Wedding အခမ်းအနား ပြီးသွားတော့ မိုးပြေးတို့အိမ်မှာလူစုံကြသည်။ ရောင်လွှမ်းနဲ့မိုးပြေးက မိုးပြေးတို့အိမ်မှာပဲနေမည်ဖြစ်သည်။ အစကတော့ ရောင်လွှမ်းကလက်မခံလောက်ဘူးလို့ထင်ခဲ့ပေမဲ့လည်း ထွေထွေထူးထူးမပြောလာတဲ့အခါ မိုးပြေးတို့အိမ်မှာပဲနေဖို့ဖြစ်သွားခဲ့သည်။ အိမ်ရောက်တော့ နှစ်ဖက်မိဘလူကြီးတွေကိုကန်တော့ ဘာညာပြီးတော့ နေ့မိဘတွေကလည်း နားရအောင်ဆိုပြီးအိမ်ပြန်သွားသည်။ မိုးပြေးဒယ်ဒီကလည်း အောက်ထပ်ကအိပ်ခန်းထဲဝင်ကာ အနားယူပြီဖြစ်သည်။
"ရောင်လွှမ်း ကိုယ်တို့အခန်းကအပေါ်မှာ"
အရင်က မိုးပြေးရဲ့အခန်းကိုပဲ နှစ်ယောက်စာအသုံးအဆောင်တွေထည့်ပြီး ပြင်ဆင်လိုက်တာဖြစ်သည်။ အခန်းကအစကတည်းကကျယ်တာဖြစ်လို့နှစ်ယောက်နေဖို့ အတွက်တော့ လုံလောက်သည်ထက်ပိုပါသည်။
"ခင်ဗျား အရှေ့ကတက်"
သူတို့တွေအပေါ်ထပ်က အခန်းထဲကို ရောက်လာကြသည်။ အခန်းထဲမှာ မင်္ဂလာဦးကုတင်ကိုပြင်ဆင်ပေးထားကြသည်။ နေ ကကြည့်ပြီး မဲ့ပြုံးပြုံးလိုက်ကာ
"ဘယ်သူက မင်္ဂလာဦးမှာမလို့လဲ"
မိုပြေးသဏ္ဍာန်ရဲ့မျက်နှာက အနီရောင်လှိုင်းလေးဖြတ်ပြေးသွားသလိုပင်။ ဒါပေမဲ့ သိသိသာသာကြီးတော့မဟုတ်ပါ အမြဲတမ်းအိမ်န္ဒြေဆည်ထားတဲ့ပုံနဲ့ပဲဖြစ်သည်။
နေ့ရဲ့ အသုံးအဆောင်တွေကရော အခန်းထဲမှာသူ့နေရာနဲ့သူရောက်နှင့်နေပြီဖြစ်သည်။ ဘယ်အချိန်ဘယ်တုန်းက ဘယ်သူတွေလာပြင်ထားလဲဆိုတာကိုပင်နေမသိလိုက်။
အခန်းကအတော်လေးကျယ်ဝန်းကာ king size ကုတင်ရယ် ဆိုဖာခုံအဖြူရောင်တစ်စုံရယ် ကုတင်နားက မီးအိမ်တင်တဲ့စားပွဲကလည်းခမ်းခမ်းနားနား။ နံရံနားမှာကပ်ထားတဲ့ အလုပ်စားပွဲနှင့်ဆုံလည်ထိုင်ခုံကလည်းရှိသေးသည်။ ကုတင်ခြေရင်းတည့်တည့် ဆိုဖာခုံအရှေ့ကနံရံကြီးမှာလည်း ပြောင်လက်နေတဲ့ TV အမဲရောင်ကြီးကအခန့်သား။ အခန်းထဲမှာကိုပင် အဝတ်တွေထားတဲ့အခန်းနဲ့ ရေးချိုးခန်းကသပ်သပ်ပါသေးသည်။ ခမ်းနားလွန်းတဲ့အခန်းကိုကြည့်ပြီး နေပါးစပ်အဟောင်းသားတော့မဖြစ်မိပါ။ နေရောင်လွှမ်းဆိုတဲ့ကောင်ကလည်း ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကပဲ ဒီလိုမျိုးအပြင်အဆင်တွေကိုမမြင်ဖူးမတွေ့ဖူးသလို ဖြစ်ပျက်နေပြရမှာလား ဝေးသေး။
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...