"ကိုယ် တောင်းပန်ပါတယ်သွင်"
"ဒါက နေ့ အမှားမှမဟုတ်တာ နေတောင်းပန်စရာမလိုပါဘူး သွင်တို့က တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပဲဟာ"
သွင့်ရဲ့မျက်နှာလေးကခပ်နွမ်းနွမ်းရယ်ပါ။ အိမ်နဲ့လည်းအဆင်မပြေဖြစ်နေတဲ့အချိန် နေနဲ့လည်းလမ်းခွဲရတယ်ဆိုတော့ ဘယ်လိုမှအဆင်ပြေတဲ့ပုံပေါက်မနေပါ။
နေ လည်းစိတ်မကောင်းဖြစ်ရပါသည်။ တွဲလာဖူးတဲ့ သူတွေအားလုံးထဲမှာ သွင်ကသူ့အပေါ်နားလည်ပေးနိုင်ဆုံးဖြစ်လို့ သံယောဇဥ်တော့ရှိပါသည်။
"သွင် ကိုယ့်ထက်ကောင်းတဲ့သူနဲ့ဆုံရမှာပါ"
"အင်းပါ"
သွင်က ခပ်ယဲ့ယဲ့ပြုံးကာပြောလာသည်။
"ဒါဆို သွင်သွားတော့မယ်နော် နေလည်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ဒါပါပဲ သူတို့ရဲ့လမ်းခွဲခြင်းကရိုးရိုးရှင်းရှင်းနဲ့ပင်ပြီးဆုံးခဲ့သည်။ ရန်ဖြစ်တာတွေမရှိ မပြေလည်တာတွေမရှိဘဲ ကောင်းမွန်စွာအဆုံးသတ်ခဲ့သည်။
ည 9 နာရီအချိန် ဘားတစ်ခုအတွင်း၌
"ဟေ့ကောင် အဲ့ဒါဆိုရင် မင်းကဘဲကြီးဆီကနေတင်တောင်းခံရတာပေါ့"
"ဝါး အားကျတယ် ငါ့ကောင်ရာ"
"သားလည်း တင်တောင်းခံချင်နေပါပြီ အမေရေ"
တစ်ယောက်တစ်ပေါက်ပြောနေတဲ့စကားတွေကြောင့် နေ ဟွန်းခနဲမဲ့မိသည်။ ဒီကောင်တွေက နေ့ကို စိတ်သက်သာရာရောက်အောင်ပြောပေးနေကြတာကိုနေနားလည်ပါသည်။ သူ့စိတ်ထဲအခုထိအစာမကျေနိုင်တာကဟိုလူ။ နေ့ကိုအရာမသွင်းဘဲလူကြီးတွေအလုပ်ကိစ္စနဲ့ရောချလိုက်တာက ခံပြင်းစေသည်။
"ဟေ့ကောင် အဆင်ပြေရဲ့လား"
"ဘာမပြေစရာရှိလဲ"
အဆင်မပြေစရာအကြောင်းမရှိဟုပြောလာတဲ့မျက်နှာကခပ်တင်းတင်း။ ပြီးတော့ ဒီကောင် Vodkaတွေချည်းလှိမ့်သောက်နေကာ အခြေအနေကမဟန်။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...