part22 (ending)

4.5K 72 35
                                    

၁နှစ်ခန့်ကြာသော်.......

"HAPPY 1 year Anni (ခ) "
ကိုကိုကဝမ်းပန်းတသာဆိုရင်သူ့ကိုဆွဲဖက်လိုက်
​လေသည်။
ကိုကို့ရဲ့အပြုံး​တွေကဖြူစင်လွန်းလှသည်။
ကိုကို​ပျော်ရင်သူလည်း​ပျော်ရပါသည်။
ကိုစစ်ကိုသတိရမိသွား​တော့သူ​မျက်နှာ​တစ်
ချက်ပျက်သွားပေမဲ့ချက်ချင်းပြန်ထိန်းလိုက်နိုင်ပါ
သည်။ကိုစစ်ဆုံးတာ၁နှစ်နဲ့၁၀ရက်ကြာခဲ့ပီ။
ကိုကိုကတော့သူ့ကိုဖက်ထားတဲ့အတွက်သူ့
မျက်နှာကိုမြင်လိုက်မည်မဟုတ်။
Anni dayမှာကိုကိုနဲ့အတူပျော်ချင်သော
ကြောင့်ကိုစစ်ကိုမစဥ်းစားမိရန်အကြိမ်ကြိမ်
သတိ​ပေးရသည်။

"(ခ) ကိုယ်တို့ဒီ​နေ့ကို​နေစစ်ဆီသွားကြမယ်​လေ"

မ​မျော်လင့်ထားသောစကားကြောင့်ခသက်ကြွေ
နည်းနည်း​တော့​ကြောင်သွားသည်။

"ကိုကို့သ​ဘော"

"ကဗျာလား အေးငါတို့လာခဲ့မယ်တနေ​ရာသွား​နေလို့
​အေ​အေ"
မိုးကဗျာ​မေဆိုတာသူ့ညီမဝမ်းကွဲ။
သူနဲ့ကဗျာကစိမ်းတယ်ဆိုပေမဲ့ခုနောက်ပိုင်းကဗျာက
ကျောင်းတက်ရန်သူတို့အိမ်ရောက်လာတော့
သူနဲ့သာမက(ခ)နဲ့ပါ​ရင်းနှီး​လာသည်။
သူ့ကိုကကိုကြီး(ခ)ကိုကြတစ်သက်သက်နဲ့နေတော့တာပဲ။ဘာပဲဖြစ်ဖြစ်ညီမလေးတစ်ယောက်
ရောက်လာတော့အိမ်လေးထဲမှာပို၍စိုပြေလာ
သည်မှာ​အမှန်​ပင်​။

"(ခ) အ​မေကကိုယ်တို့Anniကိုအိမ်မှာလုပ်ကြမယ်တဲ့"

"ကောင်း​သား​ပဲ​ကိုကို ဒါပီးရင်သွားကြတာ​ပေါ"
စကားတာဆုံးအောင်မပြောလိုက်ရသေး
ကိုကိုကသူ့နှုတ်ခမ်းကိုထိကပ်ရုံမျှနမ်းလိုက်သည်။

"ကိုကို ! ဘာလုပ်​တာလဲကား​သေချာ​မောင်း​လေ"

"ချစ်​လို့ "

ကိုကိုနဲ့နေရတာသူတကယ်ပျော်ရပါသည်။
ကိုကို့မိသားစု​တွေကလည်းသူ့ကိုသား​လေးတစ်​ယောက်လိုဆက်ဆံကြသည်။
တူလေးနှစ်ယောက်ကလည်းတစ်ဦးတည်း
ဦးကြတော့တာပဲ။မတွေ့လိုက်နဲ့တွေ့ရင်
နှစ်ယောက်လုံးသူ့ပေါင်ပေါ်မှာပဲထိုင်နေကြလို့
ကိုကိုနဲ့​တောင်စကားများကြ​သေးသည်။

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now