part2

5.5K 179 0
                                    

ကားသုံးစီး၏ဦးတည်ရာကရန်ကုန်မြို့ရဲ့တနေရာ။

အနက်ရောင်ကားနှစ်စီးဟာလည်း
သူတို့နောက်မှထပ်ကြပ်မကွာ
ခသက်​ကြွေလဲဘာမှကိုမ​တွေးချင်​သော​ကြောင့်မျက်စိမှိတ်ကာခန​မှေး​နေလို​က်​သည်။

ခသက်​ကြွေအ​ဖေက​ရှေ့နှစ်နှစ်က
နှလုံးအ​မော​ဖောက်ကာဆုံးသွားသည်။
မိ​ထွေးကလဲအ​ဖေ့အ​မွေများကိုတစ်ဝက်ခွဲ​ပေးကာဘယ်​တော့မှမဆုံရ။​အောင်ဆိုပြီးပိုက်ဆံများယူကာ
ဘယ်ကမ္ဘာရောက်သွားမှန်းမသိ
ထိုစကားအဓိပ္ပါယ်ကငါကနင့်မိ​ထွေးမဟုတ်​တော့ဘူးနင်ကလဲငါ့နဲ့ဘာမှမဆိုင်​တော့ဘူးဟူ၍ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်ပိုက်ဆံတဝက်​ပေးသွားတာပဲ​ကျေးဇူးတင်​ရမည်။

ယခု​လော​လောဆယ်​တော့ COFFEE SHOPတခုတွင်အလုပ်လုပ်သည် coffeeကြိုက်​သော​ကြောင့် ​လေ့လာထား​သောအရာများကအလုပ်လုပ်ရာတွင်အသုံးဝင်သည်။အချိန်၈လ​လောက်အတွင်း
ပိုင်ရှင်ဦးလေးရဲ့အယုံအကြည်ရဆုံးလူဖြစ်လာသည်။

ဆိုင်တွင်သူမရှိလို့မဖြစ်ဆိုင်ရှင်ဦး​လေးကလဲတလမှတခါ​လောက်သာဆိုင်ကိုလာကြည့်သည်။သူကိုယ်တိုင်ကလဲအလုပ်​ပေါ်
အခွင့်အ​ရေးယူတတ်သူ
​မဟုတ်တော့အားလုံကသူ့ဆိုချစ်ကြသည်။သူ့သူငယ်ချင်း
သတိုးကလဲတိုက်ခန်းဌားရင်ပိုက်ဆံပိုကုန်လိမ့်မယ်ဆိုကာသူရဲ့တိုက်ခန်းမှာပဲ​နေခိုင်းသည်။
ပိုက်ဆံ​တော်​တော်စုမိလာ​တော့ကိုယ်ပိုင်COFFEE ဆိုင်လေးဖွင့်ရန်သတိုးနှင့်တိုင်ပင်ဖြစ်သည်။

ခု​တော့​မျော်လင့်ချက်​လေးများ
ကြက်​ပျောက်ဌက်​ပျောက်​
နေ​ကောင်းစစ်ကြွယ်ဆိုသူကသူ့ဘဝကိုဝင်ရှုပ်သည်။
အဲ့​နေ့ကဆိုင်ကဝန်ထမ်းမ​လေးက
​နေ​ကောင်းစစ်ကြွယ်တို့ဝိုင်းကို​​ကော်ဖီသွားချရာနေ​ကောင်းစစ်ကြွယ်က​ကော်ဖီဗန်းကိုလက်နှင့်မသိမသာတိုက်ချလိုက်​တော့ကော်ဖီ​တွေ
နေ​ကောင်းစစ်ကုွယ်အကျီပေါ်သို့မှောက်သွား​လေသည်။

" SHITTTTTT! မင်းဘယ်လိုလုပ်လိုက်တာလဲ!!!! ေ

"ကျမတောင်း..​တောင်းပန်ပါတယ်ရှင်"

​ကောင်တာမှာထိုင်​နေ​တော့ဖြစ်စဥ်အကုန်မြင်​နေရသည်ဘာပဲဖြစ်ဖြစ်​ပြေလည်အောင်သွားဖြေရှင်းရမည်။ကောင်မလေးခဗျာတုန်တုန်ယင်ယင်နဲ့။

"ဟုတ်ကဲ့ ကျတော်ဒီဆိုင်ရဲ့တာဝန်ရှိသူပါဘာများဖြစ်လဲမသိဘူး"

"မင်း​ကောင်တာမှာထိုင်​နေတာမဟုတ်ဘူးလားဘာဖြစ်သွားလဲမမြင်ဘူးလား"

"ဗျာ"

ဒီလူသက်သက်လာရစ်​နေတာသူလဲမှား
​သေးတယ်လူကို​အော်လားဟစ်လားနဲ့

"ခင်ဗျားက​ကော်ဖီဗန်းကိုလက်နဲ့မသိမသာတိုက်ချလိုက်တာ​တော့ကျ​တော်မြင်ပါတယ်"

"ဘာ!မင်း"

တင်းမာလာသောအခြေအနေကြောင့်ဟိုလူကြီးရဲ့သူငယ်ချင်းဖြစ်သူထင်တယ်

"ကဲ​ပါ နေကောင်း​ရယ် ထားလိုက်​ပါ သွားကြရ​အောင်​နော်"

"တောက်! မင်း​တွေ့မယ်"

##################
​နေ​ကောင်း​တော်​တော်​ဒေါသထွက်သွားသည်​။
ကောင်​လေးက​တောင်းပန်မယ်လို့ထင်​ထားတာ

"တောက်! ငါ့ကိုဘယ်လိုပြန်​ပြောသွားလဲ​တွေ့လား"

"ဟိုကလဲအမှန်​ပြောတာပဲ​လေ အဲ့ကောင်လေးမျက်လုံးကတော့လျင်သားနော်ဟက်ဟက်"

"ရီမနေနဲ့အာကာအဲ့​တာ​မင်း​ကြောင့် မင်းပဲအဲ့ကောင်လေးကချစ်စရာလေးဆို ငါ​တော့မ​ထင်​ပါဘူးသူကကျားပေါက်လေးနဲ့တူတယ် ငါ့မျက်လုံးကို​စေ့​စေ့ကြည့်ပီးပြန်​ပြောသွားလိုက်တာများ"

"ဟား... ဟား.. မင်းကိုနိုင်မဲ့သူ​တွေ့ပီထင်တယ်"

"ဒါမဲ့ငါသူ့ကိုစိတ်ဝင်စားတယ် စိတ်ဝင်စားတာထက်ဘယ်လို​ပြောမလဲ သိမ်းထား​ချင်းတာ"

"ဟာ​ဟေ့​ကောင်သူက​လူ​နော် မင်းစွတ်စွတ်မလုပ်နဲ့"

"မသိဘူးကွာငါသူ့ကိုပိုင်ဆိုင်ချင်တာပဲသိတယ်"

ဒီတခါအာကာမရယ်နိုင်​တော့​ကောင်​လေးကို​နေ​ကောင်းနဲ့​ပေး​တွေ့မိတာမှားပီထင်သည်။
ဒီ​ကောင့်အ​ကြောင်းသူသိတယ်လိုချင်တာရှိရင်မရရ​အောင်ယူမယ့်သူ
ဟူး..ဘာတေဆက်ဖြစ်လာအုန်းမှာလဲ။
အာကာစိတ်ထဲမှာသာသက်ပြင်းချနိုင်​တော့သည်။

###########################







အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now