Wonwoo ရဲ့အတိတ်နေ့ရက်တွေကထင်သလောက်မလှပခဲ့ပါ။အတိတ်ကအကြောင်းတြွေပန်တွေးမိတိုင်း Kim Mingyu ဆိုသည့်ကောင်လေးကမပါမဖြစ် ပါးဖောင်းဖောင်းလေးဖြင့် သကြားလုံးတွေကိုပါးစပ်ထဲအပြည့်ထည့်ရင်း ရှဉ့်ပေါက်လေးတစ်ကောင်လိုဝါးနေတတ်သည်။ သကြားလုံးတွေအများကြီးရလာတိုင်း " Wonwoo hyung ! ပါးစပ်ဟ "
ဆိုပြီး ကိုယ်တိုင်ခွံ့ကျွေးတတ်သည့် အဲ့လိုချစ်စရာကောင်းသည့်ကောင်လေးက ကြီးကောင်ဝင်လာတော့ပျက်စီးစပြုလာသည်။
လမ်းမှားမရောက်အောင်ဆုံးမခဲ့တဲ့ Wonwoo ကို အထင်လွဲပြီးအခုချိန်ထိမုန်းနေအုံးမယ့်ကောင်လေး အမှတ်ကြီးတဲ့ကလေးမို့လို့အပြစ်တင်လို့မရ ...." Dr.Jeon အခန်း ၃၀၁ ကလူနာကိုတစ်ချက်ကြည့်ပေးပါအုံး ခွဲစိတ်ပြီးတာသုံးရက်လောက်တောင်ရှိပြီကို ခုထိသတိမရသေးဘူး.."
" အခန်း၃၀၁ ဆိုရင်......Mingyu ဘဲ
...ဘာလို့များပါလိမ့် "" ဟုတ်လားဆရာမ ? ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်"
Wonwoo စိတ်ပူသွားသည်။ ပုံမှန်ခွဲစိတ်ပြီးတစ်ရက်နှစ်ရက်ကြာရင်သတိပြန်ရသင့်တာကို အခုဆိုသုံးရက်တောင်ရှိပြီ။ဘာလို့များပါလိမ့် ????
Mingyu ရဲ့အခန်းထဲကိုရောက်တော့ သူ့ရဲ့partner ဖြစ်တဲ့ အရာရှိ Lee Seok Minကိုတွေ့လိုက်ရသည်။ Mingyu ကိုတော်တော်လေးခင်တွယ်သည့်ပုံပင် ခွဲစိတ်တဲ့အချိန်ကတည်းကတောက်လျှောက်စောင့်နေပြီး အခုချိန်ထိတစ်ချိန်လုံး Mingyu ဘေးကမခွာ.....Wonwoo ကိုမြင်တော့မှထိုင်ရာကနေထတော့သည်။" သူငယ်ချင်းကိုစောင့်နေတာလား ? "
" အာ... ဟုတ်တယ်ဆရာ ဒီကောင်ခုထိသတိမရသေးဘူးလေ .."
Mingyu ကိုကြည့်ရင်းဝမ်းနည်းသည့်လေသံဖြင့်ပြောလာသောထိုကောင်လေးကိုကြည့်ပြီး Wonwoo ပါစိတ်မကောင်းဖြစ်မိသည်။သူကိုယ်တိုင်လည်းစိတ်ပူနေသည်မဟုတ်ပါလား .....
" ကျွန်တော်လည်းအဲ့တာကိုစိတ်ပူနေတာ ပုံမှန်ဆို တစ်ရက်ကျော်ကျော်လောက်ကြာတာနဲ့ သတိပြန်ရသင့်ပြီ။ ဒါပေမဲ့ သူကခုထိသတိမလည်သေးဘူး။ကျွန်တော်သိသလောက်တော့သူ့မှာရောဂါအခံလည်းမရှိပါဘူး "

YOU ARE READING
Stay By My Side
FanfictionHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu