မိုးပြေး ဒီနေ့ hotel ခွဲတစ်ခုမှာပြဿနာလေးဖြစ်လို့ သွားဖြေရှင်းနေရတာနဲ့အိမ်ပြန်နောက်ကျရသည်။ အိမ်ပြန်နောက်ကျတာကတော့ အကြောင်းမဟုတ်ပါ။ တစ်ခါတလေဒီလိုကိစ္စလေးတွေကရှိတတ်စမြဲပဲလေ။ ခက်တာက ဧည့်သည်က တော်တော်ကြီးကိုရစ်နေတာကြောင့် မိုးပြေးလို စိတ်ရှည်ရှည်ထားတတ်သူတောင် ညည်းညူရသည်အထိ။
လမ်းမကြီးတစ်လျှောက်ကားမောင်းလာရင်းနဲ့ လူရှင်းတဲ့လမ်းဘေးတစ်နေရာမှာ ပြဿနာဖြစ်နေပုံရတဲ့လူနှစ်ယောက်ကိုသတိထားမိသည်။ မိုးပြေးက ကားကိုခပ်ဖြေးဖြေးပဲမောင်းလာတာကြောင့် ပြဿနာဖြစ်တဲ့နေရာဆီကိုဘာရယ်မဟုတ်ဘဲကြည့်လိုက်မိတော့ တစ်စုံတစ်ယောက်နဲ့တူတဲ့လူကိုတွေ့သည်။ ထပ်ပြီးသေချာကြည့်လိုက်မိတော့တကယ်ပဲဟုတ်နေသည်လေ။ ကားကို သူတို့ကားတွေ ရဲ့နည်းနည်းအလွန်မှာလမ်းဘေးချရပ်လိုက်ပြီး ကားပေါ်ကနေဆင်းလာသည်အထိ သူတို့ကမိုးပြေးကိုမကြည့်လာ။ ထိုကောင်လေး ရန်တွေဘာတွေများဖြစ်နေတာလား။ မိုးပြေးနဲ့ သိနေပြီဆိုတော့မဖြစ်သင့်တာမဖြစ်အောင်ဝင်ထိန်းရမည်။
"ညီနေရောင်လွှမ်း"
ပုံမှန်ထက် အသံလေးနည်းနည်းမြင့်ခေါ်လိုက်မှ လှည့်ကြည့်လာသည်။ အချင်းများနေတဲ့နှစ်ယောက်ကလည်း သူ့ကိုအံ့သြသလိုကြည့်လာကာ မိုးပြေးနာမည်ကိုအသီးသီးခေါ်လာသည်။
"အစ်ကိုမိုးပြေး"
"ညီ မိုးပြေသဏ္ဍာန်"
မိုးပြေးလည်း အခုမှတစ်ဖက်လူကို ဂရုစိုက်ကြည့်မိတာဖြစ်သည်။ သူနဲ့ အကြိမ်အနည်းငယ် ဆုံဖူးတဲ့ စီးပွားရေးသမားတစ်ယောက်မို့ မျက်မှန်းတန်းမိတော့ရှိပါသည်။
နေရောင်လွှမ်းဆိုတဲ့ကောင်လေးက ဘာတွေများမကျေမနပ်ဖြစ်နပ်လဲမသိ မျက်နှာက ဂျစ်ကန်ကန်ပုံနဲ့ကိုအောင်ခန့်ကို ပေစောင်းစောင်းကြည့်နေတာဖြစ်သည်။
"သြော် ကိုအောင်ခန့်ပဲ ဘာတွေများဖြစ်နေကြတာလဲ"
မိုးပြေး မတတ်သာတော့ဘဲဝင်မေးရတော့သည်။ ကြာရင် ဟိုကောင်လေးက ကိုအောင်ခန့်ကိုဂျိုကြည့်ကြည့်နေတာပေါက်ထွက်တော့မည်။ နေက လူငယ်ဆန်ဆန် အပေါ်အနက်အောက်အနက်ဝတ်ထားကာ body fit အင်္ကျီပေါ်ကနေ ဂျာကင်အနက်ကိုဝတ်ထားသည်။ ဆံပင်တွေကိုက စည်းနှောင်ထားတာမဟုတ်ဘဲ အဆီတစ်မျိုးမျိုးသုံးကာ နောက်ကိုသပ်သပ်ရပ်ရပ်လှန်ဖြီးထားသည်ကြောင့် လူငယ်ဆန်ဆန်မျက်နှာက ပိုပြီးပေါ်လွင်နေသည်။ အရပ်ရှည်ရှည် ဆံပင်ကုပ်ထောက် နှာတံပေါ်ပေါ်နဲ့ နေရောင်လွှမ်းဆိုတဲ့ကောင်လေးက တစ်ကိုယ်လုံးနက်ဆွေးနေသည်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...