ညကတွေးရင်းတွေးရင်းအိပ်ပျော်
သွားရာမနက်၁၀နာရီမှာနိုးလာတော့သည်။
ဖုန်းကိုယူကြည့်လိုက်တော့အာကာ့
misscalledပေါင်းများစွာဒီတခါဝင်လာသောအာကာ့ဖုန်းကိုကိုင်လိုက်တော့.....
"ဟေ့ကောင် နေကောင်းစစ်ကြွယ်မင်းဘယ်မှာသွားသေနေလဲ ဒီနေ့meetingရှိတာမသိဘူးလား""ကျစ်! ဟုတ်သားပဲငါအိပ်ပျော်သွားလို့ မင်းဘယ်လိုလုပ်ထားလဲ"
"နာရီဝက်ရွေ့ထားတယ် မြန်မြန်လာခဲ့ဟေ့ကောင်"
နေကောင်းစစ်ကြွယ်မှာပြာယာခတ်နေသော်လည်း
ခသက်ကြွေအခန်းသွားဖို့မမေ့
လော့မချထားသောအခန်းတံခါးကအသာဖွင့်လိုက်တော့သူ့ရဲငယ်မှာဘယ်သူနဲ့ဖုန်းပြောနေလဲမသိမျက်ခုံးများဟာစုကုတ်နေသည်။"လုပ်ပါ သတိုးရာ၃ပတ်လောက်ထပ်တိုင်ပေးထားစမ်းပါ ကူညီပါသူငယ်ချင်းရာ နော် "
သတိုးဆိုသည့်ကောင်လေးကို
နေကောင်းစစ်ကြွယ်သိသည်။
ခသက်ကြွေကိုသူနဲ့လိုက်ခဲ့ဖို့တိုက်ခန်းမှာသွားပြောတုန်းကတခါတွေ့ဖူးသည်။
သူကို့တောင်ထိုးလိုက်သေး အီစိမ့်သွားတာမဟုတ်ပေမဲ့ယော်ကျာ်းအားဆ်ုတော့နည်းနည်းတော့နာသည်။
ခသက်ကြွေသူငယ်ချင်းပီသပါတယ်လေ။ခသက်ကြွေသူဖုန်းပြောနေတာကိုရပ်ကြည့်နေသောလူကြီးကိုဘာလဲဟုမေးဆတ်ပြလိုက်တော့မှ။
"ကိုယ်ဒီနေ့ နောက်ကျမယ် meetingရှိလို့ ပီးရင်လဲသွားရမဲ့နေရာရှိသေးတယ် စားချင်တာရှိရင်မိအေးတို့ကိုပြောလိုက် သွားချင်တဲ့နေရာရှိရင်လဲရဲရင့်တို့လိုက်ပို့ပေးလိမ့်မယ် အိမ်ပြန်နောက်မကျစေနဲ့ဟုတ်ပီလား"
တခုပီးတခုလာပြောနေသောအဖိုးကြီးကိုအမြင်ကပ်စွာ
ပြန်ပြောလိုက်ချင်ပေမဲ့မနက်စောစီးပြသာနာတက်မှာတစ်ကြောင်းအဖိုးကြီးကလဲmeetingရှိတယ်ဆိုတော့အလုပ်မှာစိတ်ရူပ်နေမှာစိုးသောကြောင့်နာခံသလိုသာခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့မှအဖိုးကြီးကပြုံးပြပြီးထွက်သွားတော့သည်။ခသက်ကြွေမှာနေကောင်းစစ်ကြွယ်ထွက်သွားသော်လည်းတံခါးကိုငေးကြည့်နေတုန်း။
ခသက်ကြွေနေကောင်းစစ်ကြွယ်ကိုသနားလာသည်
ကိုယ့်ကိုပြန်မချစ်လာမဲ့သူကိုချစ်နေရတာဟာဘယ်လောက်ပင်ပန်းရလဲ။
သူကကောငါ့ကိုဘယ်ချိန်ထိဒီလိုခေါ်ထားနိုင်မှာတဲ့လဲ
တချိန်ကျငါကသူ့ကိုထားသွားရမှာပဲလေ။"ဟေ့ကောင် ငသက်ဘာလို့ငြိမ်သွားတာလဲကွ ဟိုလူကြီးလာလို့လား"
"ဟမ် အော် အေဟုတ်တယ်ဒီနေ့သွားချင်တဲ့နေရာသွားလို့ရတယ်တဲ့"
"ဟာ ဟုတ်လားအာ့ဆိုငါတို့ဘားမှာအေးဆေးသွားထိုင်ရအောင်"
"အေအေ ဟုတ်ပီ ငါနောက်မှပြန်ဆက်လိုက်မယ်"
သတိုးကနှစ်ယောက်မရှိနိုင်တဲ့သူငယ်ချင်းပဲ။
ဟိုအဖိုးကြီးသူ့တိုက်ခန်းလာတုန်းက
အကြောင်းတောင်သတိရသွားသည်။
အဲ့တုန်းကသူနဲ့သတိုးနဲ့အဖိုးကြီးအကြောင်းပြောနေကြတာ
သက်တော်ရာကျော်ရှည်ပါဦးမယ်။
အဖိုးကြီးကသူ့ကိုယ်ရံတော်နှစ်ပါးနဲ့ရောက်လာပါရော
.....
"ထပ်တွေ့ကြပြန်ပီနော်""ခင်ဗျားပဲလား ဟက်!"
နေကောင်းစစ်ကြွယ်ကတဖြေးဖြေး
ရှေ့တိုးလာသောကြောင့်ခသက်ကြွေနောက်ကိုဆုတ်ရင်းဆုတ်ရင်းနံရံနဲ့
ကပ်သွားရတော့သည်။"မင်း ငါနဲ့လိုက်မလား အသေခံမလား"
တလုံးချင်းပြောလာသောစကားများကြောင့်ခသက်ကြွေမတုန်လှုပ်သွား"ဘာမှမရွေးနိုင်ဘူး ဆိုရင်ရော"
"မင်းက တော်တော်ခေါင်းမာတာပဲငယ်"
လက်ညိုးလေးနဲ့နှုတ်ခမ်းကိုဖွဖွထိလိုက်ရာနှုးညံအိစက်နေသော
အထိအတွေ့ကြောင့်သူ့အသွေးအသားတွေ
ပူလောင်လာရသည်။ခွပ်!
သတိုး!
"ခင်ဗျား တော်တော်အတင့်ရဲပါလားဟမ် ကျုပ်သူငယ်ချင်းတစ်ယောက်လုံးကို ကျုပ်ရှေ့မှာ တောက်!
နောက်တခါဒီထက်ပိုဆိုးမယ်""မင်းက ငါ့ကိုလာခြိမ်းခြောက်နေတာလား"
ဟိုလူကြီးရဲ့ကိုယ်ရံတော်နှစ်ယောက်မှာလဲတံခါးတဖက်ဆီမှာ
ငြိမ်သက်လျက်အသက်တောင်ရူရဲ့လားမသိဟိုလူကြီးမပြောရင်သူတို့လဲဘာမှလုပ်လို့မရဘူးထင်ပါရဲ့။"နှစ်ခါရှိပီနော် ငယ် နောက်တခေါက်ပြန်တွေ့ကြမယ်"
"ခင်ဗျား!"
"သတိုးတော်တော့"
"ဘယ်လိုလုပ်မလဲငါတို့ တရားသွားစွဲကြမလား"
"သူ့အင်အားနဲ့ပေါက်ရောက်မယ်ထင်နေတာလား"
"အဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲ"
##########################
သူရဲ့သူငယ်ချင်းလေးနဲ့တွေ့ရမယ်ဆိုတော့ခသက်ကြွေပျော်နေတော့သည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်