ကိုပါ ​ခေါ်ထုတ်နိုင်ခဲ့တာမို့ ဒင်းမှာ ထပ်ဆုံးရှုံးစရာရှိ​တော့မယ်မထင်။ အာဏာရဖို့ ​ရွေး​ကောက်ပွဲနိုင်ဖို့ကလည်း မဖြစ်နိုင်​တော့ဘူး​လေ။

ထိုသို့​သော ​တောင်စဥ်​ရေမရ အ​တွေး​တွေကို ကျွန်​တော်ဟာ စ​တော်ဘယ်ရီ​ဖျော်ရည်တစ်ခွက်ကို ​သောက်ရင်း ​တွေး​နေမိပါသည်။

"သား JungKook!"
​မေ​မေ့ရဲ့ ကြည်သာ​နေတဲ့ အသံက ကျွန်​တော့်အ​​နောက်က​နေ ထွက်​ပေါ်လာသည်။

"ဗျာ ​အ​မေ"

"သားအ​​ဖေကို မမုန်းပါနဲ့ သားရယ်"
အ​မေ့စကား​ကြောင့် ကျွန်​တော့်မျက်ခုံးများတွန့်ချိုးသွားရသည်။ ဒီလိုလူကို မမုန်းရဘူးဆို ​​လောကမှာမုန်းစရာလူဟူ၍ရှိ​တော့မှာမဟုတ်​ပေ။

"သား စိတ်နာ​နေမယ်ဆိုတာ အ​မေသိတယ်။ အ​မေ့ အက်စီးဒန့်က သူ့အပြစ်မကင်းဘူးဆို​ပေမယ့် အမုန်းတရား​တွေနဲ့ရှင်သန်တာ မ​ကောင်းပါဘူးသားရယ်။ ပြီး​တော့ သူက သားရဲ့​အဖေပါ"

သားရဲ့​အဖေတဲ့လား။ ဘယ်တုန်းကများ အ​ဖေတစ်​ယောက်က ​ပေးသင့်​ပေးထိုက်တဲ့ ​မေတ္တာတရား​တွေ​ပေးခဲ့ဖူးလို့လဲ။ ကျွန်​တော့်​ရှေ့မှာတင် သူ့ရဲ့ဇနီးဖြစ်သူကို ​ခွေးလိုဝက်လိုရိုက်နှက်ဖူးတဲ့လူကို ဘယ်လိုစိတ်နဲ့ မမုန်းဘဲ​နေနိုင်ရမှာလဲ အ​မေရယ်။

WILDEST DREAMSWhere stories live. Discover now