Part 19

3.4K 365 18
                                    

Unicode~

ကျွန်​တော် မ​နေ့က တစ်​နေ့လုံး အိပ်စက်ခဲ့သည်။
အိပ်​ဆေးအကူအညီ​တော့ ယူရတာ​ပေါ့​လေ။ ​တစ်​နေ့လုံး အ​တွေး​တွေက နှိပ်စက်​နေတာမို့ ညပိုင်းလည်း​ရောက်​ရော ၀ယ်လာတဲ့ အိပ်​ဆေး​တွေ​သောက်ပြီး အိပ်လိုက်ရသည်။ အိပ်​ဆေး​ကောင်းမှုနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီးမှ စိတ်အနည်းငယ်ကြည်သွားသည်။
အခု ကျွန်​တော်နိုးလာတဲ့ အချိန်က မနက်၁၀နာရီ။
ကျွန်​တော်အကြာကြီး အိပ်ပစ်တာပဲ။

ကျွန်​တော် ဒယ်ဂူ​ရောက်တုန်း​ရောက်ခိုက် စိုက်ခင်း​တွေ သွားကြည့်မယ်လို့ စိတ်ကူးထားသည်။
ကျွန်​တော်အိပ်ရာထဲက​နေ ထချင်​ပေမယ့် ​ဆောင်းတွင်းရဲ့ အ​အေးဒဏ်​ကြောင့် ​စောင်ထဲက မထွက်နိုင်​ပေ။

ဘာပဲဖြစ်ဖြစ် ​စောင်ထဲက အတင်းအားယူထပြီး ​ရေချိုးခန်းထဲ ၀င်ကာ ​မြန်မြန်ဆန်ဆန်​ရေချိုးလိုက်ရသည်။
အခန်းထဲပြန်​ရောက်​တော့ မ​နေ့က ၀ယ်လာတဲ့ တီရှပ်​ပေါင်းများစွာထဲက တစ်ထည်နဲ့ ​ဘောင်းဘီအညို​ရောင်အပွ​လေးကို၀တ်လိုက်သည်။ အ​နွေးထည်​လေးက​တော့ မပါမဖြစ်​ပေါ့။
အခန်းထဲမှာ နဂိုတည်းက ချိတ်ထား​သော ဂျုံခ​မောက်​လေးကို ​ဆောင်းလိုက်ပြီး အခင်း​​တွေ သွားကြည့်ဖို့ ပြင်လိုက်သည်။

မသွားခင် ဖုန်းကိုလည်း ပိတ်ဖို့လုပ်ရ​သေးသည်။
Jeon က Message​တွေ ပို့မှာမဟုတ်​တော့ဘူးဆိုတာ သိ​နေတာ​တောင် ကျွန်​တော်က မသိမသာ ​မျှော်လင့်မိ​နေဆဲ။

'Ting!'

"ပြန်လာ​ပေးပါ ကိုယ်ရှင်းပြပါ့မယ်"

Jeon ဆီက Message ​ရောက်လာခဲ့သည်။ ​မသိမသာ မျှော်လင့်ချက်​လေး ဖြစ်​မြောက်သွား​ပေမယ့် မပြုံးမရယ်နိုင်။
ကျွန်​တော်တုံ့ပြန်မှုမလုပ်ဘဲ ဖုန်းကို ပိတ်လိုက်သည်။
Jeon ကို ယုံကြည်ပြီး အရူးတစ်​ယောက်လို တစ်ပတ်လုံး ဖွင့်​ပြောဖို့ စိတ်ကူးယဥ်ခဲ့မိသည်။
သံသယ၀င်စရာအဖြစ်များက တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ သံသယ​တွေကအမှန်ဖြစ်လာသည်။
ဘယ်လိုပဲ Jeon က သစ္စာရှိပါတယ်ပဲဆိုဆို ဒီလိုကိစ္စ​တွေဖြစ်တာက တစ်ခါနှစ်ခါ မက​တော့တာမို့ ကျွန်​တော့်စိတ်ကိုကျွန်​တော် နှစ်သိမ့်မ​နေချင်​တော့။

WILDEST DREAMSWhere stories live. Discover now