ဒီနေ့သူအစောကြီးနိုးလာသည်။
ကိုစစ်တို့တောင်သွားပီလားမသိ
ကိုအာကာပါပါမှာတဲ့
သူ့နဖူးကိုတစ်ယောက်ယောက်
နမ်းသွားတဲ့ခံစားချက်ကအိမ်မက်လိုလိုဘာလိုလို...
မနက်စာသွားစားရင်းမိအေးကိုမေးတော့မှ
သူဌေးတို့ကခုနကလေးတင်သွားကြတယ်တဲ့။
မသွားခင်သခင်လေးအခန်းထဲဝင်သွားတယ်
ဆိုကတည်းကကိုစစ်ကသူ့နဖူးကိုနမ်းသွား
တယ်ဆိုတာသေချာပီ။ဘာမှလဲလုပ်စရာမရှိတော့TVထိုင်ကြည့်နေလိုက်သည်။
လိုင်းပြောင်းနေရင်းမိုးသစ္စာကTVထဲမှာပါလာတော့
သူကြည့်နေမိသည်။ရုိးရုိးလေးပါပဲတဲ့
"တခုခုလိုချင်ရင် တခုခုရင်းရမယ်"တဲ့
သိပ်ကောင်းတဲ့ရုိးရှင်းတဲ့စကားပဲ။
သူတောင်နာမည်ကြီးမော်ဒယ်တစ်ယောက်
ဖြစ်လာပီ။
သူတစ်ချက်တော့ပြုံးလိုက်ပါသည်
အရောင်မပါသောဖြူစင်တဲ့အပြုံးဖြင့်။ကိုကို့ကိုဖုန်းဆက်ရဦးမယ်။
ဖုန်းဝင်သွားတော့တစ်ဖက်မှနှုးညံတဲ့အသံ"ဟယ်လို(ခ)ကိုယ်အခုပဲဖုန်းဆက်တော့မလို့"
"အပိုတွေ ကျတော့်ကိုမေ့ထားတာမလား"
"မမေ့ရပါဘူး(ခ)ရယ် ကိုယ်ခုတလောအလုပ်ရူပ်နေလို့ ဒါနဲ့(ခ)ကိုယ့်ကိုတခုလောက်ကူညီပါလား"
"အင်း ပြောလေ"
"ကိုယ့်ကိုလေ ကိုနေစစ်အခန်းထဲမှာUSBရှာ
ပေးပါလား""USB"
"ဟုတ်တယ်(ခ) ကိုယ်လာခေါ်ရင်(ခ)ကို
အားလုံးပြောပြမယ် ဖုန်းမချနဲ့(ခ)"သူကိုစစ်အခန်းထဲတခါမှမသွားဖူး
"ကိုကို အခန်းထဲရောက်ပီ""ဟုတ်ပီခ "
ဖုန်းကိုspeakerဖွင့်ထားပြီးစာပွဲးပေါ်တင်ထားတာ
USBရှာဖွေရေးလုပ်ငန်းစရတော့သည်။
အရင်ဆုုံးအံဆွဲများကိုဖွင့်ကာရှာသည်။
မတွေ့
ထို့နောက်ဗီဒို၊အဝတ်များကြား၊LONG COAT
အိပ်ကပ်တွေထဲရှာသည်။
မတွေ့ ဗီဒိုအောက်ဖက်နားကြားဗူးတခုတွေ့လို့
သူယူကြည့်ကာဖွင့်လိုက်တော့။နိုင်ငံခြားဖြစ်သေနတ်တလတ်။
သူတော်တော်လန့်သွားသည်။
ဗူးကိုအမြန်ပြန်ပိတ်ကာနေရာတကျပြန်ထားလိုက်သည်။ကိုကိုကိုပြန်ပြောဖို့စာပွဲနားအလာ
ဓါတ်ပုံတပုံတွေ့သွားသည်။
ပုံထဲမှာအားရပါးရပြုံးရယ်နေသော
ကိုစစ်နဲ့ကိုစစ်နည်းတူပြုံးရယ်နေသော
ဦးလေးတစ်ယောက်။"ကိုကို ဒီမှာပုံတစ်ပုံတွေ့ထားတယ် ကိုစစ်နဲ့ဦးလေးကြီးတစ်ယောက်ပုံ"
"အဲဒါကိုနေစစ်ရဲ့အဖေဖြစ်မယ်(ခ)ကိုနေစစ်အချစ်
ဆုံးဆိုတာသူ့အဖေနဲ့ဒေါ်မြပဲရှိတယ်"ဓါတ်ပုံကိုသေချာယူကြည့်နေရင်းဓါတ်ပုံဘောင်
ဘေးနားတွင်ခလုတ်သေးလေးတခုတွေ့သည်။
သိချင်စိတ်ဖြင့်နှိပ်ကြည့်လိုက်တော့
ကိုစစ်နဲ့သူ့ဖေပုံကဘေးသို့တဖြည်းဖြည်းရွေ့
သွားပီးအထဲတွင်နေရာတကျထားထားသော
USBလေးကိုတွေ့ရသည်။"ကိုကို USBတွေ့ပီ"
"ဟုတ်လားခ ယူပီးလာခဲ့တော့ ကိုယ်ကားထဲစောင့်နေမယ်"
USBလေးကိုအိပ်ကပ်ထဲထည့်ကာဓါတ်ပုံကိုသေချာ
ပြန်ထားပီးထွက်လာခဲ့သည်။
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်