Part 14

3.6K 345 27
                                    

Unicode~

ဒီချိန်ကြီး ပင်လယ်ကိုလာ​နေတာ ကျွန်​တော်တို့နှစ်​ယောက်ပဲရှိလိမ့်မည်။
ညသန်း​ခေါင်​ ၁၂နာရီအချိန်ကြီးမှာ သဲ​သောင်ပြင်​ပေါ်မှာ ​ခြေ​ထောက်ဗလာနဲ့ လမ်း​လျှောက်​နေကြတဲ့ ခင်ဗျား နဲ့ ကျွန်​တော်။
လက်​ချောင်း​တွေ သွယ်ယှက်​နေပြီး စည်းချက်ညီ​နေတဲ့ ​ခြေလှမ်း​တွေဟာ သဲ​မြေဖွဖွ​ပေါ်မှာ နှစ်၀င်သွားကြသည်။

"ခဏထိုင်ရ​အောင်​လေ အချစ် ​ညောင်း​နေလိမ့်မယ်"
ကျွန်​​တော်​ခေါင်းညိတ်ပြပြီး​နောက် ထို​နေရာမှာပဲ ကျွန်​တော်တို့ လမ်း​လျှောက်ခြင်းကို ရပ်နားလိုက်ကြသည်။

ကျွန်​တော်ထိုင်မလို့လုပ်​တော့..

"​ပေကုန်လိမ့်မယ် အချစ်။ ဒီလိုလုပ်ရ​အောင်"
​ပြောပြီး သူ့ဂျာကင်ကို ချွတ်​နေသည်။
ပြီး​တော့ သူ့ဂျာကင်ကို ခင်းမလို့တဲ့​​လေ..။

"မလုပ်နဲ့ Jeon. အင်္ကျီက အ​ကောင်းကြီး ဒီတိုင်းထိုင်လည်းဖြစ်တာပဲကို"
Jeon ဂရုစိုက်တာကို ​ပျော်မိ​ပေမယ့် Jeonအင်္ကျီ​ပေါ်မှာ​တော့ မထိုင်ချင်။ မထိုင်ရက်တာဆို ပိုမှန်လိမ့်မည်။

"ထိုင်ပါဆို!"
Jeon ​အော်လိုက်တာ ကျွန်​တော်ပင်လန့်သွားမည်။
Jeon က သူဂရုစိုက်ပြတာတာကို လက်မခံရင် အဲ့လိုပဲ ​လေသံမာတတ်သည်။
ခဏခဏဖြစ်ဖူးတာ​တောင် ကျွန်​တော့်မှာ ကျင့်သားမရနိုင်။ သူ​လေသံမာတာနဲ့ ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ကျွန်​တော့်ကမ္ဘာကြီး ရပ်တန့်သွားသလို ခံစားရသည်။

"Tae.. အချစ် ဘာဖြစ်လို့လဲ။ ကိုယ်မ​အော်​တော့ဘူး​နော် သိလား ကိုယ့်အမှားပါ အချစ်ရယ်"
ကျွန်​တော် ဘာမှမ​ပြောဘဲ မျက်လုံးရွဲကြီး​တွေနဲ့ ကြည့်​နေ​တော့ Jeonက စိတ်ပူသွားသည်ထင်။ အသည်းအသန်​ချော့​တော့သည်။
ကျွန်​တော်ကလည်း ကျွန်​တော်ပဲ Jeonနဲ့ ပတ်သက်ရင်ကို က​လေးတစ်​ယောက်လိုဖြစ်ဖြစ်သွားတတ်တာ။

"ထိုင်မယ် ဟင့်!"

Jeonခင်းထား​ပေးတဲ့​နေရာမှာထိုင်ကြ​တော့ နှစ်​ယောက်သားက သိပ်မဆန့်ချင်။
ထို့​ကြောင့် Jeonက ကျွန်​တော့်ကို သူ့ရင်ခွင်ထဲ မြှုပ်​နေ​အောင် ဖက်ထား​ပေးသည်။
Jeonဆီက ရ​နေကျ ​ကိုယ်သင့်အနံ့​လေးက ဘရန်ဒီ အနံ့​လေးနဲ့ ​ရော​ထွေး​နေတာကို ခံစားမိသည်။
​တောင့်​တောင့်တင်းတင်းရင်အုပ်ထဲမှာ ကျွန်​တော့်ရဲ့ပါးတစ်ခြမ်းဟာ နှစ်၀င်​နေခဲ့သည်။

WILDEST DREAMSWhere stories live. Discover now