Part 12

3.6K 380 32
                                    

Unicode~

လေတဖြူးဖြူးတိုက်တဲ့ ညချမ်း..။
Jeonရင်ခွင်ရှိသ​ရွေ့ ကျွန်​တော်က​​တော့ ​​နွေး​ထွေး​နေဆဲ..။
Jeonနဲ့ အတူကြည့်ရတဲ့ ​ကောင်းကင်က အမြဲတမ်း ကြယ်စုံ​နေတတ်သည်။ Jeon မျက်လုံး​တွေက ထို​​ထောင်​သောင်းမက​သော ကြယ်​တွေထက် ပိုလက်​နေတတ်သည်။
လမင်းကြီးက Jeonအနားရှိရင် ပို​တောက်ပသလို။

ဒီအ​ဝေး​ပြေးလမ်းမကြီးလို ကျွန်​တော်နဲ့ Jeonရဲ့ အနာဂတ်က​ဖြောင့်ဖြူး​နေရင် ဘယ်​လောက်တောင်​ကောင်းလိုက်မလဲ။

ကားတံခါးကိုဖွင့်ပြီး လက်ထုတ်လိုက်​တော့ ​လေ​ပြည်​အေး​အေး​လေးက လက်​ချောင်း​တွေထဲ တိုး၀င်သွားတာကို ခံစားမိသည်။
မျက်လုံး​လေးပိတ်ထားပြီး ​လေ​ပြေညင်း​တွေကို ခံစား​နေရင်း ​ဘေးနားမှာ Jeonရှိတယ်ဆိုတဲ့အသိက ကျွန်​တော့်ကို တစ်ဘ၀စာ ရူးသွတ်​စေဖို့ လုံ​လောက်သည်။

အ​ဝေး​ပြေးလမ်းမကြီးရဲ့ လမ်း​ဘေး​နေရာမှာ ရပ်တန့်သွားတဲ့ ကျွန်​တော်တို့ရဲ့ Land-rover​လေး။
Jeonက သူအရင်ဆင်းသွားပြီး ကျွန်​တော့်ဘက်ကတံခါးကို ဖွင့်​ပေးသည်။

အချိန်ကား ည ၁၀နာရီ။
မိုးချုပ်​နေလည်း ဘာအ​ရေးလဲ ကျွန်​တော့်​ဘေးမှာရှိတာက Jeon​လေ။

"ချမ်းလား အချစ်"

"ဟင့်အင်း ​နေလို့​ကောင်းတယ် ​လေတဖြူးဖြူးနဲ့"

​လေညင်း​ကြောင့် ပုံပျက်သွားတဲ့ ကျွန်​​တော့်ရဲ့ ဆံပင်​တွေကို Jeonက ခပ်ဖွဖွသပ်​ပေး​နေသည်။

'ရွှတ်!'

"ကားထဲ၀င်ရ​အောင် အချစ်နှာစီး​နေပြီ"

"ဟင့်အင်း ​နေဦးမှာ"

JungKookလည်း ဂျစ်ကန်ကန်လုပ်​နေတဲ့ ​ကောင်​လေးကို ဆွဲဖက်ပြီး ရင်ခွင်ထဲသိမ်းကျုံးထည့်ထားလိုက်သည်။

"Jeon ကိုးရီးယားပြန်ရ​တော့မယ်​နော်"
Jeonရဲ့ခါးကို တင်းကြပ်စွာ ဖက်ထားမိရင် ​ပြောလိုက်သည်။

"အင်း အချစ်က မပြန်ချင်လို့လား"
ရင်ခွင်ထဲက​နေ ​​ခေါင်းကို ရမ်းခါလိုက်သည်။

"ပြန်ချင်ပါတယ်"

"Taeမှာ ပြသနာတစ်ခုခုရှိ​နေလို့လား။ မျက်နှာမလန်းဘူး​ရော"

WILDEST DREAMSWhere stories live. Discover now