"ငယ် ရောက်ပီ"
တုန့်ပြန်မှုမရှိသောကြောင့်လက်မောင်းကို
လှုပ်နှုိးလိုက်တော့မှ
တအင်းအင်းတအမ်းအမ်းနဲ့ထလာသည်။
ငယ်ရဲ့အခုလိုပုံစံလေးက
အလွန်အသဲယားဖို့ကောင်းသည်။ခသက်ကြွေသူ့ကိုပြုံးပီးကြည့်နေသော
နေကောင်းစစ်ကြွယ်ကြောင့်အနေရခက်စွာချောင်းတချက်ဟန့်လိုက်တော့မှတံခါးဖွင့်ပီးအရင်ဆင်းသွားသည်။အိမ်ကြီးကတော်တော်လှပေမဲ့လည်းခသက်ကြွေမကြိုက်။
ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့လဲမြေကွက်များသာတွေ့သည်။
ခသက်ကြွေစိတ်ကူးထဲကအိမ်လေးမှာနှစ်ထပ်တိုက်ကလေးသာဖြစ်ပြီးသူရယ်သူ့ချစ်ရသူရယ်သူတို့ကလေးလေးနှင်ပျော်ရွင်စွာနေထိုင်သွားရန်ဖြစ်သည်။
အခုအခြေအနေကဒီလိုဖြစ်နေပေမဲ့လည်းသူမျော်လင့်ချက်မမဲ့ချင်သေး။"မဂ်လာပါ သူဌေး"
အိမ်ထဲသို့ဝင်လိုက်တာနဲ့အိမ်ဖော်လေးများရဲ့နှုတ်ဆက်သံကိုကြားရသည်"အားလုံးကိုပြောပီးသားဖြစ်ပေမဲ့ နောက်တခေါက်ထပ်ပြောမယ် အခုကစပီးသူကကျတော့်ရဲ့သက်ဆိုင်သူပဲ ကျတော်ကသူ့ယော်ကျာ်းသခင်လေးခေါ်ပီးကောင်းကောင်းဆက်ဆံပါ အလုပ်မှာအမှားအယွင်းမရှိစေနဲ့"
"ဟုတ်ကဲ့ပါ သူဌေး"
"ကျတော့်ကိုသခင်လေးခေါ်စရာမလိုပါဘူးပေါ့ပေါ့ပါးပါးခသက်လို့ပဲခေါ်ရင်ရပါတယ်"
"တော်စမ်း ငါကမင်းယော်ကျာ်းဖြစ်လို့မင်းနဲ့ဆိုင်တဲ့ကိစ္စတိုင်းငါဆုံးဖြတ်မယ်"
"ကျတော့်ကိုအတင်းယူလာတာပဲတော်တော့်ပေါ့
ကျတော့်ကိစ္စတိုင်းခင်ဗျားဝင်ပါစရာမလိုဘူး"ဖြန်း!
နေကောင်း
သခင်လေး အိမ်တော်ထဲမှာအိမ်ဖော်လေးများအသံနဲ့အာကာ့အသံများဆူညံသွားသည်။"နေကောင်းစစ်ကြွယ် မင်းဘယ်လိုလုပ်လိုက်တာလဲ"
"တော်တော့အာကာ မင်းဝင်မပါနဲ့တော့"
ရဲတက်လာသောပါးပြင်နုနုကြောင့်နေကောင်းဘယ်လောက်အားပါလိုက်မှန်းအကုန်လုံးသိကြသည်"မိအေး သခင်လေးကိုအခန်းထဲလိုက်ပို့ပေးလိုက်စမ်း"
"ဟုတ်ကဲ့ကိုအာကာ"
"သခင်လေးဒီဘက်"
#########################"နေကောင်းရာ မင်းကမဟုတ်သေးပါဘူးကွာ သူ့ပါးဘယ်လောက်ရဲသွားလဲ မင်းတွေ့လား"
"ကျစ်! ငါအားတောင်မပါလိုက်ပါဘူးကွာ"
" မင်းကဘယ်လောက်အားပါချင်သေးလို့တုန်း သူဒီကိုလိုက်လာတာပဲကျေးဇူးတင်သင့်နေပီ"
"သူကငါနဲ့လိုက်မယ်ပြောတာကို"
"ဟာ...မင်းကသူ့ကိုလည်ပင်းသွားညစ်တာကိုးကွ"
"ဘာဘာပဲဖြစ်ဖြစ်လေ သူကငါနဲ့လိုက်မယ်ပြောလို့ခေါ်လာတာ"
လက်ပေါက်ကပ်လွန်းသောသူငယ်ချင်းဖြစ်သူကိုကြည့်ကာအာကာနရင်းထအုပ်ချင်စိတ်ကိုထိန်းထားရသည်။
"အေ အာ့ဆိုငါသွားပြီ တခုခုဆိုဖုန်းဆက်ဟေ့ကောင်တချိန်လုံးလဲ သတ်မနေကြနဲ့ဦး"
"အေးပါကွာမင်းကလဲ"
သွားတန်းဖြူများပါ်သည်ထိပြုံးရယ်နေသောနေကောင်းစစ်ကြွယ်ကိုအိမ်ဖော်လေးများသတိလက်လွတ်ငေးနေကြတော့သည်။
အာကာမှာလဲတော်တော်အံသြသွားရသည်သူ့သူငယ်ချင်းအခုလိုပြုံးနေတာတောင်မမြင်ရတာကြာပီလေ။
############################
ခသက်ကြွေမိအေးဆိုသူကောင်မလေးခေါ်ရာနောက်လိုက်သွားတော့။ကောင်မလေးကအခန်းတစ်ခန်းရှေ့ရပ်လိုက်ရာ
သူပါလိုက်ရပ်လိုက်သည်။"ဒါသခင်လေးနေရမဲ့အခန်းပါ"
မြင်လိုက်ရတဲ့အခန်းကျယ်ကြီးကတကယ့်အိမ်အသေးစားလေးအတိုင်း။
နှစ်ယောက်အိမ်ကုတင်ကြီးနဲ့အသုံးအဆောင်များ
ဟိုဖက်မှာရေနွေးတည်အိုး၊ဒယ်အိုးအသေးလေးများနှင့်ကော်ဖီဖျော်စက်၊မုန့်လုပ်တဲ့စက်များနဲ့ရေခဲသေတ္တာအလတ်လေး၊အိမ်သာရေချိုးခန်းငင့်
ဒီမှန်တင်ခုံကဘာလုပ်တာလဲ
ဒီအဘိုးကြီးသူ့ကိုမိန်းကလေးလိုဆက်ဆံနေတာလား....ခသက်ကြွေနဲ့နေကောင်းစစ်ကြွယ်မှာ၅နှစ်လောက်သာကွာသော်လည်းဒီတခါအမြင်ကတ်စွာအဘိုးကြီးခေါ်လိုက်သည်။
ဒီမှန်တင်ခုံကြီးပြန်ယူသွားခိုင်းမှပါ
လက်ကနာရီကိုငုံကြည့်လိုက်တော့နေ့လည်နှစ်နာရီပဲရှိသေးတာနဲ့ကုတင်ပေါ်ပစ်လှဲကာခနအိပ်နေလိုက်တော့သည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်