ဘာလိုလိုနဲ့ အချိန်တွေကုန်လာလိုက်တာ တစ်လနီးပါးလောက်တောင်ရှိနေပြီ။ မိုပြေး ဒယ်ဒီလဲ အခုထိ အာမခံလုပ်လို့မရနိုင်သေးပေ။ မိုးပြေးလည်း ပရောဂျက်မှာပါတဲ့လူတွေကို လူအားရော ငွေအားရောနဲ့ လိုက်ပြီးအဆင်ပြေအောင်လုပ်နေရသည်။ သိပ်မကြာခင်အချိန်အတွင်းမှာတော့ ဒယ်ဒီကို ထုတ်နိုင်တော့မှာပါ။ လိုက်ပြီး ညှိနှိုင်းရတဲ့လူတွေထဲမှာ အဆင်ပြေတဲ့လူရှိသလို့ အဆင်မပြေတဲ့လူလဲရှိသည်။ တချို့လူတွေကျတော့ ကိုလမင်းထက်နဲ့ သိနေသူများဖြစ်၍ လိုက်ညှိနှိုင်းရာတွင် ကိုလမင်းထက်ရဲ့အကူအညီကိုရယူရသည်။ ပြောလို့ အဆင်ပြေတဲ့လူတွေကျတော့ ပိုက်ဆံအပြည့်စိုက်မပေးပဲ သုံးပုံ နှစ်ပုံ စသည်ဖြင့်ပေးလိုက်ရသည်။ အဆင်မပေ့တဲ့လူတွေကျတော့လည်း မိုးပြေးဘက်က အပြည့်စိုက်ပေးလိုက်မှ လျှောချသွားတော့သည်။
ဒယ်ဒီကိုတော့ အမြဲလိုလိုသွားတွေ့ဖြစ်ပါသည်။ ဒယ်ဒီက မိုးပြေး စိတ်သက်သာအောင်လားတော့မသိ အမြဲ သူ့ကိုစိတ်မပူဖို့သာပြောသည်။ တကယ်လည်း ဒယ်ဒီကိုကြည့်ရတာ မပြောကောင်းမဆိုကောင်း ပို၍မာမာထန်ထန်ပင်ဖြစ်လာသည်။ အထဲမှာ ကျန်းမာရေးကောင်းနေ၍သာတော်တော့သည်။
မိုးပြေး ကတော့ စိတ်ကောလူကော ပင်ပန်းနေပြီဖြစ်သည်။ များပြားလှတဲ့ စိတ်အမျိုးမျိုး အထွေထွေရှိတဲ့ လူတွေကို စည်းရုံးရတာ တစ်မျိုး၊ ဒီကြားထဲ မငြိမ်မသက်ဖြစ်နေတဲ့ Crown ကိုလည်း ကိုင်တွယ်ရသေးသည်။ ပြီးတော့ ဒယ်ဒီတခြားမှာ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းတွေက ဒယ်ဒီ့ ရှယ်ယာတွေကို ပြန်အမ်းလာသည်။ ဒါက ပုံမှန်ဆို လုပ်ရိုးလုပ်စဥ်မဟုတ်၍ ပြဿနာရှာလို့ရသည်။ အခုတော့ မိုးပြေးက အရှည်အရှည်တွေမဖြစ်ချင်တာတစ်ကြောင်းရယ်၊ ပရောဂျက်မှာပါတဲ့လူတွေကို စိုက်ပေးဖို့လိုတာရယ်ကြောင့် အမ်းလာသမျှရှယ်ယာတွေကို ဒီအတိုင်းပဲယူထားလိုက်ရသည်။
တကယ်တော့ ဒယ်ဒီအလုပ်တွေကို မပျောက်ပျက်သွားစေချင်ပေမဲ့လည်း ဒီလိုမှမလုပ်ရင်လည်း Crown ကရှယ်ယာတွေထုတ်ရောင်းရတော့မှာ။ အရင်ကလိုဆို ရှယ်ယာနည်းနည်းထုတ်ရောင်းလိုက်တာက မိုးပြေးတို့ကို မထိခိုက်စေပေမဲ့လည်း ခုချိန် Crown ကရှယ်ယာတွေက စျေးကျနေတာကြောင့်ရယ် မိုးပြေးတို့ကို ကန်ထုတ်ချင်တဲ့သူတွေများနေတာကြောင့် အဲ့ဒီလိုလုပ်လို့တော့မဖြစ်။ ဘယ်လိုကြောင့်နဲ့မှ Crown ကိုမထိခိုက်စေချင်။ ဒယ်ဒီ့ရဲ့ ဘဝအချိန်တော်တော်များများက Crown မှာပဲကုန်ဆုံးခဲ့တာဖြစ်သည်။ ကျန်တဲ့လုပ်ငန်းတွေဆိုတာ ငွေပိုငွေလျှံရှိလို့ ဒီတိုင်းထည့်ဝင်ရုံသက်သက်ပဲ။ Crown သာဆုံးရှုံးသွားခဲ့မယ်ဆိုရင်လည်း ဒယ်ဒီက မိုးပြေးကို အပြစ်တစ်ခုလေးတောင်တင်မှာမဟုတ်ဘဲအားပေးသလိုပြုံးပြနေဦးမယ်ဆိုတာ မြင်ယောင်မိသည်။ ဒါပေမဲ့လည်း ဒယ်ဒီလည်း လုံးဝစိတ်ကောင်းနိုင်မည်မဟုတ်ဘူးဆိုတာ မိုးပြေးခန့်မှန်းနေနိုင်သည်။ ဒါကြောင့် ဒယ်ဒီအတွက်ပဲဖြစ်ဖြစ် မိုးပြေး Crown ကိုအတတ်နိုင်ဆုံးကာကွယ်ရမည် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်။
YOU ARE READING
Romansaနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...