မိုးလင်းလာတော့ နေ့ဘေးနားမှာ မိုးပြေးသဏ္ဍာန်က မရှိတော့။ နာရီကြည့်တော့ 6 နာရီကျော်ပဲရှိသေးသည်။ ဘေးနားကသူမရှိတော့ဘူးဆိုတာနဲ့ မျက်လုံးတွေကျယ်ကုန်၏။ အနီးဆုံးလူတွေဖြစ်နေကြတာမလို့ သူအဆင်မပြေဖြစ်တဲ့အချိန် နေကပါ စိုးရိမ်နေရသည်။ အန်ကယ့်ကိုပူရတာတစ်မျိုးး သူ့ကိုပူရတာတစ်မျိုးနဲ့။ သားအဖနှစ်ယောက်တည်း ရှိခဲ့ကြတာမလို့ သူအခုဘယ်လိုခံစားနေရလဲဆိုတာကို နားလည်ပေးနိုင်ပါသည်။ ညကတောင် တော်တော်နဲ့မအိပ်ပဲ လက်တော့ပ်ကိုပဲ အချိန်မကြာကြီး အာရုံစိုက်နေတာမလို့ နေ့မှာအိပ်ဖို့အတွက်မနည်းဖြောင်းဖြလိုက်ရသေးသည်။ သူအိပ်ပျော်သွားပြီဆိုတော့လည်း မအိပ်နိုင်သေးတဲ့သူက နေဖြစ်သွားကာ သူ့ကိုငေးကြည့်နေမိပြန်သည်။
မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကို ငေးကြည့်နေရင်းနဲ့ ထိုလူ့ကို အတိုင်းအဆမရှိဘဲမြတ်နိုးမိသွားတဲ့စိတ်ကိုပြန်မြင်လာရသည်။ ဘယ်လောက်ထိမြတ်နိုးမိသွားလဲဆိုတာ မပြောပြတတ်ပေမဲ့ သေချာတာကတော့ ထိုလူ့ကို အဆုံးအရှုံးမခံနိုင်တော့။ ထိုလူ့ကို တွေ့ရုံနဲ့တင် စိတ်ထဲ၌ နင့်နင့်နဲနဲခံစားချက်ကဖြစ်တည်၏။
ဒါက ဘယ်အချိန်ထဲကဆိုတာကိုလည်းနေ့မှာသေချာမသိ။ ထိုလူနဲ့ အဆင်ပြေချင်လို့ နေ့စိတ်တွေတစ်ထစ်လျှော့လိုက်တဲ့အချိန်ကများလား၊ ဒါမှမဟုတ် လက်ထပ်ပြီးတဲ့အချိန် နေ့သူ့ကို အရွဲ့တိုက်တုန်းကများလား။ အဲ့ထက်အရင် ရင်နှီးတဲ့အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာပါဆိုတဲ့ အချိန်တွေတုန်းကလား၊ ဟိုးအရင် ဘုရားပေါ်မှာတွေ့တဲ့ ပထမဆုံးတွေ့ဆုံမှုကတည်းကများလား။
လက်တစ်ဖက်ကခေါင်းအောက်မှာထောက်ထားပြီး ကိုယ်ကိုယ်တခြမ်းစောင်းကာ ထိုလူ့ကိုငေးမောကြည့်နေရင်း လက်ဖျားတွေကလည်း ထိုလူ့ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကို သာသာဖွဖွထိတွေ့မိသေးသည်။ တစ်ခါတစ်ရံ ဆံပင်အစပ်လေးတွေကို သပ်တင်ပေးမိသည်။ နေ့လှုပ်ရှားမှုတိုင်းက အဟန့်အတား တစ်ခု ပါနေပုံရကာ ထိုလူသားနိုးသွားမှာကိုပင်စိုးရွံ့နေမိတာကြောင့် အသက်တောင်ပြင်းပြင်းမရှူပါ။ ထိုလူ့ကို ခဏလေးပဲဖြစ်ဖြစ်ပိုအိပ်စေချင်မိတယ်။ နိုးထလာတဲ့အခါ အပူတွေနဲ့ညိုးနွမ်းနေမဲ့ မျက်နှာလေးကိုမမြင်ရက်လို့ဖြစ်သည်။ ထိုလူက ပူပင်ကြောင့်ကြမှုမရှိပဲနေလာခဲ့ရတာကြောင့် အပူတွေဆိုတာကသူနဲ့လုံးဝကိုမလိုက်ဖတ်တဲ့အရာဖြစ်သည်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...