နေကောင်းစစ်ကြွယ်အသက်၁၈
ပြည့်တဲ့နေ့တွင်ပဲသူ့ရဲ့နေအိမ်မီးလောင်ကာသူ့အဖေနဲ့
အိမ်ဖော်တချို့မီးထဲပါသွားသည်။
ထိုမီးကမတော်တဆမဟုတ်ကြံစည်သူမှာ
သူ့အမေအရင်း....ဦးစစ်နိုင်ခေါ်သူ့အဖေကအမှန်တော့သူပထွေး။
သူ့အမေဒေါ်မာယာမေကပွေရူပ်လာသောဇာတ်
အပေါင်းကိုဦးစစ်နိုင်ကမသိကျေးကျွန်ပြုကာ
ဒေါ်မာယာမေကိုဆက်ချစ်ခဲ့သည်။အဆိုးဆုံးဒေါ်မာယာမေမှာဦးစစ်နိုင်နဲ့မဟုတ်တဲ့
ကိုယ်ဝန်ရလာတာတောင်
ဦးစစ်နိုင်သိသော်လည်းလက်ထပ်ကာနေကောင်းစစ်ကြွယ်ကိုသူ့ကလေးဖြစ်စေခဲ့သည်။သူ့ကိုမွေးပီးသုံးလလောက်နေတော့
ဒေါ်မာယာမေကကလေးကိုပစ်ကာအရူပ်ဇာတ်တွေခင်းပြန်သည်။ဦးစစ်နိုင်မှာသူ့ရဲ့အင်အားနဲ့သူ့မိသားစုကိစ္စမပေါက်ကြားစေရန်အစွမ်းကုန်လိုက်ဖုံးပေးသည်။
နောက်တော့ကလေးကိုပြုစုဖို့ရာအိမ်တော်ထိန်းဒေါ်မြတာဝန်ဖြစ်လာသည်။
နေကောင်းစစ်ကြွယ်ကဒေါ်မြနှင့်သူ့အဖေလက်ထဲတွင်ပဲအရွယ်ရောက်လာသည်။သူဒေါ်မြကိုမေးဖူးသည်
"မေကြီးမြ သားရဲ့အမေကဘယ်သူလဲဟင်"ဒေါ်မြခဗျာအံသြလွန်းလို့ခနတာနှုတ်ဆိတ်သွားသည်။
"သားရဲ့မေမေက မမမာယာမေလေဘာဖြစ်လို့လဲသားရဲ့"
"ဟင် သားရဲ့မေမေကဒေါ်မာယာမေဟုတ်လို့လား
ကျောင်းကသူငယ်ချင်းတွေကပြောတယ် မေမေတွေဖေဖေတွေကသူတို့သားသမီးတေကိုအရမ်းချစ်ကြတယ်တဲ့ ဒေါ်မာယာမေကိုကြည့်ရတာသားကိုမချစ်ပါဖူး သူ့ကိုမေမေလို့ခေါ်တာတောင်မကြိုက်ဘူး သားကိုတွေ့ရင်လဲအမြဲစိတ်ပျက်သလိုကြည့်သွားတာ""မဟုတ်တာ သားရယ် မမလေးကသားကိုချစ်ပါတယ်သူအလုပ်မှာစိတ်ရူပ်နေလို့နေမှာပါ"
ဒေါ်မြမှာအကြောင်းစုံသိသော်လည်းကလေးဝမ်းမနည်းစေရန်မညာတတ်ညာတတ်ညာရသည်။
"မေမေကအမြဲအလုပ်ရူပ်နေတာပဲနော် ဟက်"
ဒေါ်မြခဗျာနေကောင်းစစ်ကြွယ်ကိုကြောင်ပီးကြည့်နေမိသည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Cerita Pendek"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်