" ဘာ !! ... Mingyu က မင်းကိုအဲ့လိုပြောတယ် Daebak !!.. အဲ့တော့ မင်းဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ "
" ဘာကိုဘယ်လိုလုပ်ရမှာလဲ သူမူးနေလို့ လျှောက်ပြောတဲ့ဟာကို "
" မထင်ဘူးနော် Jeon Wonwoo ဒီကောင်လေး မင်းကိုတအားကပ်တာ ညီလေးလိုပဲလို့ မင်းထင်နေတာလား ?? .....
ဘာဘဲဖြစ်ဖြစ် ငါကတော့ အားပေးတယ်
ပွင့်ပွင့်လင်းလင်းပေါ့
Mingyu အဲ့ကောင်လေးတော်တယ် "
ဟိုတစ်နေ့ညကကိစ္စနဲ့ ပတ်သက်ပြီးပြောပြရုံရှိသေး Hong Jisoo တို့ကတော့ အရောက်ကိုပို့နေတော့တာပဲ ဘာမှလည်းတိုင်ပင်လို့မရ အေးလေ ဘာဆိုဘာမှမသိတော့ ဘယ်မိန်းကလေးမှ သူ့မကြိုက်တာ ဆန်းသလား?
_______________________________________
Mingyu ကအခုတလောသူ့ဆီလည်း ph မဆက်ဘူး။ သူ ဖုန်းဆက်လည်းမကိုင်ဘူး
နေများမကောင်းလို့လား ?? ဆေးရုံမှာလည်းလာမတွေ့ဘူး။
အာ... ဟုတ်သားပဲ Seokmin ဆီကို ဆက်ကြည့်ရမယ်။ Mingyu ဆေးရုံတက်တုန်းက လိုရမယ်ရ ဖုန်းနံပါတ်တောင်းထားခဲ့တာ
" ဟဲလို.... Seokmin sshi ကျွန်တော် Jeon Wonwoo ပါ။ ဖုန်းပြောလို့ရရဲ့လား ?? "
" အော်... Dr.Jeon ပြောပါဗျ ရပါတယ် "
" ဟိုလေ Mingyu ဆီ ဖုန်းဆက်လို့မရလို့ပါ အဲ့တာ ဘာများဖြစ်နေလဲလို့ Seokmin sshi ဆီလှမ်းမေးတာပါ "
" အာ.. Kim Mingyu ဒီကောင်ကတော့ ပြောမနေပါနဲ့ ကျွန်တော့်ဖုန်းလည်း သူမကိုင်ဘူး ....
ဒါနဲ့ Dr.Jeon ဘာမှမသိဘူးလား ?? "
ဟန်မြစ်ဘေးမှာ တွေ့ပြီးတဲ့နေ့ကတည်းက သူတို့နှစ်ယောက် အဆက်အသွယ်ပြတ်နေတာ တစ်ပတ်လောက်ရှိတော့မယ်။ အခုလည်း အနီးကပ်ဆုံး သူငယ်ချင်း Seokmin ရဲ့ ဖုန်းကိုတောင်မကိုင်ဘူးဆိုပဲ ဒီကောင်လေးက တစ်ယောက်ထဲနေတော့ သူဘာတွေဖြစ်နေလဲ ဘယ်သူမှသိမှာမဟုတ်ဘူးလေ
" ကျွန်တော်တို့စကားမပြောဖြစ်တာ ၁ပတ်လောက်ရှိပြီဗျ သူဘာတွေဖြစ်နေလို့လဲ "
စိုးရိမ်စိတ်တွေများနေတဲ့ Wonwoo ရဲ့အသံကိုတော့ Seokmin သတိထားမိတယ်။ ဒါပေမဲ့ Mingyu ကဘာမှမပြောပြထားလို့ အများကြီးတော့ မတွေးဖြစ်
" ဘာဖြစ်ရမလဲဗျာ... အဲ့ လူဂွစာကောင်က အထက်ကလူကြီးတွေနဲ့ ပြဿနာတက်လို့လေ အခုတာ၀န်ကနေ ၃လလောက်ရပ်စဲခံထားရတယ် ...... ဟူး... "
YOU ARE READING
Stay By My Side
Fiksi PenggemarHyung ဘေးနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလို့ မင်းကို ငါ့ညီလေးလို့ပဲ ခေါ်ချင်တယ် Mingyu
