" ကျေးဇူးပြုပြီး Hyung တစ်ယောက်ထဲကိုပဲ ယုံကြည်ပေးပါ "

498 60 0
                                        

စတီယာတိုင်ကိုင်ထားတဲ့ Wonwoo ရဲ့လက်တွေတဆတ်ဆတ်တုန်လာသည်။ လူတစ်ယောက်ကို အရုပ်လိုကစားပြီးဘာမှမဖြစ်သလိုထွက်သွားပြီးမှ အခုပြန်ဆက်သွယ်တာ ဘာအချိုးလဲ ??
သူလုပ်ခဲ့တဲ့ကိစ္စတွေကိုမေ့ချင်ယောင်ဆောင်ပြီး ph ခေါ်တာဟာ မျက်နှာပြောင်တိုက်လွန်းတယ်မဟုတ်ဘူးလား ??
လေသံကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး.....

" ဘာကိစ္စလဲ ? "

" တော်သေးတာပေါ့ မေ့နေပြီထင်တာ ကျွန်မ မနက်ဖြန် ကိုရီးယားကိုရောက်မှာ လာကြိုပေးလို့ရမလား ??

" ငါမအားဘူး ..."

Wonwoo ရဲ့ ခပ်ပြတ်ပြတ်လေသံတွေကို သဘောပေါက်သင့်နေပေမယ့် အရှက်မရှိစွာနဲ့ဘဲ သူပြောချင်တာကိုပြောနေသည်။

" ရပါတယ် ဒါဆိုလည်း ကိုယ့်ဟာကိုလာခဲ့မယ် စောင့်နေနော် "

" Seo Yujin ဒီကိုလာပြီး ဘာတွေမွှေအုန်းမလို့လဲကွာ "
_______________________________________

Ph vibrate ~ ~

" အင်း Wonwoo ပြော "

" Seo Yujin ပြန်လာတော့မယ်တဲ့ Hyung "

ချစ်ရသူနဲ့အတူစားနေတဲ့ ထမင်း၀ိုင်းမှာ မကြားချင်ဆုံးသော သူရဲ့နာမည်ကို Wonwoo ဆီက ကြားလိုက်ရသည်။ Seungcheol မျက်ခုံးတွေတွန့်ကျိုးသွားပြီး ဒေါသအရိပ်အယောင်က မျက်နှာတစ်ခုလုံးကို လွှမ်းမိုးလာသည်။

" သိပြီ Wonwoo "

ဖုန်းချပြီးနောက် အတန်ကြာတိတ်ဆိတ်နေမိသည်။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်တော့မလုပ်ပါနဲ့

" Wonu ဆက်တာလား ? ဘာဖြစ်လို့လဲ Cheol ? "

" ဟင် !! ဘာမှမဟုတ်ပါဘူး Hannie ရဲ့
Wonwoo က ဒီအတိုင်းဆက်တာပါ "

ပါးချိုင့်ရေးရေးလေးပေါ်နေတဲ့ ချစ်ရသူရဲ့ အပြုံးနဲ့တင် Hannie အရာအားလုံးကို စိတ်ချနိုင်သည်။ Cheol ရဲ့စကားဆို မျက်လွှာလေးချပြီး ယုံကြည်တတ်တဲ့ Hannie ဆီမှာ Cheol ရဲ့အကြည့်တွေမခွာနိုင်
ချစ်ရပါသောလူသားလေးကို အန္တရာယ်ပေးမယ့် ဘယ်သူ့ကိုမဆို Cheol ဒီအတိုင်းထားမှာမဟုတ် အခုတော့ ပိုလို့တောင် ဂရုစိုက်ရအုံးမည်။

Stay By My Side Where stories live. Discover now