မိုးပြေး တို့အိမ်ပြန်ရောက်လာတော့ အပေါ်မတက်သေးရသေးခင် ဒယ်ဒီ့ကို စကားပြောမိသည်။
"ကျွန်တော် ဒယ်ဒီ့ကို ကျေးဇူးတင်ပါတယ်"
"ဘာအတွက်လဲသား"
"ကျွန်တော့်ဘက်က ရပ်တည်ပေးလို့ပါ ပြီးတော့ ဒယ်ဒီ့သိက္ခါကို မငဲ့ကွက်ဘဲ ရှေ့တန်းတင်ပေးလို့"
"ဒယ်ဒီတို့ ကြားမှာဒါတွေ မလိုဘူးလေ ဒယ်ဒီက ဖခင်တစ်ယောက်ရဲ့တာဝန်ကိုကျေပွန်ရုံပါပဲ အစကတည်းက သားကို ဘယ်သူနဲ့ကြိုက်လို့သဘောမတူဘူး ဘာညာဆိုပြီး ကန့်ကွက်မှာတွေ ဒယ်ဒီမတွေးထားခဲ့ဖူးဘူး အချစ်ကအချစ်ပဲဒယ်ဒီလက်ခံပါတယ် သားကဘယ်လိုလူကိုပဲရွေးချယ်ရွေးချယ် ဒယ်ဒီကအကောင်းဆုံးဆက်ဆံပေးဖို့ပဲတွေးထားခဲ့တာ တစ်ခုတော့ ရှိတာပေါ့ သာရွေးချယ်တဲ့လူက သားကိုတော့ ဒုက္ခပေးတဲ့လူမဖြစ်စေချင်ခဲ့ဘူး အခု သားနေနဲ့ဆိုတော့ ဒယ်ဒီ စိတ်ပူပန်မှုတွေလျော့ပါးသွားရတာတော့အမှန်ပဲသား သားတို့ချင်းအဆင်ပြေနေတော့ ဒယ်ဒီလည်းစိတ်ချလက်ချနေနိုင်ပြီ ပြီးတော့ ငါ့သားကလည်း ဒယ်ဒီအပေါ် အရမ်းသိတတ်ခဲ့တာပါ ဒါကြောင့် ဒယ်ဒီတို့သားအဖကြားမှာဒါတွေမလိုအပ်ဖူးနော်"
ကမ္ဘာပေါ်မှာသူ့ကိုအမြဲတမ်းနားလည်ပေးနိုင်ခဲ့တဲ့သူ၊ ဒယ်ဒီဟာ မိုးပြေးအတွက်တော့အနွေးထွေးဆုံးလူသားပါ။ ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူ ဒယ်ဒီကို သိုင်းဖက်မိတာတော့ ကလေးဆန်သွားမိလားမသိတော့ပါ။ ဒယ်ဒီ့ရင်ခွင်ကြီးက ငယ်ငယ်တုန်းကလိုမျိုး လုံခြုံမှုတွေပေးနိုင်တယ်လို့ခံစားရတုန်းပဲ။ ဒယ်ဒီက မိုးပြေးကျောပြင်ပေါ်ကို ခက်ဖွဖွပွတ်သပ်လာပြီး
"ငါ့သားကြီးက ဒီအရွယ်ထိတောင်ရောက်လာပြီပဲ ဒယ်ဒီကောင်းကောင်းပြုစုပျိုးထောင်နိုင်ခဲ့တယ်ထင်တယ် သားမာမီကို မျက်နှာပြနိုင်ပြီပေါ့"
မိုးပြေး ဘာမှမပြောဖြစ်ပဲ ပိုတိုးလို့သာဖက်မိတယ်။
"ကဲကဲ သားလည်းနားတော့လေ သားနေလည်း ပြန်ရောက်နေလောက်ရောပေါ့ အပေါ်တက်တော့သား"
YOU ARE READING
Romanceနေရောင်ထွက်ပေါ်လာရင်မိုးတိမ်တွေဖယ်ပေးရတာထုံးစံပဲ...ခင်ဗျားနဲ့ကျွန်တော်နဲ့က ကောင်းကင်တစ်ခုတည်းမှာအတူမရှိနိုင်တဲ့သူတွေ နေရောင်လွှမ်း တစ်ခါတစ်လေကျရင်လည်း မိုးတိမ်တွေကိုနေရောင်က ဖြန့်ကျက်ထားမှ ပိုကြည့်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်သွားတာ...