" ကိုယ့်ကိုမချစ်တဲ့သူအတွက် အချိန်ကုန်မခံနဲ့ "

433 54 5
                                    

" Kim Mingyu အဲ့အမှုကို ဆက်မလိုက်နဲ့တော့လို့ ဘယ်နှစ်ခါပြောရမလဲ ?? မင်းလူလိုနားမလည်ဘူးလား ?? "

" အဲ့အမှုလိုက်တာဘာဖြစ်နေလို့လဲ ? အဖွဲ့မှုးတို့ကသာ နားမလည်တာ ဘာလဲ ဒီအမှုနောက်ကွယ်မှာ အဖွဲ့မှုးလည်းရှိနေတာလား ? "

" မင်း... မင်း... Kim Mingyu - - - "

" ဘာဘဲဖြစ်ဖြစ် ကျွန်တော်ဒီအမှုကို ဆက်လိုက်မှာမို့ တားဖို့မစဥ်းစားပါနဲ့ အကုန်လုံးမသိသလိုနေနေတဲ့ ဒီအမှုကို သေချာပေါက်ဖော်ထုတ်မှာမို့ အဲ့လိုဘဲသိထားပေးပါ "

တစ်ရုံးလုံးရဲဲ့အကြည့်တွေက အဖွဲ့မှုးနဲ့ရန်ဖြစ်ပြီးထွက်လာတဲ့ Mingyu ဆီမှာသာ စိတ်ကြီးတဲ့ Mingyu အကြောင်းကိုသိတာမို့ Seokmin ကတော့နောက်ကတိတ်တိတ်လေးလိုက်ပါလာသည်။

" ငါလုံး၀နားမလည်ဘူး။ တခြားအမှုတွေတောင်အဲ့လောက်မဟုတ်တာ ဒီအမှုကျမှဘာဖြစ်နေကြတာတုန်း "

" အဖွဲ့မှုးကမလုပ်စေချင်ဘူးဆိုတာ မင်းအတွက် အန္တရာယ်ဖြစ်မှာစိုးလို့နေမှာပေါ့ တကယ်တော့ ငါလည်းမလုပ်စေချင်ဘူး "

" ဘာ .. Lee Seokmin မင်းလည်းအတူတူဘဲလား ? ဟက် ကောင်းရော ...ရတယ် အဲ့လိုမလုပ်စေချင်တဲ့သူတွေများလေ Kim Mingyu တို့က ရအောင်လုပ်ချင်လေဘဲ "

ဘယ်လိုပြောပြောလက်ခံမှာမဟုတ်တဲ့ Mingyu ကြောင့် Seokmin အခက်တွေ့ရပြန်ပြီ။ အထက်လူကြီးတွေတားတယ်ဆိုတာကလည်း တခုခုရှိလို့ဖြစ်ရမယ်။ ၀င်မပါစေချင်ဘူးဆိုကတည်းက ကောင်းကောင်းဆိုးဆိုး မထိခိုက်စေချင်လို့နေမှာပေါ့ ဒါကို ဟိုကောင်စုတ်ကနားမလည်ဘူး။
မတတ်နိုင်တဲ့အဆုံး တစ်ယောက်သောသူကိုဘဲ အကူအညီတောင်းရတော့မယ်။

~ Ph vibrate ~

စိတ်ရှုပ်ရတဲ့အထဲ ဘယ်သူက ph ဆက်နေပြန်တာလဲကွာ ကျစ်...
ကြည့်လိုက်တော့ နံပါတ်ကစိမ်းနေတာမို့ စိတ်မရှည်တဲ့လေသံနဲ့ ခပ်ပြတ်ပြတ်ပြောပြီး ပြန်ချပစ်တာဘဲကောင်းမယ်။

" HELLO ! "

"............"

တစ်ဖက်ကဘာသံမှထွက်မလာ

" ဒီမှာ Ph ခေါ်ပြီးပြောရမယ်လေ "

" အာ... Mingyu... Hyung ပါ Wonwoo "

Stay By My Side Where stories live. Discover now