အခုတလောရဲရင့်သတင်းပေးလာ
သည်ကငယ်က
ဘယ်သူနဲ့မှမတွေ့ဘဲတစ်ယောက်တည်း
အေးဆေးနေပါသည်တဲ့။
ရုတ်တရက်ကြီးပြောင်းလဲသွားတာဖြစ်နိုင်ပါ့မလား
ဟိုတစ်ပတ်ကပဲငယ်ကမိုးမြင့်သီဟနဲ့တတွဲတွဲဆို..."အာကာ အခြေအနေတွေငြိမ်ပီးလားငါပြန်ချင်နေပီဟာ
သေရင်လည်းသေပါလေ့စေတော့ ငယ့်ကိုတွေ့ရမှဖြစ်မယ်""မင်းတော့တကယ်ရူးနေပီနေကောင်း အဲ့ဒီငယ်ကို
မင်းခေါင်းထဲကခနထုတ်ထားလိုက်စမ်းပါ အခုမှ၂ပတ်လောက်ပဲရှိသေးတာ နည်းနည်းလောက်
သီးခံစမ်းပါကွာ""ငယ့်ကိုငါ့ခေါင်းထဲကထုတ်ရမယ်ဟက်လားအာကာ
ငယ့်ကိုငါဒီလောက်ချစ်တာဘယ်နည်းနဲ့သူ့ကိုမတွေးဘဲနေနိုင်မလဲ မင်းမှမချစ်ဘူးသေးတာမင်းဘယ်နားလည်နိုင်မလဲ"ပြောရက်လိုက်တာနေကောင်းရယ်မချစ်ဘူးသေးတာတဲ့လား
မင်းရောနားလည်လား ကိုယ်အရမ်းချစ်နေတဲ့
သူကိုသူငယ်ချင်းလိုဆက်ဆံနေရတာလေ
ကိုယ့်ကိုယ်ကိုထိန်းချုပ်နေရတဲ့ခံစားချက်ကို
မင်းနားလည်ရဲ့လား....."ငါကမင်းအတွက်ပြောနေတာပါ မင်းအဲ့လောက်တွေ့ချင်နေလဲနောက်တပတ်ထဲငါတို့ပြန်ကြမယ်
လမ်းတဝက်မှာမသေအောင်ပဲဆုတောင်းကြတာ
ပေါ့ကွာ ဟား ဟား..."သူနာကျင်စွာနဲ့အော်ရီမိသည်။
အာကာ့ရဲ့ဒီလိုပုံစံကိုမတွေ့ဘူးသေးတဲ့
နေကောင်းစစ်ကြွယ်ကတော့အာကာကိုသာအံအား
သင့်စွာကြည့်နေသည်။_____________________________________
ရဲရင့်ကသတင်းပို့သည်။
ခသက်ကြွေနဲ့မိုးမြင့်သီဟတို့ကဖိတ်စာဆိုင်တဆိုင်ထဲဝင်သွား
သည်တဲ့
ကြားလိုက်ရတဲ့သတင်းကိုသူမယုံနိုင်
ဖိတ်စာဆိုင်.....
မွေးနေ့တခုခုအတွက်သူတို့ဖိတ်စာသွားရွေးတာလဲဖြစ်နိုင်တာပဲ
ဒါပေမဲ့သူ့စိတ်ထဲမတင်မကျ
ဒီအကြောင်းသာနေကောင်းသိသွားမယ်
ဆိုရင်
တော့မတွေးရဲစရာပဲ။"ရဲရင့် ဒီအကြောင်းကိုနေကောင်းလုံးဝသိသွားလို့မရဘူးနော်
မင်းတို့Bossကိုမသေချင်စေဘူးဆိုရင် မင်းနှုတ်လုံပါစေ""စိတ်ချပါကိုအာကာ"
ခသက်ကြွေ ခသက်ကြွေ မင်းတို့ဘာတေလုပ်ကြဦးမှာလဲ...
_____________________________________
ကိုကိုကသူနဲ့လက်ထပ်ချင်သည်တဲ့။
ချစ်သူသက်တမ်းမကြာသေးပေမဲ့လည်း
သူတို့လက်ထပ်တော့မည်။
၃နှစ်လောက်တွဲပီးမှလက်ထပ်ရမယ်လို့ဘယ်သူ
ပြောထားလဲ အဓိကကသူနဲ့ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်ဖို့ပဲ။
သူလဲလက်ခံလိုက်ပါသည်
ကိုကိုကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာ
သူသိသည်။
ကိုရဲရင့်တို့သတင်းယူနေတာလည်းသူတို့သိတယ်။
ကိုစစ်ဆီသတင်းရောက်ဖို့ပဲသူတို့လည်းပေါ်တင်ဖိတ်စာဆိုင်လာခဲ့တာပင်။"(ခ)ဒါလေးကြိုက်လား"
နို့နှစ်ရောင်ဖိတ်စာလေးပေါ်မှရွေမှိန်ရောင်ပန်းပွင့်သေးသေးလေးများပါသောဖိတ်စာရွက်လေးကို
ကိုကိုကပြလာခဲ့ခြင်း
ကိုကိုကသူ့အကြိုက်ကိုတကယ်သိသည်
သူစာအုပ်ကုိုက်တာလဲကိုကိုသိတယ်
သူကော်ဖီကြိုက်တာလည်းကိုကိုသိတယ်
သူရုိးရှင်းတာလေးတေကြိုက်တာလည်းကိုကိုသိနေပြန်တယ်။"ကြိုက်တယ် ကိုကို"
"အကိုဒီပုံစံလေးလိုချင်တယ် စာသေချာရေးပေးပါ"
"စိတ်ချပါကျတော်တို့သေချာလုပ်ပေးပါ့မယ်"
သူတို့ပျော်ရွင်စာဖိတ်စာဆိုင်ထဲမှထွက်လာခဲ့သည်။
ကိုကိုကရှမ်းခေါက်ဆွဲဆိုင်ကောင်းကောင်း
တွေ့ထားတယ်တဲ့ သူရောကိုကိုရောရှမ်းခေါက်ဆွဲအလွန်ကြိုက်ကြသည်။
ကိုကိုကပြောသေးတယ်ဟန်နီးမွန်းကိုပြင်ဦးလွင်
သွားမယ်တဲ့ အဲ့မှာရှမ်းခေါက်ဆွဲတေတဆိုင်ပီးတဆိုင်ဝင်စားကြမယ်၊ဒီဇင်ဘာသွားပီးနွားနို့သွားသောက်ကြမယ်၊ကန်တော်ကြီးသွားပီးမျော်စင်တက်မယ်၊ပိတ်ချင်းမြေင်ရေတံခွန်သွားကြမယ်၊တရုတ်ဘုံကျောင်းရှေ့ကညစျေးတန်းသွားကြမယ်တေရောပြောတာစုံနေတာပါပဲ။
သူပြင်ဦးလွင်တခါမှမရောက်ဘူးပါ
ဒါပေမဲ့ပြင်ဦးလွင်မြို့ဟာတကယ်အေးချမ်းတဲ့မြို့
လေးဆိုတာတော့သူသိသည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်