နေ တစ်ရေးနိုးလာတဲ့အချိန်က ည ၁၂နာရီခွဲကျော်။ ဆေးသောက်ပြီး အိပ်လိုက်လို့လားတော့မသိ တစ်ကိုယ်လုံးပေါ့ပါး၍နေသည်။ ဟိုလူက ရေပတ်တိုက်ပေးထားလို့လည်းဖြစ်မည်။ ဘေးနားက အိပ်ယာက အေးစက်နေသည်၊ ဘယ်အချိန်တည်းက ဘေးကလူကမရှိနေတာလဲ။ ဒါမှမဟုတ်ဝင်ကိုမအိပ်ရသေးတာလား။
အာရုံတွေကပ်ပြီး အခန်းထဲတစ်ချက်ဝေ့ကြည့်တော့ ဆိုဖာခုံမှာအလုပ်ထိုင်လုပ်နေသည့်သူကိုတွေ့ရသည်။ ခုချိန်ထိ အလုပ်တွေလုပ်နေသေးတာလား။
မိုးပြေး အတွက်တစ်ဖက်မှာအဆင်ပြေနေပြီဆိုပေမဲ့ Crown ကိုဖြေရှင်းဖို့က ကျန်နေသေးသည်။ ရှယ်ယာစျေးကျနေတာကတစ်ကြောင်း ရှယ်ယာရှင်တွေကလည်း အမျိုးမျိုးဖိအားပေးနေကြသည်။ မိုးပြေးမှာလောလောဆယ် သူတို့ကိုဖိထားနိုင်တဲ့အင်အားမရှိသေး။ ဒါကြောင့်မို့ background ရယူနိုင်ရနိုင်အတွက် လူတစ်ယောက်နဲ့တွေ့ဖို့ချိန်းဆိုထားသည်။ ထိုလူက မိုးပြေးတောင်းဆိုတာကိုလက်ခံမခံတော့မသိနိုင်သေးပါ။ မိုးပြေးဘက်ကတော့ လိုအပ်တာတွအားလုံးကို ပြင်ဆင်ထားရသည်၊ ကုမ္ပဏီရဲ့ တစ်နှစ်စာဝင်ငွေထွက်ငွေစာရင်းတွေ၊ ဘယ်လောက်ထိအမြတ်ရလဲဆိုတာတွေ။ တစ်ဖက်လူက လက်ခံချင်အောင်ဘယ်လိုပြောဆိုရမလဲဆိုတာကအစ တွေးတောနေရသည်။
"ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား"
အလုပ်ကိစ္စထဲ အာရုံရောက်နေချိန် ကြားလိုက်ရတဲ့အသံ။ ရောင်လွှမ်းက နိုးလာတာလား။
"ကိုယ် လတ်စသတ်စရာလေးနည်းနည်းကျန်နေသေးလို့"
"တော်လိုက်ပြီး လာအိပ်တော့"
"ရပါတယ် ရောက်လွှမ်းအိပ်နှင့်ပါ ကိုယ်ဒီမှာပဲ.."
ဆိုဖာမှာပဲအိပ်မယ်လို့ပြောလာမယ့်သူကြောင့် နေ့စိတ်တွေဆွဲဆန့်လိုမရတော့။ ထိုလူအနီးနားထိသွားလိုက်ကာ ကောက်ပွေ့ပစ်လိုက်ပြီး။
"ကျွန်တော်တို့က အခုထိ အိမ်ထောင်ဘက်အနေနဲ့ပဲရှိသေးတယ်နော်"
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...