Jeonghan hyung ရဲ့တိုက်ခန်းကိိုရောက်သွားတော့ မျက်ရည်လည်ရွှဲ hyungရဲ့ ကူကယ်ရာမဲ့နေတဲ့မျက်လုံးတွေမှာ မျက်ရည်တွေကအပြည့်
" Hyung အဆင်ပြေရဲ့လား? Seungcheol hyung ရော ... "
" ရှိတယ်... အခန်းထဲမှာ ကယ်ပါဦး Wonwoo ရယ် အီးဟီး ~ ~ဟီး "
Wonwoo အခန်းထဲကိုရောက်သွားတော့ overdose ဖြစ်ပြီးသတိလစ်နေတဲ့ Seungcheol ကိုတွေ့ရသည်။ မျက်နှာတစ်ခုလုံးပြာနှမ်းနေပြီး ခပ်ဖြေးဖြေးသာအသက်ရှုတော့သည်။ Seungcheol hyung အတွက်လိုအပ်တာတွေလုပ်ပေးပြီးသော်လည်းစိတ်မချ
" ဒါတွေမလုပ်တော့ဘူးလို့ ပြောထားတယ်မလား hyung ရယ် ..."
" Jeonghan hyung! "အခုကတော့စိတ်ချလို့ရပါပြီ။ သိပ်စိတ်မပူနဲ့နော် Seungcheol က strong ဖြစ်တယ်မလား နော် "
Jeonghan hyung ရဲ့ပခုံးကိုခပ်တင်းတင်းလေးဆုပ်ကိုင်ရင်းအားပေးပြီးပြန်လာခဲ့သည်။ Jeonghan ကတော့ Seungcheol သက်သာတယ်ဆိုမှ သူလည်းအသက်ရှုနိုင်တော့သည်။ Seungcheol နဲ့ပက်သက်ရင်အသေးအဖွဲလေးကအစ စိုးရိမ်တတ်တဲ့သူကအခုလိုဆိုတော့ဘယ်လောက်စိတ်ပူသွားမလဲ
တကယ်ချစ်တဲ့သူတွေကျတော့လည်းတစ်ယောက်နာကျင်မှုကိုတစ်ယောက်မျှဝေခံစားပေးချင်ကြတာ
Wonwoo အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး
Cheol နဲ့ Hannie အကြောင်းကိုစဥ်းစားနေမိသည်။ Seungcheol က ကိုရီးယားရဲ့နာမည်ကြီး AX ဆေး၀ါး company ရဲ့ တစ်ဦးတည်းသောသား လိုတရပြီးဆိုးချင်တိုင်းဆိုးတဲ့သူ့ကို Yoon Jeonghan ဆိုတဲ့လူသားကသာထိန်းချုပ်နိုင်သည်။ အတိုက်အခံတွေအများကြီးကြားထဲကနေ မရရအောင်လက်ထပ်ခဲ့တဲ့သူတို့၂ယောက်ရဲ့ချစ်ခြင်းမေတ္တာကလူတိုင်းအားကျရလောက်အောင်ပင်
Jeonghanကိုမျက်နှာလေးတစ်ချက်တောင်အညှိုးမခံတဲ့ Seungcheol ကအခုတော့ Jeonghan ကိုမျက်ရည်ပိုးပိုးပေါက်ပေါက်ကျစေတဲ့အထိ ဘာကြောင့်များပါလိမ့်
နောက်နေ့ကျမှ Jeonghan hyung ကိုသေချမေးကြည့်အုံးမယ်
" ဟူး.."
သြော် မေ့တော့မလို Mingyu ကိုဒီတိုင်းထားခဲ့မိတာဘဲ ဒီကောင်လေးတော့စိတ်ဆိုးသွားအုံးမယ်နဲ့တူတယ် နောက်နေ့မှဘဲသေချာရှင်းပြတော့မယ်။
YOU ARE READING
Stay By My Side
ФанфикшнHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu
