Unicode~
Jeonအိမ်တော်က ကိုးရီးယားရဲ့ အငွေ့အသက်တွေရနေစေတဲ့ စံအိမ်။
လှေကား လက်ရန်းတွေကို ရွှေမှင်ရောင်သုတ်ထားပြီး
လှေကားရဲ့ အပေါ်ထိပ်နဲ့ အောက်အစွန်မှာ ပန်းပုရုပ်တွေထားထားသည်။
၁၉ရာစု ဝိတိုရိယပုံစံကိုမှ ကိုးရီးယားရိုးရာပုံစံနှင့် ရောယှက်ထားတာကြောင့် တစ်မူထူးခြားသည်။
ခေတ်ရှေ့ပြေးနေတဲ့ ပုံစံမဟုတ်ပေမယ့် ခမ်းနားလွန်းပါသည်။လှေကားပေါ်မှ LVတံဆိပ် သားရေဘွတ်ဖိနပ်ကို စီးပြီး ဆင်းလာသူ JungKook.
Burberry Long coatအနက်ရောင်ကို ကြယ်သီးမတပ်ဘဲ ၀တ်ထားသည်။ အထဲက လည်ပိတ်ဆွယ်တာ အညိုရင့်ရင့်နဲ့ skinnyဂျင်းဘောင်းဘီ အနက်ကို တွဲဖက်ထားသည်။
ရိုက်ကူးရေး မရှိတဲ့ရက်တွေဆို Ent. သွားဖို့အတွက် formalဒီဇိုင်းတွေသာ ၀တ်ဖြစ်သော်လည်း ဒီနေ့က Burberry brandရဲ့ ဆောင်းရာသီအနွေးထည်ထုတ်ကုန်တွေအတွက် ကြော်ငြာရိုက်ကူးရေးရှိတာမို့ brandက ၀တ်စေချင်တဲ့ ပုံစံသာ ၀တ်ပေးခဲ့သည်။"Shooting ရှိတာလား"
ထမင်းစားခန်းတွင် အရင်ရောက်နှင့်နေသော ဥက္ကဌ Jeon က မေးသည်။
ပုံမှန်ဆို သားအဖနှစ်ယောက်က မနက်စာအတူစားလေ့စားထမရှိသော်လည်း ဒီနေ့မှာ ဖခင်ဖြစ်သူက စောင့်နေတာကြောင့် JungKookအံ့ဩမိသည်။"ရှိတယ်"
လက်ဖက်ရည်အိုးထဲက စံပယ်လက်ဖက်ရည်ကို ငွေကနှုတ်တွေ ခြယ်ထားသော ခွက်ထဲသို့ ထည့်လိုက်သည်။"ဟိုကောင်လေးနဲ့ အဆင်ပြေနေတာလား"
"ဘာစကားလဲ။ Partnerတွေက အဆင်မပြေရဘူးလား"
သားအဖနှစ်ယောက်ဆုံတည်းက စကားအကောင်းပြောဖို့ မဟုတ်တာကို JungKookသိသည်။
ပြီးတော့ ဖခင်ဖြစ်သူနဲ့ အဆက်အဆံမရှိရင်တောင် သူ့အကြောင်းကို JungKookက သိပါသည်။"ဟက်..မနေ့က Anna လာတယ်ဆို"
Seo Annaဆိုတာက ရှယ်ယာရှင်တစ်ယောက်ရဲ့သမီး။
ကျွန်တော့်ကို သူနဲ့လက်ထပ်ဖို့ အတင်းအကြပ်စီစဥ်ဖို့ လုပ်နေကြတာလေ။
ကျွန်တော်ကလည်း နဂိုက စိတ်၀င်စားတဲ့သူကမရှိတော့ ဘာခံစားချက်မှမပြဘဲ ဘာသိဘာသာနေခဲ့သည်။
ကျွန်တော့်ဘက်က ရောနှောတာမျိုးမရှိတာကြောင့် Annaက ကျွန်တော့်ကို လိုက်ကပ်နေတာမျိုးလည်းမရှိခဲ့ပေမယ့် မနေ့က ထူးထူးဆန်းဆန်း မြူစွယ်လာတာမို့ ဒေါသတော်တော်ထွက်မိသည်။
ဒါကလည်း အဖေ့လက်ချက်မကင်းဘူးဟု မြင်သည်။
မိန်းကလေးတစ်ယောက်ကို လူရှေ့မှာ အော်မိလိုက်လို့ အားနာရပေမယ့် စိတ်တိုစရာကောင်းတာမို့ တောင်းပန်နိုင်မည်မဟုတ်ပါ။
YOU ARE READING
WILDEST DREAMS
RomanceSay you'll remember me.. JJK x KTH Kookv Playlists Catalouge 1