တာ၀န်ခံဆရာ၀န်လဲပေးပြီးပြီးဆိုတော့ ဒီကလေးပျော်မှာပါ ။ ငယ်ငယ်ကတည်းကလိုတရ ဘ၀ကြီးမှာနေလာတဲ့ကလေးဘဲ အခုလည်းသူလိုချင်တာလေး လုပ်ပေးရမှာပေါ့ ။ဆေးရုံခန်းထဲတွင်
" Seokmin ah.. ငါပြောထားတဲ့အမှုတွဲ file တွေရပြီလား ရရင်ငါ့ဆီယူလာပေးအုံး"
" အမလေး....လေး ပြန်ကောင်းလာတာဖြင့်ဘယ်လောက်မှမရှိသေးဘူး ဇာတ်လမ်းကစပြီ နဲနဲပါးပါးနားစမ်းပါ အလုပ်ဆိုတာ မသေမချင်းလုပ်လို့ရတယ် "
" ဟ...အရေးကြီးလို့ပေါ့ကွ ဒီကောင်တွေကို ငါ့လက်နဲ့ကိုယ်တိုင်ဖမ်းမှာ .."
" အေး..ဖမ်း ဖမ်း အခုတောင်အနာကကျက်သေးတာမဟုတ်ဖူး ဆေးရုံကိုအိမ်လုပ်ချင်နေတာလား ? ဘာလဲ ဆရာ၀န်ချောချောလေးပြုစုတာခံချင်လို့လား "
" တိတ်စမ်း!! ဘာမှမဆိုင်ဘူး သူ့ကိုကြည့်လို့မရတဲ့ကြားထဲ ..တော်စမ်းပါ "
Mingyu နဲ့ Seokmin တို့ပြောနေတာကို အပြင်မှာရောက်နေတဲ့ Wonwoo ကသေချာကြားနေရသည်။ ထင်တဲ့အတိုင်းဘဲ ဒီကောင်လေးအတွက်သူကခုထိ စိတ်အနှောင့်အယှက်ဖြစ်နေတုန်းပါဘဲလား ..ဒါပေမဲ့ ပြောစရာရှိတာကိုတော့ပြောပြရအုန်းမှာပေါ့
" အဟမ်း ၀င်လာခဲ့မယ်နော်"
ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့မှဘဲ အခန်းထဲကိုခြေလှမ်းလိုက်တယ် သဘောကတော့သူတို့ပြောတာကိုအကုန်ကြားတယ်ဆိုပါတော့
Seokmin မျက်နှာမှာတော့အားနာတဲ့ပုံစံပေါက်နေပေမဲ့ ဟိုကောင်လေးကတော့လုံး၀ဘဲ ဂျစ်ကန်ကန်ပုံစံလေးခုထိမပျောက်သေးတာကိုက ချစ်စရာ" ဒီကလူနာဖြစ်စေချင်တဲ့အတိုင်း တာ၀န်ခံဆရာ၀န်လဲပေးပြီးပါပြီ။နောက်တစ်ပတ်မှစမှာပါ ။ လောလောဆယ်တော့ သူမလာသေးခင်ဆက်ပြီးတာ၀န်ယူပေးမလို့ဘဲ ဒါပေမဲ့ကြည့်မရဘူးဆိုတော့လည်း Nurse နဲ့ဘဲလွှဲပေးတော့မယ် ။ "
" ကောင်းတာပေါ့ ပိုတောင်ကောင်းသွားသေးတယ် "
တိတ်တိတ်လေးခနဲ့နေတဲ့Mingyu Dr ကိုပြောနေတာကိုကြည့်ပြီး ကြားထဲက Seokmin ကတော့မျက်နှာဘယ်နားထားရမှန်းမသိ ဒီဘုဂလန့်ကောင်က စကားကိုအပေါက်အလမ်းတည့်အောင် ဘယ်တော့မှမပြောတတ် အဲ့တာကြောင့် အထက်လူကြီးတွေနဲ့ ခဏခဏပြဿနာတက်တာ ဟူး ~ ~
YOU ARE READING
Stay By My Side
FanfictionHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu