Barထဲသို့ဝင်လိုက်တာနဲ့အလယ်ဝိုင်းလောက်မှာထိုင်နေသောသူ့ရဲ့ငယ်ကိုမြင်နေရသည်၊
ငယ်ကတစ်ယောက်ယောက်နဲ့
စကားများပြောကာပြုံးရွင်လို့
သူ့ကိုကျောပေးထားသောကြောင့်ထိုလူကိုတော့သူ
မမြင်ရ။ငယ်တို့ဝိုင်းကိုအသာလေးသွားကာ...
"ငယ်ပြန်ရအောင်လေ"
မိုးမြင့်သီဟအသံလာရာနောက်သို့လှည့်ကြည့်လိုက်တော့
"ဟာကိုနေကောင်းစစ်ကြွယ်ပါလားမတွေ့တာကြာပီနော် ဒယ်ဒီအိမ်လဲမလာတော့ဘူး"မိုးမြင့်သီဟ!
မိုးမြင့်သီဟကိုဒီမှာမြင်ရလိမ့်မယ်လို့
သူတကယ်မထင်
ထားပါ။
မိုးမြင့်သီဟသည်လည်းသူ့လိုနောက်ခံကောင်းသူမို့သူ့အကြောင်းတွေအကုန်ဖော်ပြစ်မှာစိုးတာကြောင့်သတိကြီးကြီးထားနေရသည်။
သူတချက်လောက်မှားလိုက်တာနဲ့ .......
အထူးသဖြင့်ငယ့်အကြောင်း ဘယ်သူမှသိလို့မရ။ကြောက်စိတ်ကြောင့်သူ့လေသံမာသွားရသည်။
"ငယ် ပြန်ရအောင်လို့ပြောနေတယ်လေ""ခနလေးနေပါဦးဒီမှာကိုမိုးမြင့်သီဟနဲ့"
"ငါပြောတာနားထောင်ရမှာ မင်းအလုပ်မဟုတ်ဘူးလား"
"ဒီမှာကိုနေကောင်းစစ်ကြွယ်"
သတိုးဝင်ပါလေပီ"ကျတော်တို့ကအသက်ပြည့်ပြီးတဲ့သူတေပါbar
လေးလာတာဒီလောက်စိတ်တိုစရာလား ကျတော့်သူငယ်ချင်းကအရုပ်မဟုတ်ဘူး သူ့ခဗျာဟိုမသွားရဒီမလုပ်ရနဲ့ ခင်ဗျားသူ့ကိုလှောင်အိမ်ထဲကငှက်ကလေးလိုဆက်ဆံနေတာလား"သတိုးကအားလုံးကြားအောင်အသံကို
မြှင့်ပြောလိုက်သည်.
သတိုးစကားကြောင့်အားလုံးကနေကောင်းစ်ကြွယ်ကိုတီးတိုးဆိုနေကြပြီးခသက်ကြွေကိုသနားသောမျက်လုံးများဖြင့်ကြည့်နေကြသည် ။
တချို့ကလဲဘာတေလဲ
ဘာတေလဲဆိုကာပြစ်တင်ရူံ့ချသံများ...ခသက်ကြွေကတော့ခေါင်းကိုအတင်းငုံထားကာဘာ
စကားမှမပြော။မိုးမြင့်သီဟကတော့
အခြေအနေကိုအကဲခတ်နေသည်။နေကောင်းစစ်ကြွယ်ဒီမှာကြာကြာမနေချင်တော့
ပြီးတော့မိုးမြငိ့သီဟ
ဒီကောင်ငါ့ဆီကငယ်ကိုလုသွားရင်ဘယ်လိုလုပ်မလဲ...
မဟုတ်ဘူး၊ အဲ့လိုမဖြစ်ရဘူးအချိန်ခနလေးပဲစောင့်ပေးပါငယ်
အားလုံးပြီးတာနဲ့ငယ်ကိုလူသိရှင်ကြားလက်ထပ်မှာပါ။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်