ဘဝမှာ ခက်ခဲမှုတွေတစ်ပြိုင်တည်း ကြုံဆုံရမယ်လို့မိုးပြေး တစ်ခါမှမတွေးဘူးခဲ့။ ပြေလည်အောင်ကြိုးစားပြီးဖြေရှင်းနေပေမဲ့ ပိုပြီးတော့သာဒုက္ခတွင်းထဲကျသွားသလို။ မိုးပြေးမှာ ဒယ်ဒီလွတ်ဖို့အတွက်နည်းလမ်းနှစ်ခုတော့ရှိသည်။
တရားခံကိုအမြန်ဆုံးရှာတွေ့ဖို့ရယ် နောက်တစ်ခုက အလိမ်ခံရသူတွေအားလုံးက ဒယ်ဒီ့ဘက်ကို မတင်းကြပ်အောင် ကြိုးစားဖို့ရယ်ဖြစ်သည်။ တရားခံကိုရှာတွေ့ရင်က အမှုကနေကွင်းလုံးကျွတ်လွတ်မြောက်မည်ဖြစ်၍ အလိမ်ခံရသူတွေကို စည်းရုံးနိုင်တဲ့အခါကျရင်တော့ ဒယ်ဒီ့အတွက်အာမခံရရှိမှာမျိုးဖြစ်သည်။ ခုက တရားလိုဘက်က လူတွေများနေတော့ အခြေအနေအနေတွေတင်းမာနေတာ၊ မိုးပြေးက ဥပဒေဘက်ကလိုအပ်တဲ့သူတွေကို ပေးကျွေးပြီးဖြစ်ပေမဲ့ အာမခံက လုပ်ချင်တိုင်း လုပ်လို့မရသေးပေ။ ဒါကပုံမှန်ဆို လာဘ်ထိုးတာမျိုးဖြစ်ပေမဲ့၊ မလုပ်သင့်ဘူးဆိုတာလည်းသိပေမဲ့ ဒယ်ဒီဘက်က မှန်နေတာကြောင့်ရယ် မိုးပြေးရဲ့ဒယ်ဒီဖြစ်တယ်ဆိုတဲ့တစ်ချက်နဲ့တင် မိုးပြေးနောင်တမရ။ တရားလိုဘက်ကသာနည်းနည်းအလျှော့ပေးလိုက်တာနဲ့ မိုးပြေး ပေးကျွေးထားတဲ့သူတွေကအာမခံလုပ်ပေးဖို့အဆင်သင့်။ ဒီလိုအခြေအနေအထိရောက်အောင်လည်း မိုးပြေးပေးထားတာက နည်းနည်းနောနော်မဟုတ်ပါ။
အခုက မိုးပြေး အခြေအနေနှစ်ခုလုံးကို ဆောင်ရွက်နေပါလျက်နှင့် ဘယ်ဟာကမှအဆင်မပြေနိုင်သေးပေ။ အလျင်လိုနေမှ အရာရာက နှောင့်နှေးနေသလိုပင်။ တရားခံကိစ္စကလည်း ဘယ်မြို့နယ်ကစခန်းတွေကမှအကြောင်းမပြန်လာသေးတဲ့အပြင် တခြားအပြင်အဖွဲ့စည်းနဲ့ရှာနေတာကလည်း ဘာမှမထူးရှားသေး။
ဒီဘက်ကလိုက်စည်းရုံးရတာလည်း အတော်အတန်ခရီးပေါက်နေပြီဖြစ်ပေမဲ့ လိုရင်းမရောက်နိုင်။ အဓိကကတော့ ငွေပဲဖြစ်သည်။ တော်တော်များများက မိုပြေးဘက်ကအိတ်စိုက်ပေးမှာကိုပင် တစ်ခါတည်းအပြည့်လိုချင်ကြသေးသည်။ တစ်ခါတည်းအပြည့်မပေးပြန်ရင်းလည်း ဟိုရက်ချိန်းဒီရက်ချိန်းနဲ့ တစ်ခါတည်းနဲ့မပြီးဆုံးနိုင်။ တစ်ခါတည်း အပြည့်မပေးချင်လို့မဟုတ်ပေမဲ့ လိုချင်တဲ့သူတွေက တစ်ဦးတည်းမဟုတ်ပြန်တော့မိုးပြေးအတွက်ခက်ခဲရသည်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...