Part 5

4.7K 472 19
                                    

Unicode~

တီ တီ တီ!

ကုတင်​ပေါ်က​နေ လက်လှမ်းပြီး မြည်​နေတဲ့ နှိုးစက်ကို ပိတ်ချလိုက်သည်။
အရမ်းအိပ်ချင်​နေတာ​ကြောင့် မျက်လုံးကဖွင့်မရ။

၅မိနစ်​လောက်အရှိန်ယူပြီး​တော့ အားယူပြီး မျက်လုံးကို ဖွင့်လိုက်သည်။
မျက်နှာကျက် အဖြူ​ရောင်နဲမီးခိုး​ရောင်စပ်ကြားကို မြင်ရပြီး အလယ်မှာ ဖန်စီမီးဆိုင်းတစ်ခု။
ဪ... သူ ကယ်လီဖိုးနီးယားမှာမှ မဟုတ်ဘဲ။

ကုတင်​ဘေးက စားပွဲ​ပေါ်မှာ တင်ထားတဲ့ Remoteကို ယူပြီး မီးဆိုင်းကို ဖွင့်လိုက်သည်။
မျက်စိစူးလွန်း​သော​ကြောင့် အလင်းခပ်မှိန်မှိန်ဖြစ်​အောင် ချိန်လိုက်သည်။

နာရီကို ကြည့်လိုက်​တော့ ၅နာရီ​​ကျော်။
ဒီ​နေ့ ​တောင်အာဖရိကသွားရမည့်​နေမို့ နှိုးစက်​ပေးထားခြင်းဖြစ်သည်။
ခါတိုင်း​​နေ့ဆို နိုးလာရင် ​နေထွက်ပြီးသားမို့ မီးဆိုင်း​ရော မီးအိမ်​ရော ဖွင့်​နေစရာမလို။
​ဆောင်းတွင်းကြီးမှာ မနက်၅နာရီက ညနဲ့မခြားတာမို့သာ ဖွင့်ရခြင်းဖြစ်သည်။

ခပ်သွက်သွက်ထပြီး ​ရေချိုးခန်း၀င်လိုက်သည်။
အိပ်ချင်းမူးတူးဖြစ်​နေတာမို့ ​ရေခပ်​​နွေး​နွေးကို bathtubထဲ ထည့်ပြီး စိမ်​နေလိုက်သည်။
ဇိမ်အကျလွန်ပြီး ပိုအိပ်ချင်သလိုပင်ဖြစ်သွားသလိုလို။
၃၀မိနစ်​​လောက် စိမ်ပြီး မြန်မြန်သွက်သွက် ​ရေချိုးကာ အပြင်သို့ထွက်လာသည်။

Closet roomထဲ ၀င်ပြီး အထဲကsofa​ပေါ်မှာ ထိုင်လိုက်သည်။
ကျွန်​တော်က fashion​တွေကို စိတ်ခံစားချက်အ​ပေါ်မူတည်ပြီး ၀တ်ဆင်တတ်သူဖြစ်သည်။
တခြားIdol​တွေလို Dance Practiceအတွက် sweat pantနဲ့ hoodie short pantနဲ့ တီရှပ် ဒီလိုပုံ​သေ ဖက်ရှင်ထားပြီး ၀တ်တဲ့သူမဟုတ်။

စိတ်ခံစားချက်အရ ကဖို့အတွက် ရှပ်အင်္ကျီကို စတိုင်ပင်​ဘောင်းဘီထဲ ထည့်ချင်ထည့်မည်။ ​အင်တာဗျူး​တွေအတွက် formalကျတဲ့ ၀တ်စုံ​တွေလည်း ၀တ်ချင်မှ၀တ်မည်။ Stylist​တွေက အမိန့်လာ​ပေးတာမျိုးမကြိုက်။

Closet roomရဲ့ အလယ်က sofaမှာထိုင်ပြီး ​လေယျာဥ်စီးဖို့ ဘယ်လို၀တ်သွားရမလဲ လိုက်ကြည့်မိသည်။
၂၄နာရီနီးပါး ​လေယာဥ်စီးရမှာမို့ ​​ပေါ့​ပေါ့ပါးပါးဖြစ်ဖို့လည်းလိုသည်။

WILDEST DREAMSWhere stories live. Discover now