"မင်းဒီကိုဘာလာလုပ်တာလဲ မိုးသစ္စာ"
"ကိုကိုတို့ကလဲအပြောင်းလဲမြန်သလားမမေးနဲ့ချက်ချင်းကိုမိုးသစ္စာဖြစ်သွားတော့တာပဲ"
နှုတ်ခမ်းလေးစူကာ
စိတ်ကောက်သလို
ပြောနေသောမိုးသစ္စာကတကယ့်ကို
မိန်းမချောလေးပင်။
တခြားကောင်လေးများအတွက်ပေါ့.....
မိုးသစ္စာကိုသူတွဲခဲ့ရခြင်းမှာငယ့်
အကြောင်းကိုဖုံးဖိထားချင်လို့
တရားမဝင်လုပ်ငန်းများလုပ်သူအဖို့
အမှားအယွင်းရှိလို့မရအားလုံးက
သူ့ကိုဆွဲချင်တဲ့သူတွေချည်း။
သူ့တို့ကိုမိသွားရင်ကြားထဲကငယ်က
ဒုက္ခရောက်မည်။"အပိုတွေပြောမနေဲ့မိုးသစ္စာ မင်းဘာလိုချင်လဲပြော"
"ဟိုတနေ့ညကကိုကိုတောင်းတာလေးပေးချင်ယုံပါ"
ဟုပြောကာသူ့ရဲ့အပေါ်ဝတ်အပါးလေးကို
ချွတ်လိုက်တော့မီးခိုးရောင်ဖဲသားမကျပ်တကျပ်ဂါဝန်လေးက
သူ့ရဲ့ခန္ဓါကိုယ်ချိုးအစားကိုပေါ်လွင်စေသည်။
ထို့နောက်နေကောင်းစစ်ကြွယ်ရဲ့
လည်တိုင်ကိုဖက်ကာ
နှုတ်ခမ်းကိုထိတော့မည်အလုပ်...
နေကောင်းစစ်ကြွယ်တွန်းထုတ်လိုက်သောကြောင့်
အနောက်မှာရှိတဲ့စာကြည့်စားပွဲနှင့်သူ့ရဲ့ခါး
သွားတိုက်တော့သည်။အာ့!
"ငါက အဲ့နေ့ကဒီတိုင်းပြောလိုက်တာ မင်းကဒီထိရောက်လာပီးအဲ့လောက်ဖြစ်ပျက်နေ
မယ်လို့မထင်ထားဘူး မင်းလိုလူမျိုးကိုငါကအပျော်
ပဲစိတ်ဝင်စားတယ်"နေကောင်းစစ်ကြွယ်စကားကြောင့်မိုးသစ္စာတော်တော်ဒေါသထွက်သွားသည်။
"ကျမရှင်နဲ့ဆက်မတွဲနိုင်တော့ဘူး"
"ဘာလဲငါနဲ့တွဲလို့ရတဲ့ပ်ုက်ဆံကနည်းလို့လား"
"ရှင်ဘာစကားပြောတာလဲ"
"မင်းကပိုက်ဆံအတွက်ငါ့ကိုတွဲနေတာမလား အမှန်ပြောတော့နာတယ်ပေါ့"
"ကောင်းပီလေကျမကပိုက်ဆံအတွက် ရှင့်ကိုတွဲတာမှန်ပါတယ် ဒါပေမဲ့"
"ခုနကမင်းခါးနာသွားတယ်မလား စိတ်မပူပါနဲ့မင်း
အကောက်ထဲပိုက်ဆံတေလွှဲပေးလိုက်မယ် သိန်း၁၀၀
လောက်ဆိုမနည်းဘူးမလား""ရှင်အရာရာကိုငွေနဲ့ဝယ်နိုင်မယ်ထင်နေတာလား"
"ဘာလဲနည်းပြန်ပီလား"
"ကျမဒီတခါလေးလေးနက်နက်မေးနေတာနော်ရှင်ကောင်းကောင်းဖြေသင့်တယ်"
"တစုံတယောက်ရဲ့အချစ်ကိုမရကတည်းကငွေနဲ့အရာရာကိုဝယ်လို့မရနိုင်တာသိသာနေတာပဲလေ"
အခန်းထဲကထွက်သွားသောနေကောင်းစစ်ကြွယ်ပြောလိုက်သောစကားကြောင့်မိုးသစ္စာ
အတွေးများသွားရသည်။
အချစ်ဟုတ်လား နေကောင်းစစ်ကြွယ်ကချစ်တတ်သည်ပေါ့.....ထို့နောက်သူလည်းအကျီကို
ကပြာကယာပြန်ဝတ်ကာ
လျို့ဝှက်ကင်မရာဖြုတ်ပီးအခန်းထဲမှပြေးရတော့သည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်