ည10နာရီလောက်ထမြည်သောဖုန်းကြောင့်အာကာအိပ်ချင်မူးတူးနှင့်သွားကိုင်ရသည်။
"ဟယ်လို""အာကာ ငါ ..ငါနေကောင်းပါ မင်းအခုလာလို့ရမလားဟင်"
တဖက်ကငိုသံကြီးနဲ့စကားပြောလာသောကြောင့်အိပ်ချင်စိတ်တောင်ပျောက်သွားရသည်။
"မင်း ငိုနေတာလား"
"......"
"ငါအခုလာပီ"
အာကာမှာအကျီတောင်မလဲနိုင်နေကောင်းစစ်ကြွယ်အိမ်သို့ပြေးရတော့သည်။
__________________________________
"ဟာ ဟေ့ကောင်"
နေကောင်းစ်ကြွယ်ရှေ့တွင်အရက်ပုလင်းများကအစီအရီ။
ဘီယာတောင်စိတ်ကူးပေါက်မှသောက်တတ်သူက
အရက်ပုလင်းတေနဲ့ဆိုတော့....သူနေကောင်းဆီသို့ဖြေးညင်းစွာသွားကာ
"နေကောင်းငါကိုကြည့်စမ်းမင်းဘာဖြစ်လာတာလဲ"
နေကောင်းရဲ့မျက်လုံးများကနီရဲရီဝေနေသည်
နေကောင်းရဲ့ခုလိုပုံစံကြောင့်သူရဲ့ရင်ဘက်တနေရာကဆစ်ခနဲ။သူ့မှာဖွင့်ပြောဖို့ခွန်အားမရှိပါ
မပိုင်ဆိုင်ရရင်တောင်အနားလေးတော့
နေချင်ပါသည်လေ။"နေကောင်း ငါကမင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေငါ့ကိုပြောပြလို့ရပါတယ် "
မင်းကတော့ငါအတွက်အချစ်ရဆုံးသူဖြစ်ပေမဲ့ငါကတော့မင်းရဲ့သူငယ်ချင်းထက်မပိုပါဘူးလေ။
"ငါ...ငါသူ့ကိုနာကျင်အောင်လုပ်လိုက်မိတယ်"
သူဆိုတာဘယ်သူ့ကိုရည်ညွန်းမှန်းအာကာသိသည်။"ငါနားမလည်ဘူး သေချာပြောပြပါလား"
"ငါလေ သူဆန္ဒမပါတဲ့အရာကိုအတင်းယူမိလိုက်တယ် ငါသူ့ကိုနာကျင်အောင်လုပ်မိပီ"
"ဘာ!"
ပြောပြီးသည်နှင့်နေကောင်းစစ်ကြွယ်ရှုိက်ကြီးတငင်ငိုပါတော့သည်
ဘဝမှာဒီလိုငိုရတာဒုတိယအကြိမ်မြောက်အာကာ့မှာတော့နေကောင်းစစ်ကြွယ်ပြောသမျှကိုရင်နာနာနှင့်နားထောင်နေရသည်။
"ငါလေသူ့ကိုချစ်လို့အဆုံးရူံးမခံနိုင်လို့ခုဘိုလုပ်မိတာပါငါစိတ်ကိုငါမထိန်းချုပ်လိုက်နိုင်ဘူး"
ရုတ်တရက်အရက်ပုလင်းခွံနှင့်သူ့လက်ကို
သူရုိက်ချပလိုက်တဲ့နေကောင်းစစ်ကြွယ်ကြောင့်အာကာတချက်တော့လန့်သွားပေမဲ့မတားမိ။"ဒီလက်နဲ့ ဒီလက်နဲ့ငါသူ့ကိုထိုးမိလိုက်တာ"
ပုလင်းကွဲသွားတာတောင်မရပ်ပဲအကွဲနဲ့ဆက်ရုိက်နေတဲ့နေကောင်းစ်ကြွယ်ရယ်ပါ။
အကြောစိမ်းများယှက်ဖြာနေသောဖြူသွယ်သွယ်လက်ပေါ်မှသွေးနီနီတို့ကမြင်မကောင်း
အဆက်မပြတ်ရုိက်နေသောကြောင့်လက်မှာအသားဖတ်တေလန်ကာစုတ်ပြတ်နေပီ။"ဟေ့ကောင် တော်တော့ "
ထိုမြင်ကွင်းကိုသူဆက်မကြည့်နိုင်။နေကောင်းလက်ထဲမှပုလင်းကွဲကို
ဆွဲယူကာကြမ်းပြင်ပေါ်ကျနေသောပုလင်း
အစလေးများကိုကောက်သိမ်းနေလိုက်နေသည်။ဒုတ်ခနဲအသံကြောင့်နောက်လှညိ့ကြည့်လိုက်တော့...
"နေကောင်း! "
အုတ်နရံနှင့်သူ့ခေါင်းကိုတိုက်နေသောကြောင့်အာကာ့မှာအတင်းသွားဆွဲရသည်။
ရပ်သွားတော့လည်းကြမ်းပြင်မှာထိုင်ချကာမျက်နာကိုသူ့လက်နှင့်အုပ်၍ငိုနေပြန်သည်။
အာကာမှာလည်းဘာမှမတတ်နိုင်တော့..
"ငါဘာဆက်လုပ်ရမလဲအာကာ"
"အဲ့တာတွေနောက်မှတွေးအခုမင်းဒဏ်ရာတေဆေးထည့်ရမယ်"
"ဟင့်အင်းမလုပ်ဘူး ဒါကသူ့ကိုနာကျင်အောင်လုပ်ခဲ့လို့ကိူယ့်ကိုယ်ကိုပေးတဲ့ပြစ်ဒဏ်တေပဲ
မလုပ်ဘူး မလုပ်ဘူး""နေကောင်းရာ"
နေကောင်းစ်ကြွယ်မသိသည်ကအာကာလဲအသံမထွက်ဘဲမျက်ရည်ကျနေသည်ကိုပေါ့။
ကောင်လေးသုံးယောက်ဟာနာကျင်မှုကိုယ်စီဖြင့်....
___________________________________
YOU ARE READING
အချစ်၌ကျရှုံးခြင်း(complete)
Short Story"ခင်ဗျားသိပ်ကြောက်ဖို့ကောင်းတယ်နေကောင်းစစ်ကြွယ်" ခသက်ကြွေ "ဒါကမင်းကိုချစ်လို့ဖြစ်ပေါ်လာတဲ့အတ္တတေမို့အပြစ်မတင်နဲ့ငယ်" နေကောင်းစစ်ကြွယ်