"ကိုကို! ကိုကို!"
အလန့်တကြားပြေးလာသော(ခ)ကြောင့်
မိုးမြင့်သီဟနဲ့အာကာအကြည့်စစ်ပွဲ
များပြိုင်ချင်းရပ်တန့်သွားရတော့သည်။"ဘာဖြစ်လို့လဲ(ခ)"
"ကိုကို ဟို ကိုစစ်လေ "
ခသက်ကြွေမှာအကြည့်တို့ကငြိမ်သက်မနေ
စကားတို့ဟာလည်းအထစ်ထစ်နှင့်
ခသက်ကြွေအပြောကိုစောင့်မနေတော့ဘဲ
အာကာကတော့အခန်းထဲပြေးသွားပါသည်။
မိုးမြင့်သီဟပါအာကာ့နောက်လိုက်သွားသည်။
ခသက်ကြွေကတော့လေးလံနေသောသူ့ခြေ
ထောက်များကိုအားပြုကာဖြည်းဖြည်းချင်း
မိုးမြငိ့သီဟတို့နောက်လိုက်သွားသည်။အာကာကအခန်းဝမှာပဲရပ်နေသောကြောင့်
မိုးမြင့်သီဟကအာကာကိုကျော်ပီးအရှေ့သို့
ကြည့်လိုက်တော့"ကိုနေစစ်!!"
မိုးမြင့်သီဟကတော့နေကောင်းစစ်ကြွယ်နားအမြန်
သွားကာနှလုံးခုန်နှုန်းနားထောင်လိုက်
လက်ကောက်ဝတ်စမ်းလိုက်
လည်ပင်နားစမ်းလိုက်
နှလုံးခုန်နှုန်းပြန်စမ်းလိုက်နှင့်
အလုပ်ရူပ်နေပါသည်။ခသက်ကြွေကတော့အသံမထွက်ဘဲနှင့်
မျက်ရည်တဖြိုင်ဖြိုင်စီးဆင်းစေလျက်
အာကာကတော့အသိစိတ်မရှိတော့သော
လူတစ်ယောက်လို။
မိုးမြင့်သီဟ ခသက်ကြွေကိုလှမ်းကြည့်လိုက်ကာ"(ခ) သူအသက်မရှိတော့ဘူး"
ထိုစကားအဆုံးမှာတော့ခသက်ကြွေက
မျက်လုံးများကိုမှိတ်ချလိုက်ပီးပိုငိုပါတော့သည်။
ထိုအခါမှအာကာကနေကောင်းစစ်ကြွယ်နား
ဖြည်းဖြည်းချင်းလှမ်းလာကာဖြူစုတ်နေသော
နေကောင်းစစ်ကြွယ်ခန္တာအားရင်ခွင်ထဲပိုက်ကာ
ရူိက်ကြီးတငင်ငိုတော့သည်။"နေကောင်းရာ မဟုတ်ဘူး မဟုတ်ဘူး
မိုးမြင့်သီဟနေကောင်းမသေသေဘူးလို့
ပြောစမ်းပါ ပြောကြလေ နေကောင်းမသေဘူးလို့
ဟမ် ပြောလို့ အား....."တစ်ယောက်မှအသံမထွက်ကြဘဲတိတ်ဆိတ်နေကြသည်။
ရဲများကနေကောင်းစစ်ကြွယ်နားလာစဥ်
"သွားမထိနဲ့ နေကောင်းကိုမထိကြနဲ့ထွက်သွား!"
"ကျတော်တို့က တာဝန်အရ..."
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်