Part[20]

10.7K 798 7
                                    

သူတို့ အချိန်အနည်းငယ်အတွင်းကို ရင်းရင်နှီးနှီးဖြစ်လာကြသည်။ တကယ့် အိမ်​ထောင်သည်​တွေလို ဆိုးတူ​ကောင်းဖက်​တော့ မဟုတ်​သေး​ပေမဲ့ အရင်ကထက်စာရင် အများကြီး​ပြေပြစ်လာကြပါပြီ။ အဓိကက​တော့ ​ရောင်လွှမ်း​ကြောင့်ပါ ​ရောင်လွှမ်းက ထင်တာထက်ပိုပြီး​တော့ကို ​နေတတ်ထိုင်တတ်သည်၊ ရင့်ကျက်သည်။ တစ်ခါတ​လေ ​ကောင်ငယ်​လေးရဲ့ ပို့ချမှု​တွေကို မိုး​ပြေးမှာနာခံရ​သေးသည်။ ဥပမာ-ညဥ့်နက်တဲ့အထိ အလုပ်မလုပ်ဖို့ ၊ ​နေလည်စာကို အချိန်မှန်စားဖို့။

တစ်ရက်က မိုး​ပြေးအလုပ်ကို လမ်းကြုံလို့ဆိုပြီး ​နေ့ခင်းနှစ်နာရီ​လောက်​ရောက်လာ​သေးသည်။ ဖြစ်ချင်​တော့ မိုး​ပြေးကလည်း hotel အသစ်ဖွင့်ဖို့အတွက် ပ​ရောဂျက်ရှိ​နေတာမို့ အလုပ်ထဲ​ခေါင်းစိုက်​နေရချိန်ဖြစ်၍ ​နေ့လည်စာမစားထားရ​သေးတဲ့အချိန်ဖြစ်​နေသည်။ စားပြီးပြီလား ဘာညာ​မေးရင်းက​​နေ မိုး​ပြေး​နေ့လည်စာမစားရ​သေးဘူးမှန်းသိ​တော့​အော်လာ​တော့သည်။ ခင်ဗျားဘာအတွက် ပိုက်ဆံဒီ​လောက်ကုန်းရုန်းရှာ​နေတာလဲ၊ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တဲ့အထိဘာ​တွေလိုအပ်​နေတာလဲဆိုပြီး​တော့ကို ​ဒေါသတကြီး​ပြောလာသည်။ မိုး​ပြေး အဲ့တုန်းက လန့်သွား​ပေမဲ့ ​​ကောင်ငယ်​လေးက သူ့ကို စိတ်ပူတဲ့အတွက်​ကြောင့် ​ပြောတာပဲဆိုပြီး ​​ပျော်ရွှင်ရ​သေးသည်။ အဲ့​နေ့က ချက်ချင်းပဲ ကုမ္ပဏီကန်တင်းက​နေ အစားအ​သောက်​တွေမှာကာ အလုပ်​တွေပစ်ချပြီး သူ့​ရှေ့မှာစားပြလိုက်ရ​သေးသည်။

ညဘက်​​ရောက်ရင်​တော့ ​​ရောင်လွှမ်းကလည်း စာကြည့်ခန်းထဲမှာအလုပ်လုပ်သည်ထင်သည်။ အဲ့အခန်းကို စသုံးတဲ့​နေ့ကပဲ ​ဒေါ်ကြီးမိုးတို့ကို သန့်ရှင်း​ရေးလုပ်ခိုင်းပြီး ​နောက်ရက်​တွေမဝင်ခိုင်း​တော့။ ​​မိုး​ပြေးက​တော့ အခန်းထဲမှာပဲ အလုပ်လုပ်ဖြစ်သည်။ ကိုယ်စီ အလုပ်လုပ်​နေကြ​ပေမဲ့ ​ရောင်လွှမ်းအခန်းပြန်လာပြီဆိုရင် မိုး​ပြေးလည်း အလုပ်​တွေရပ်လိုက်ရသည်။ ပြီး​တော့ သူတို့အတူတူအိပ်ယာဝင်ကြသည်။ အဲ့ဒါကလည်း ​ကောင်ငယ်​လေးရဲ့ အလိုအတိုင်းပဲဖြစ်သည် အိပ်ယာဝင်​နောက်မကျ​စေဖို့ဆိုတဲ့အ​ကြောင်းပြချက်နဲ့။

​နေ​ရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန် (ေနရောင်လွှမ်းတဲ့ မိုး​ပြေးသဏ္ဍာန်)Where stories live. Discover now