Part 15🚨

4.7K 340 50
                                    

Unicode~

"Jeon JungKook and V- Late night Dating"

​တောင်ကိုးရီးယား မီဒီယာ​လောကကို လွှမ်းမိုးထားတဲ့ ယ​နေ့ Breaking news.
ဂျာနယ်​​တိုင်းရဲ့ ​မျက်နှာဖုံးသတင်းမှာ Lamborghini Veneno ကား​လေးက ရိုးတိုးရိပ်တိတ်။

"​ဟေ့! ဒီမှာ JungKook dating တဲ့"

"ဘာလဲ တက်သစ်စ​​လေးက အပိုင်းကြံ​နေတာလား"

"ဟို​ကောင်​လေးက ရုပ်​လေးလှသ​လောက် မြူစွယ်လိုက်တာ"

"ဟာ.. လိုက်ဖက်လိုက်တာ ငါ​တော့သ​ဘောတူတယ်။
အဆုံးထိ shipမှာပဲ"

SNS ​ပေါ်က သတင်းအမျိုးမျိုး​အောက်မှာ ၀င်​ရေးထားကြတဲ့ comment ​တွေ။
ခု​ခေတ်မှာ လိင်တူချစ်ကြိုက်တာက အဆန်းမဟုတ်တာမို့ ​ယောကျ်ား​လေးချင်းသတင်းထွက်တာ​တွေက ရှိလာတတ်သည်။
သို့​ပေမယ့် အ​ရှေ့တိုင်းသား​တွေဖြစ်တဲ့ ကိုးရီးယားလူမျိုး​တွေအတွက် အလုံးစုံပုံမှန်လို ဆက်ဆံရ​လောက်တဲ့အထိ​တော့ မတွင်ကျယ်​သေး။
လက်ခံသလိုလိုရှိ​ပေမယ့် ​ဝေဖန်တာမျိုး​တွေက ​ရှေ့မှာ တစ်မျိုး ကွယ်ရာတစ်မျိုး ရှိတတ်ကြသည်။

များ​သောအားဖြင့် SNSက negative comment များက ကျွန်​တော့်ကို အပြစ်​ပြော​နေကြခြင်း ဖြစ်သည်။
တစ်ခါမှ Dating news မထွက်ဖူး​သော Jeon က တကယ်တမ်း Dating news ထွက်လာ​တော့ ​ယောကျ်ား တစ်​ယောက်ဖြစ်တဲ့ ကျွန်​တော်နဲ့မို့ ကျွန်​တော့်ကို ချူစားတယ် မြူစွယ်တယ် စသဖြင့် အမျိုးမျိုးစွဲချက်တင်ထားကြသည်။
ကျွန်​တော့်အ​ခြေအ​နေကို ​သေချာလည်းမသိဘဲ ချူစားတယ်လို့ ​ပြောတာကို​​တော့ ရယ်​တောင်ရယ်ချင်​သေးသည်။
ပြီး​တော့ Seo Anna ဘက်က နာတဲ့လူ​တွေလည်းရှိ​သေးသည်။
Debut ခါစ Idol တစ်​ယောက်က အာရုံစိုက်ခံချင်လို့ ဆိုပါလား။ သူတို့​ရေးတာကိုကြည့်ပြီး ကျွန်​တော်စိတ်ဓါတ်ကျမယ်ထင်ရင်​တော့ အမှားကြီး မှား​နေကြပြီ​​လေ။
ဘယ်လိုပဲ​ရေး​ရေး ကျွန်​တော့်အတွက်​တော့ ပြတ်လုံးတစ်ခုထက်မပိုခဲ့။

'Ring! Ring! Ring!'

"Hello ​ဖေ​ဖေ"

"အဆင်​​ပြေရဲ့လား ငါသား။ ​ဖေ​ဖေဘာလုပ်​ပေးရမလဲ"
​ဖေ​ဖေက သတင်း​တွေမှန်တယ်မမှန်တယ်မ​မေး။
ကျွန်​​တော်အဆင်​ပြေမ​ပြေကိုသာ အရင်​မေးသည်။
နားလည်မှုအပြည့်ရှိတဲ့ ​ဖေ​ဖေကို ပိုင်ဆိုင်ထားရတာ ကျွန်​တော်သိပ်​ကံ​ကောင်းတာပဲ။

WILDEST DREAMSWhere stories live. Discover now