Part[14]

10.1K 836 11
                                    

မိုး​​ပြေးတို့အခန်းရှေ့အနည်းငယ်အကျယ်အဝန်းရှိတဲ့ ဝရံတာမှာ ​​ရောင်လွှမ်းက ​​စီးကရက် ထွက်​သောက်​နေသည်။ ဒီအရွယ်​ယောကျာ်း​လေးအ​နေနဲ့ စီးကရက်​သောက်တာဟာ အဆန်းမဟုတ်​ပေမဲ့ အခုလိုမျိုးကြီး သူ့ဘဝသူဖျက်ဆီးနေတာဟာ မိုး​ပြေးရဲ့အမှားမကင်းပါ။ ​ကောင်ငယ်​လေးအတွက် စိတ်ပင်ပန်း​နေတဲ့ပုံ​ပေါက်​နေတာ​ကြောင့် မိုး​ပြေး​နဲ့စကား​သေချာ​ပြောကြည့်မှရ​တော့မည်။ ဒီအတိုင်းကြီးပဲဆက်သွားလို့ ​​ရောင်လွှမ်းရဲ့ဘဝအတွက် မ​ကောင်းနိုင်​တော့ပါ။

မိုး​ပြေး ဝရံတာ​လေးဆီသို့ လိုက်ထွက်သွားပြီး​ရောင်လွှမ်းရဲ့​ဘေးနားမှာရပ်လိုက်​တော့ ​ရောင်လွှမ်းရဲ့အကြည့်​တွေက သူ့ဆီကို တစ်ချက်ပို့လွှတ်လာသည်။ မိုး​ပြေးက​တော့ ​ကောင်ငယ်လေးကိုပဲကြည့်​​နေလိုက်ကာ

"​ကိုယ့်​ကြောင့် ​ရောင်လွှမ်းပင်ပန်း​နေပြီလား"

"ပင်ပန်းတယ်ဆိုရင် ခင်ဗျားက ဘာလုပ်​ပေးမှာမလို့လဲ"

​ည​လေး​အေးက တိုး​ဝှေ့တိုက်ခတ်လာတိုင်း ချည်​နှောင်ထားခြင်းမခံရ​တဲ့ ဆံသား​တွေက တလွင့်လွင့်နဲ့ ​နောက်သို့ယိမ်းနွဲ့​နေတယ်။ ​ရောင်လွှမ်းက သံတိုင်​ဘောင်​တွေ​ပေါ်မှာလက်တစ်ဖက်တင်ရင်း တစ်ဖက်က စီးကရက်ကိုကိုင်ရင်းရှိုက်ဖွာ​နေသည်။

မိုး​ပြေးက အမှန်ဆို စီးကရက်အနံ့ကို မခံနိုင်ပါ။ ​ယောကျာ်းလေးဖြစ်ပြီး ​ဆေးလိပ်​ငွေ့​တောင်မခံနိုင်ဘူးလို့အထင်ခံရနိုင်​ပေမဲ့ တကယ်လည်းသူ အဲ့ဒီအ​ငွေ့​တွေကိုရှူရှိုက်မိရင် မွန်းကျပ်​တယ်လို့ခံစားရသည်။

အဟွတ်!

မိုး​ပြေး​ချောင်းဟန့်သံတစ်ချက်ထွက်သွား​တော့ သူက မိုး​ပြေးကို ကြည့်လာသည်။ သူ့လက်ထဲက စီးကရက်​ကြောင့်ဆိုတာသိသွား​တော့ လက်ရန်း​ဘောင်​ပေါ်ကိုဖိ​ချေကာ အ​ငွေ့သတ်လိုက်သည်။ ​​ပြောပါတယ် ​ကောင်ငယ်​လေးက စိတ်ထား​ကောင်းတဲ့သူပါဆို သူ​ကြောင့်တခြားသူထိခိုက်မှာမျိုးကို မဖြစ်​စေချင်ဘူးဆိုတာ အမူအယာ​တွေအရသိနိုင်သည်။

"ကိုယ် မင်း​ကျေနပ်သလို လုပ်​ပေးမှာပါ အကယ်၍ မင်းဘက်ကကွာရှင်းချင်တယ်ဆိုလည်း..."

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now