ည 10 နာရီကျော် ခြံထဲကို ဝေါခနဲ မောင်းဝင်လာတဲ့ ကားတစ်စီးကြောင့် မိုးပြေး ဆိုဖာခုံရှည်ပေါ်လှဲနေရာကနေ ထရပ်မိတယ်။ ပိတ်ထားတဲ့လိုက်ကာစကိုပင့်မလိုက်ပြီး မှန်အကာအရံကတစ်ဆင့်ခြံထဲကိုကြည့်မိသည်။ မိုးပြေးအခန်းက အပေါ်ထပ်ရဲ့ အစွန်ဘက်မှာရှိတဲ့အတွက် ခြံထဲကိုရှင်းရှင်းလင်းလင်းမြင်ရနေပါသည်။
မိုးပြေး တစ်နေ့လည်ခင်းလုံးကနေ ညအထိပြန်မလာတဲ့ ရောင်လွှမ်းကို စိတ်ပူနေခဲ့တာ။ သူနဲ့အဆင်မပြေဖြစ်ပြီး တစ်ခုခုစိတ်လိုက်မာန်ပါလုပ်ပစ်လိုက်မှာကို စိုးရိမ်နေခဲ့တာ။ ရောင်လွှမ်းက သူ့ ကားထဲကနေ ထွက်လာတော့မှ အပေါ်ထပ်ကနေပုံမှန်ပဲဆိုတာကို မိုးပြေးသတ်မှတ်လိုက်ပြီး ဆိုဖာခုံရှည်မှာသွားပြန်လှဲနေလိုက်တယ်။ ဆိုဖာတွေကဇိမ်ခံအမျိုးအစားထဲကဖြစ်လို့ကျယ်ကျယ်လွင့်လွင့်ရှိတာကြောင့် မိုးပြေးတစ်ယောက်တော့ ကောင်းကောင်းမွန်မွန်အိပ်လို့ရပါသည်။ ညအိပ်ခါနီး မိုးပြေးကိုတွေ့လို့စိတ်ရှုပ်နေရမှာမျိုး ရောင်လွှမ်းကိုမဖြစ်စေချင်ပါ။
ခဏကြာတော့ ခြေသံတွေကြားရသည် ခြေသံတွေကအရမ်းတော့မပြင်းထန်ပါ။ တံခါးဖွင့်ပြီးဝင်လာတာလည်း မိုးပြေးသိနေသည်။ ဒါပေမဲ့ မျက်လုံးတွေကိုမှိတ်ထားကာ အိပ်နေတဲ့ပုံစံအတိုင်းသာနေလိုက်သည်။ မိုပြေးဆိုဖာခုံကို နောက်ကျောဘက်ကနေ ခဏရပ်ကြည့်နေတာကိုလည်းခံစားရသည် ရင်ဘတ်ပေါ်အထိခြုံထားတဲ့စောင်အပါးကို ဘေးတစောင်းလှဲရင်းကနေ လက်နဲ့ဆုပ်ကိုင်ထားမိသည်။ မိုးပြေးဘဝက ငယ်တဲ့သူရှေ့မှာကိုပင် အိပ်ချင်ယောင်ဆောင်နေရသည်။ မသိရင် ဒါကဆော့ကစားနေသလိုကြီးပဲ ကိုယ့်ဘဝမှာလည်းဒါမျိုးတွေလုပ်ရမယ်လို့တစ်ခါမှမတွေးခဲ့။
ခဏကြာတော့ ရေချိုးခန်းထဲကနေ ရေကျသံတွေသဲ့သဲ့ကြားလာရသည်။ ရေချိုးနေတာလား ညမိုးချုပ်ကြီးမှ အအေးပတ်တော့မှာပဲကွာ။ အတန်ကြာမှရေချိုးခန်းထဲကထွက်လာကာ ဟိုလျှောက်ဒီလျှောက်ခြေသံအနည်းငယ်ကြားရပြီးနောက် ခုတင်ပေါ်တက်သွားသည်ထင်ပါရဲ့။ ခဏနေတော့ အဲကွန်းကို ရီမုတ်နဲ့ အရှိန်မြင့်နေတဲ့အသံထွက်လာသည်။ အရမ်းကြီးတိတ်ဆိတ်နေတာမလို့ ဘာလုပ်လုပ် အတိုင်းသားကြားနေရသည်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...