ခမ်းခမ်းနားနား Hotel ကြီးတစ်ခုရဲ့ hall ခန်းမထဲမှာ ဒင်နာပွဲတစ်ခုကိုပြုလုပ်နေကြသည်။ ဒင်နာ ဆိုပေမဲ့ လူအနည်းငယ်သာမဟုတ်ဘဲ အရွယ်စုံ စီးပွားရေးသမားတွေနဲ့အပြည့်ဖြစ်သည်။ ဒင်နာ အပြင်အဆင်က အရမ်းလည်းဒိတ်မအောက်သလို အရမ်းလည်းခေတ်ရှေ့ပြေးမနေပါ။ ဒီလိုပွဲမျိုးတွေရဲ့ထုံးစံအတိုင်း စီးပွားရေးအတွက်အခွင့်အလမ်းတွေအကြောင်းရယ် သတင်းရယူတာမျိုးတွေကို စကားဝိုင်းများတွင် အဓိကပြောဆိုနေတာဖြစ်သည်။
နေ ဒယ်ဒီတို့နဲ့အတူလိုက်ဝင်လာရင်း ပွဲထဲကို မျက်လုံးတွေဝေ့ဝဲကာရှာနေမိသည်။ အခုထိ ကိုမိုးပြေးသဏ္ဍာန်ကိုမတွေ့ရသေး။ ဒယ်ဒီတို့ကို လူတစ်ယောက်က စားပွဲဝိုင်းတစ်ခုကို ခေါ်သွားပေးသည်။ ဦးခန့်ညားအောင်နဲ့ တခြားလူကြီးနှစ်ယောက်ရှိနေတဲ့ဝိုင်းဖြစ်သည်။ အန်ကယ်ခန့်ညားနဲ့ဒယ်ဒီတို့က နှုတ်ဆက်နေကြပြီး အဲ့ဒီဝိုင်းမှာပဲ နေတို့ဝင်ထိုင်လိုက်သည်။ သူ့အဖေ ရှိတဲ့ ဝိုင်းကိုတော့လာလောက်တယ်မလား။ ဒါမှမဟုတ် မလိုက်လာတာများလား။
ဒယ်ဒီတို့ စကားပြောနေတာကို ခဏနားထောင်ပြီးချိန် နေ မနေနိုင်စွာဘဲမေးခွန်းထုတ်လိုက်မိသည်။
"အန်ကယ် အစ်ကိုမိုးပြေးက မလိုက်လာဘူးလား"
"လိုက်လာပါတယ်သားနေ ဒါပေမဲ့ သားက ဒီပွဲရဲ့တာဝန်ခံဆိုတော့ အစောနကထိ အလုပ်များနေတာ အခုတော့ နားအုံးမယ်ဆိုပြီး အပေါ်ဆုံးထပ်တက်သွားတယ်"
နေ သတိတချက်လွတ်သွားတာ ဒီ hotel ရှေ့ရောက်ကတည်းက Crown ဆိုတဲ့စာတန်းကြီးကို ခမ်းခမ်းနားနားကြီးမြင်နေရသည်။ Crown က အစ်ကိုမိုးပြေးတို့ ပိုင်တာဆိုတော့ သူတာဝန်ယူပေးထားတာမဆန်းပါဘူး။ အစောနက ပါတီအပြင်အဆင်ကို ဘာမှမတွေးမိပေမဲ့ အခုတော့ အမှတ်ပေးချင်လာသည်။ မဆန်းမပြား ပြင်ဆင်မှုကပင် တစ်ခုခုဆွဲဆောင်ထားသယောင်။ ကိုမိုးပြေးကလည်း အဲ့ဒီအတိုင်းပဲ ရိုးရိုးလေးဝတ်တဲ့ပုံကပင် သူနဲ့မှ ဆန်းဆန်းလေးဖြစ်နေတတ်သည်။
"သြော် ဟုတ်လား ဒါဆို ဒယ်ဒီတို့ ဒီမှာစကားပြောတာကြာအုံးမှာမလား ကျွန်တော် အစ်ကိုမိုးပြေးကိုသွားနှုတ်ဆက်လိုက်အုံးမယ်"
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...