နေသာတဲ့နေမို့ကစားကွင်းထဲကလေးများဆူညံစွာ
ခသက်ကြွေလဲထိုမြင်ကွင်းများကိုပြုံးရွင်စွာကြည့်နေသည်။သူ၏အပျော်များသည်ကြာကြာမခံလိုက်ကစားကွင်းထဲသို့ဇွတ်တရွတ်ဝင်ရောက်
လာသောအနက်ရောင်ကားသုံးစီးအခြေအနေမကောင်းသောကြောင့်
မေမေများသည်ကလေးများအားလက်စွဲကာအခြားတနေရာသို့ပြေးလွှားနေကြပီ။
အားလုံးနှင့်ဆန့်ကျင်စွာခသက်ကြွေမှာတော့တည်ငြိမ်လျက်သူ၏နှစ်ခမ်းထက်မှအပြုံးလေးများသည်ကားသံများကြားကတည်းကပျောက်ကွယ်သွားပီဖြစ်သည်။ကားပေါ်မှဆင်းလာသော၆ပေကျော်အရပ်နှင့်လူတယောက်ခန္ဓါကိုယ်အချိုးအစားကအပြစ်ဆိုဖွယ်ရာမရှိဆံပင်နက်နက်များကိုgelနှင့်သပ်တင်ထားသောကြောင့်သူ၏မျက်နှာကိုရှင်းလင်းစွာမြင်နိုင်သည်စူးရှနက်မှောင်သောမျက်လုံးများကိုကာရံထားသောမျက်တောင်တိုစိပ်စိပ်များ
ဆိုးဆေးအကူညီမပါဘဲနှင့်အစိုဓါတ်ပြည့်ဝသောနီစွေးစွေးနှုတ်ခမ်းပါးများကတင်းတင်းစေ့ထားသည်
ဘယ်သူ့ကိုမှလူမထင်သောတင်းမာသောမျက်နှာသည်နေကောင်းစစ်ကြွယ်၏စွဲဆောင်မှုတခုနေပူသောကြောင့်နက်ကတိုင်ကိုဖြေလျော့လိုက်သောအခါအကြောစိမ်းများဖြတ်သန်းလျက်ဖြူသွယ်သောလက်အစုံမှာမိန်းကလေးများအကြိုက်ဖြစ်သည်မှာမလွဲနေကောင်းစစ်ကြွယ်၏ဦးတည်မှုသည်
ခသက်ကြွေစီလက်မှဆောင့်စွဲခေါ်ကာကားတံခါးဆီတွန်းကပ်ပစ်သည်။အာ့
တံခါးနှင့်ဆောင့်ကပ်ခံရသောကြောင့်
ကျောတပြင်လုံးအောင့်သွားသည်။
ကားမှန်ကိုလက်နှင့်ထောက်ကာခသက်ကြွေကိုစူးစိုက်ကြည့်နေသော
နေကောင်းစစ်ကြွယ်၏
မျက်နှာမှာခသက်ကြွေမျက်နှာနှင့်လက်မဝက်
အနေထားလောက်ပဲရှိမည်။ခသက်ကြွေမှာပိန်ပါးပါးလေးဖြစ်သော်လဲ
နွဲ့ပျောင်းမနေ။
နေကောင်းထက်အရပ်အနည်းငယ်နှိမ့်သော်လဲမိန်းကလေးများအကြိုက်typeရွှေအိုရောင်ဆံနွယ်များကမျက်လုံးနားထိ ။
ထိုဆံပင်များကိုသပ်တင်လိုက်မယ်ဆိုရင်
နေကောင်းစစ်ကြွယ်လို
စူးရှတဲ့မျက်ဝန်းအစုံကိုတွေ့ရမည်ဖြစ်သည်။"မင်းဆုံးဖြတ်ပီးပီလား"
"ကျနော်ဘာမှရွေးနိုင်ဘူး"
မနူးညံသော်လဲမကြမ်းတမ်းသောပြန်ပြောသံ။
" ဟက် .... မင်းကတော်တော်ခေါင်းမာတာပဲကောင်းပီလေ နောက်တခါထပ်ပြောမယ် အသေခံမလား ငါ့နောက်လိုက်မလား"
"ကျ နော် ခင် ဗျာ နောက် မလိုက် နိုင် ဘူး"
တလုံးခြင်းပီသစွာပြောဆိုလာတဲ့စကားနောက်နေကောင်းစစ်ကြွယ်ဒေါသတေငယ်ထိပ်ရောက်နေလေပီ။
"အာ့ဆို မင်းကအသေခံမယ်ပေါ့"
" "
"ကောင်းပီလေ"
ခသက်ကြွေ၏လည်ပင်းထက်သို့ဦးတည်လာသောဖြူသွယ်သွယ်လက်ဖဝါးအစုံတုန်ယင်ခြင်းမရှိသည်မှာသူဟာပြတ်သားတော့မယ့်ပုံ။
"အာ့ ခင်ဗျား ဘာလုပ်"
"မင်းပဲအသေခံမယ်ဆို"
"အာ့ လွှတ်..လွှတ် ပေး...ပါ"
"ခင်ဗျားနဲ့လိုက်မယ်ပြော"
"လွှတ်...လွှတ်..လို့ပြောနေတယ်လေ"
"ငါခနခနမပြောဘူးနော်"
"အာ့ ကျနော် ခင်ဗျားနဲ့ လိုက် လိုက်ခဲ့မယ်"
" လိမ္မာတယ် "
"ခင်ဗျား သိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်"
"ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်"
ခင်ဗျားလုပ်ရပ်တေအတွက်
ပြန်ပေးဆပ်ရမယ်နေကောင်းစစ်ကြွယ်
ခင်ဗျားပြောတဲ့အချစ်ဆိုတာ
ဘယ်လောက်ကြောက်ဖို့ကောင်းလဲကျနော်ပြမယ်။သူ့နာမည်ခသက်ကြွေအဲ့လူကိုသူခြေရင်းမှခစားခိုင်းပီးသူ့အသက်ကိုကြွေအောင်လုပ်မည်။
(AN:ဆိုတော့စိတ်ထဲမှာအရမ်းရေးချင်နေလို့သာရေးလိုက်ရတာပါplotလဲမချရသေးပါဘူးစိတ်ကမမှန်တဲ့အတွက်ရေးရင်းတန်းလန်းနဲ့ဖျက်ချင်လဲဖျက်လိုက်မှာပါမသေချာသေးဘူးပေါ့နော်😆
ရေးနေကျမဟုတ်တဲ့အတွက်လဲစာတေအစီစဥ်မကျရင်တောင်းပန်းပါတယ်အတတ်နိုင်ဆုံးတော့ရေးထားပါတယ် ကိုယ်တိုင်စိတ်ကူးနဲ့ပုံဖော်ထားတဲ့ဇာတ်ကောင်တေနဲ့ဇာတ်လမ်းေပါအပျော်တမ်းစာရေးသူပါ)
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Historia Corta"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်