Unicode~
'Cheers!'
မနက်ခင်းကြီး Cheersလုပ်နေကြတာက ကြောင်တောင်တောင်လို့ ထင်ရတယ်မလား။
ဒါပေမယ့် စိတ်မပူပါနဲ့ ဒါက breakfast wineတွေပါရယ်။YoonGiတို့က ရိုက်ကူးရေးပြီးတဲ့ အထိန်းအမှတ်ဆိုပြီး မနက်ခင်းကြီး သောက်ဖို့ ခေါ်နေတာကြောင့် ကျွန်တော် ယက်ကန်ယက်ကန်နဲ့ ပါလာသည်။
Hotel restaurantတစ်ခုရဲ့ Luxury private roomထဲမှာ မနက်ခင်းသောက်ရတဲ့ ဝိုင်ဖြူတွေကို လက်ထဲမှာ ကိုယ်စီကိုင်ထားကြသည်။
ကျွန်တော်က အသောက်အစားခုံမင်သူမဟုတ်တာကြောင့် ချောကလက်ပူပူလေးသာ သောက်လိုသော်လည်း Celebrationပီသအောင် ဝိုင်ပဲ သောက်ရမယ်ဆိုလို့ မသောက်ချင်သောက်ချင်နဲ့ သောက်ရသည်။ညကျရင်လည်း ရိုက်ကူးရေးအဖွဲ့သားအားလုံးပေါင်းပြီး Safariထဲမှာ Partyလုပ်ကြဦးမှာကို ဘာတွေ celebrationလုပ်ချင်ကြမှန်း တကယ်နားမလည်။
ကျွန်တော်တို့ ၆ယောက်မှာ ကျွန်တော်ကလွဲရင် အကုန်လုံးက သောက်နိုင်တဲ့လူတွေ။
ကျွန်တော်ကသာ Alcoholဆို ဘယ်ဘ၀က ရန်သူမှန်းမသိခဲ့သလို လုံး၀မသောက်နိုင်။
ဝိုင်လောက်သာ သောက်နိုင်ပြီး ဆိုဂျူဆိုရင်တောင် သစ်သီးအရသာဆိုသောဟာပဲ ရွေးသောက်တဲ့သူ။"ရော့ Taeလေး စား"
Jeonက သူကိုယ်တိုင်လှီးဖြတ်ထားသော ပန်ကိတ်ကို ကျွန်တော့်ဘက်သို့ တိုးပေးလာသည်။
ပန်ကိတ်ဆိုသည်မှာ နာမည်ကြားတော့သာ တစ်မျိုးတည်းရယ်။ လုပ်ပုံလုပ်နည်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူချေ။ ဒီမှာကတော့ Botswanaရိုးရာ ပန်ကိတ်ပေါ့။ ဝိုင်ဖြူကလည်း ဒီHotelကထုတ်တာ Botswanaမှာ နာမည်ကြီးဆိုပဲ။"ဟေ့ကောင်တွေ မနေ့က တင်တဲ့ ရုပ်ရှင် Teaserကနော် တစ်ရက်တည်းမှာကြည့်ရှုသူ 10Millionတဲ့
ရုပ်ရှင် Teaserတွေထဲမှာ 1st day viewအများဆုံးပဲ သိလား"
Josephက သူ့ရှေ့ပန်းကန်ထဲက အမဲသားစတိတ်ခ်ကို ခရင်းနဲ့အသာထိုး ဓါးနဲ့ဖြေးဖြေးလွှာရင်း ပြောလာသည်။"အဲ့တာကောင်းတာပေါ့။ ဗဟုသုတရမယ့်အပြင် ရတဲ့အကျိုးအမြတ်က အာဖရိကတောရိုင်းတိရစ္ဆာန်ထိန်းသိန်းရေး ရန်ပုံငွေဖြစ်မှာလေ။ ဒီလိုရုပ်ရှင်ကို လူစိတ်၀င်စားကြလို့ တော်သေးတာပေါ့"
ကျွန်တော်က ပန်ကိတ်ဖဲ့နေတာကို ခဏရပ်ရင်း Josephစကားကို ပြန်တုံ့ပြန်ပေးသည်။
Jeonကတော့ ကျွန်တော့်ကို ပြုံးရင်းကြည့်နေသည်။
YOU ARE READING
WILDEST DREAMS
RomanceSay you'll remember me.. JJK x KTH Kookv Playlists Catalouge 1