မနက်စာ ထမင်းစားဝိုင်းက ခါတိုင်းထက်ပိုပြီးတိတ်ဆိတ်နေသည်။ အရင်နေ့တွေဆို အန်ကယ်ခန့်ညားက နေ့ကို စကားစမြည်ပြောသေးသည်။ ဒီနေ့တော့ နေကလည်းတိတ်ဆိတ်နေမိကာ အရှေ့ကလူဆီသို့သာ မကြာခဏ အကြည့်ရောက်နေမိသည်။
"သား နေမကောင်းဘူးလား"
"ဗျာ ကောင်းပါတယ်ဒယ်ဒီ ဘာလို့လဲ"
"သြော် ဆွယ်တာကြီးဝတ်ထားလို့လေ"
"ဟင်!"
"အဟွတ်! အဟွတ်"
"သားနေ ရရဲ့လား သီးသွားတယ်ထင်တယ် ရေသောက်လိုက်အုံး"
နေ့ ဆီကအသံထွက်သွားတာဖြစ်သည်။ သောက်နေတဲ့ကော်ဖီတွေက လည်ချောင်းထဲကပြောင်းကပြန်တောင်ဖြစ်သွားသလို။ အန်ကယ်ကလည်း ဖန်ခွက်ထဲသို့ရေထည့်ပေးလာကာ နေ့ဆီကိုကမ်းပေးလာသည်။ အရှေ့ကလူကလည်း မျက်နှာဟိုလွှဲဒီလွှဲနဲ့။
ဟိုလူက အရင်နေ့တွေနဲ့မတူညီစွာ ဆွယ်တာ အဖြူရောင်လည်ပိတ်ကိုဝတ်ထားသည်။ ဒါက ဘာလို့ဝတ်ထားလဲဆိုတာနေသိပေမဲ့ မသိတဲ့သူ့ဒယ်ဒီကမေးလာသည်။ မအေးနေတဲ့ရာသီဥတုမှာ ဆွယ်တာဝတ်ထားမှတော့ သူ့ဒယ်ဒီကစိတ်ပူပြီးမေးတော့သည်။
"သားကလည်း နေမကောင်းဖြစ်နေရင် ဒီနေ့တစ်ရက်နားလိုက်လေ အရေးကြီးတာတွေပဲ သား PA ဆီဖုန်းဆက်ပြီးပဲပြောလိုက်ပေါ့"
"ရပါတယ်ဒယ်ဒီ ကျွန်တော် နည်းနည်းအအေးမိနေလို့ပါ အရမ်းကြီးမဟုတ်လို့ အလုပ်တော့မနားတော့ဘူး"
"တအားကြီးလည်း အလုပ်ကိုတွန်းလုပ်မနေနဲ့ နားချိန်တန်နား ကြားလားသား စီးပွားဆိုတာ အချိန်မရွေးပြန်ရှာလို့ရတယ် ဒါပေမဲ့ ကုန်သွားတဲ့အချိန်တွေကတော့ ဘယ်လိုပဲပြန်ရှာပြန်ရှာမရနိုင်ဘူး"
"ကျွန်တော်နားလည်ပါတယ်ဒယ်ဒီ"
"အေးအေး စားပြီးရင် ဆေးသောက်လိုက်အုံး"
"ဟုတ်ကဲ့"
ဟိုလူက အအေးပတ်တယ်သာပြောပေမဲ့ ဆွယ်တာထောင့်စွန်းတစ်နေရာမှာ အနည်းငယ်လေးမြင်နေရတဲ့ အနီကွက်ကိုဖုံးချင်လို့ဝတ်ထားတယ်ဆိုတာနေသိသည်။ အဲဒီ့အနီကွက်လေးအပြင် သူလည်ပင်းအတွင်းသားတစ်ဝိုက်မှာလည်း ထိုနည်းတူ အနီရောင်အကွက်လေးတွေရှိနေမှာ ဗေဒင်မေးစရာပင်မလို။ သူတို့ညက နမ်းနေရင်းနဲ့ ထိုလူ့ရဲ့လည်ပင်းသားတွေအထိ နေ ခရီးဆက်ခဲ့သည်ပဲ။ မနက် မိုးလင်းလာတော့ နှစ်ယောက်လုံးအိုးတိုးအမ်းတမ်းဖြစ်နေရသည်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...